VPA လုပ်ငန်းစဉ်များ၏ လှုပ်ရှားမှုများ
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) လုပ်ငန်းစဉ်တွင် လုပ်ငန်းစဉ်များ စွာပါဝင်ပြီး တစ်ခုနှင့်တစ်ခု ထပ်နေခြင်းနှင့် အပြန်အလှန်ဆက်သွယ်နေခြင်းများ ရှိနေသည်။ ဤလုပ်ငန်း စဉ်များသည် EU၊ သစ်တင်ပို့သည့်နိုင်ငံနှင့် နှစ်ဦးနှစ်ဖက်ပါဝင်သော ဆွေးနွေးခြင်းများ အတွင်းရှိ နိုင်ငံရေးနှင့် အခြားဆက်စပ်မှုများ (Relationships) နှင့် တွန်းအားများ (Forces) ကို ပြသနေပါသည်။
ထို့ကြောင့် VPA လုပ်ငန်းစဉ်များသည် ရှုပ်ထွေးပြီး အချိန်ကြာကောင်းကြာနိုင်သည့်အပြင် နိုင်ငံတော် အဆင့် ရွေးကောက်ပွဲကဲ့သို့သော ကိစ္စရပ်များကြောင့်ဖြစ်လာသည့် အာဏာခွဲဝေသုံးစွဲခြင်းတွင် ပြောင်းလဲမှု များလည်းဖြစ်လေ့ရှိပါသည်။ VPA လုပ်ငန်းစဉ်ကို မည်သူတစ်ဦးတစ်ယောက်၊ ဌာနတစ်ခုတည်းက ချုပ်ကိုင်ထားခြင်းမရှိပါ။ ၎င်းအစား အကျိုးဆက်စပ်ပတ်သက်သူများအားလုံးက ပြဿနာများအတွက် အဖြေကိုအတူတကွ ရှာကြသောကြောင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများက VPA လုပ်ငန်းစဉ် ကို မောင်းနှင်ပါသည်။ ဤလုပ်ငန်းစဉ်များကို တရားဝင်နှင့် အလွတ်သဘော ဖွဲ့စည်းတည်ဆောက်မှုပုံစံများ အားလုံးက ထောက်ပံ့ထားသည်။
အမြင်။ John Hudson ၏ VPAs နှင့်ပတ်သက်ပြီး ဘာတွေ စိတ်လှုပ်ရှားဖို့ကောင်းသလဲ။
John Hudson သည် UK နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန၏ သစ်တောရေးရာ အကြီးတန်း အကြံပေး ဟောင်းဖြစ်သည်/ရင်းမြစ် - EU FLEGT Facility အင်တာဗျူး ၂ဝ၁၄
သစ်တင်ပို့သည့် နိုင်ငံတစ်ခုအတွင်း VPA ၏ လှုပ်ရှားမှု
VPA လုပ်ငန်းစဉ်ကို သက်ရောက်စေသော လှုပ်ရှားမှုများမှာ သစ်တင်ပို့သည့် နိုင်ငံအတွင်း အမျိုးသား နိုင်ငံရေးအခင်းအကျင်း၊ အကျိုးဆက်စပ်ပတ်သက်သူများ၏ အရေးပါမှုအဆင့်ဆင့်နှင့် ၎င်းအဖွဲ့များအကြား ဆက်ဆံရေးတို့ ကိုထင်ဟပ်စေသည်။
အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များအတွင်း နှင့် အကြား ဆက်စပ်မှုများ
အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များအကြား ခြားနားသည့်ဦးစားပေးမှုများသည် VPA အပေါ်ထား ရှိသည့် သဘောထားအမြင်နှင့် ညှိနှိုင်းဆွေးနွေးမှုတွင် နိုင်ငံတစ်နိုင်ငံသည် ဝင်ရောက်မည် သို့ မဝင်ရောက် မည်ဆိုသည့် အချက်အပေါ် အကျိုးသက်ရောက်စေပါသည် (“ခြားနားသောရည်မှန်းချက်များသည် အကျိုး ဆက်စပ်ပတ် သက်သူများကဖြစ်လာနိုင်သောVPAကို မည်ကဲ့သို့ရှုမြင်သည် ဆိုသည့်အချက်အပေါ် အကျိုး သက်ရောက် စေနိုင်ပါသည်” ဥပမာ
- အစိုးရအနေဖြင့် VPA အား သစ်တောကဏ္ဍတွင် ဥပဒေစိုးမိုးရေး၊ အခွန်တိုးလာမှု သို့မဟုတ် သစ်တော ရေရှည်တည်တံ့စေရေးကို ထောက်ပံ့ပေးနိုင်မည့် လက်နက်အဖြစ် မြင်နေနိုင်သည်
- သစ်တင်ပို့သူအနေဖြင့် VPA အား ၎င်း၏ ဈေးကွက်ချဲ့ထွင်ရေးနှင့် ဈေးပေါသော တရားမ၀င် သစ်ထုတ်ခြင်းဖြင့် မညီမျှသည့်ယှဉ်ပြိုင်မှုကို အဆုံးသတ်နိုင်မည့် လက်နက်ဖြစ် မြင်နေနိုင်သည်
- လူမှုအဖွဲ့အစည်းများအနေဖြင့် VPA အား အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး သို့မဟုတ် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ရည်မှန်းချက်ကို ရောက်ရှိနိုင်မည့် လက်နက်တစ်ခုအဖြစ် မြင်နေနိုသည်
မတူညီသောဦးစားပေးမှုများသည် အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များကို ဘုံသဘောတူညီချက်ရရန် အနည်းဆုံး အစပိုင်းတွင် ခက်ခဲတတ်ပါသည်။ အထူးသဖြင့် အတိတ်ကာလက လူမှုအဖွဲ့အစည်း၊ အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍများစသည့်အဖွဲ့များအချင်းချင်းအကြား အားနည်းပြီး မညီမျှသည့် ဆက်ဆံရေးများက တိုးတက်မှုကို ပိုမိုနှောင့်နှေးစေပါသည်။ သို့ရာတွင် ကိစ္စရပ်တော်တော်များများတွင် VPA လုပ်ငန်းစဉ်များ သည် နိုင်ငံရေးအာဏာဆက်စပ်မှုများနှင့် တွန်းအားများကို ပြန်လည်ထိန်းညှိနိုင်ခဲ့ပြီး၊ အဓိကအကျိုး ဆက်စပ်ပတ်သက်သည့်အဖွဲ့များအကြား အပြုသဘောဆောင်သောထိတွေ့ခြင်း ယဉ်ကျေးမှုကိုမြှင့်တင်နိုင် ခဲ့ပါသည်။
အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့တစ်ခုဆီအတွက် အဓိကအကျဆုံး စိန်ခေါ်မှုမှာ အခြားအဖွဲ့များမှ ၎င်း ၏ အမြင်နှင့်၎င်းသည်အန္တရာယ်ကိုဖြစ်ပေါ်စေခြင်းမရှိဟု နားလည်စေရန်ဖြစ်သည်။ တစ်ဖွဲ့ချင်းစီ၏ အမြင် များကို နားလည်ခြင်းသည် အကျိုးဆက်စပ်ပတ်သက်သည့် အဖွဲ့အစည်းများအားလုံး သဘောတူမည့် နည်းလမ်းကို တွေ့ရှိစေပြီး အားလုံးအကျိုးရှိစေမည့် အပြောင်းအလဲများ ကိုဖြစ်ပေါ်လာစေရန် ထောက်ကူပါသည်။ ဇွဲလုံ့လရှိခြင်း၊ ပွင့်လင်းစွာဆွေးနွေးညှိနှိုင်းခြင်းနှင့် ညှိနှိုင်းလိုစိတ်ရှိခြင်းသည် အောင်မြင်မှု အတွက် သော့ချက်ဖြစ် ပါသည်။
ဦးစားပေးမှုများသည် အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များအတွင်းတွင်ပင် ကွဲလွဲနေနိုင်သည်။ ဥပမာ ပုဂ္ဂလိကကဏ္ဍတွင် အသေးစားလုပ်ငန်းများနှင့် ကုမ္ပဏီကြီးများ၏ လိုအပ်ချက်မတူညီနိုင်ပါ။ လူမှု အဖွဲ့အစည်းများ အကြားအချို့က VPA မှ သက်ရောက်စေမည့်ကဏ္ဍများဖြစ်သည့် လူ့အခွင့်အရေး၊ ဆင်းရဲမွဲတေမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများစသည်တို့အပေါ်တွင် အာရုံစိုက်သော်လည်း အချို့က အာရုံစိုက်ခြင်း မရှိပါ။
အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များ အတွင်းနှင့်အကြား အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းမှုများသည် EU နှင့် နှစ်ဦးနှစ်ဖက်ပါဝင်သောVPAဆွေးနွေးခြင်းများတွင် နိုင်ငံ၏ရပ်တည်ချက်ကို အဆုံးအဖြတ် ပေးပါသည်။ အကျိုးဆက်စပ်ပတ်သက်သူများသည် ဘုံအကျိုးစီးပွားကို ဖော်ထုတ်သတ်မှတ်ပြီး ဤ အမျိုးသားအဆင့်လုပ်ငန်းစဉ်များမှ တစ်ဆင့်၎င်းတို့က VPAအနေဖြင့် ရရှိစေလိုသည်များနှင့် ပတ်သက် သည့် သဘောတူညီချက်ရအောင် လုပ်ဆောင်ကြသည်။
ရည်မှန်းချက်များ ကွဲပြားခြားနားခြင်းသည် ဖြစ်လာနိုင်သော VPA အပေါ် အကျိုးဆက်စပ်ပတ်သက်သူများ၏ အမြင်ကို ထိခိုက်စေနိုင်သည်
အကျိုးဆက်စပ်ပတ်သက်သူများ၏ ဦးစားပေးမှုများသည် အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများ အတွင်းတွင် ရောကြားတွင်ပါ ကွဲပြားနိုင်သည်။ ဥပမာ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီး ဌာနအကြား VPA မှ မည်သည်များပေးနိုင်မည်နည်းဆိုသည့် အချက်အပေါ်တွင်သဘော ကွဲလွဲနိုင် သည်။ အောက်ပါတို့သည်အဖွဲ့ဝင်တို့မှရည် ရွယ်ထားသည်များ ဖြစ်နိုင်သည်။
အစိုးရ | ပုဂ္ဂလိက ကဏ္ဍ | လူမှုအဖွဲ့အစည်း |
|
|
|
အစဉ်ပြောင်းလဲနေသော ဆက်စပ်မှုများနှင့်တွန်းအားများ
နှစ်ဦးနှစ်ဖက်ပါဝင်သောဆွေးနွေးပွဲများပြီးဆုံးပြီး သစ်ထုတ်လုပ်သည့်နိုင်ငံမှ သဘောတူထားသော စနစ်ကို အမှန်တကယ် အကောင်အထည်ဖော်သည့်အခါ VPA လုပ်ငန်းစဉ်၏ ဆက်စပ်မှုများနှင့် တွန်းအားများ သည် လည်းပြောင်းလဲသွားနိုင်ပါသည်။ VPA သည် ပုဂ္ဂလိကကဏ္ဍအပေါ်ကြီးစွာသော အကျိုးသက် ရောက်မှုကိုဖြစ် ပေါ်စေသည်။ ဆိုလိုသည်မှာ ပုဂ္ဂလိကကဏ္ဍနှင့် ဆက်ဆံရေးသည် ပိုပြီးထဲထဲဝင်ဝင်ရှိ တတ်သည်။
သို့ရာတွင် အကောင်အထည်ဖော်စဉ်အတွင်းတွင်ပင် စိန်ခေါ်မှုအသစ်များ ပေါ်လာနိုင်သည်။ အရှိန်အဟုန် လျော့ကျ ခြင်း သို့မဟုတ် အလွှာစုံပါဝင်မှုလည်း အားနည်းလာနိုင်သည်။ အရှိန်အဟုန် လျော့ကျ ခြင်း သို့မဟုတ် အလွှာစုံပါဝင်မှုလည်း အားနည်းလာနိုင်သည်။ ဥပမာ ယနေ့အချိန်ထိ VPA လုပ်ငန်းစဉ်များအတွင်း လူမှုအဖွဲ့အစည်းများသည် ဆွေးနွေးပွဲအဆင့်များတွင် ကြီးစွာသော အားထုတ်မှု မျိုးကို ပြုလုပ်ခဲ့ကြသည်။ VPA လုပ်ငန်းစဉ်အား အကောင်အထည်ဖော်သည့်အဆင့်သို့ ကူးပြောင်းသည့် အချိန်တွင်မူ ၎င်းအားထုတ်မှုများ လျော့လာ နိုင်သည်။ သို့ရာတွင် အတွေ့အကြုံများက အကျိုးဆက်စပ် ပတ်သက်သူများအားလုံးသည် VPA အကောင်အထည် ဖော်ရာတွင် တာဝန်များ ခွဲဝေယူပြီး လုပ်ဆောင်ပါ က တိုးတက် မှုပိုမိုမြန်ဆန်ပါသည်ဟုပြသပါသည်။
အစိုးရများသည် အရင်းခံအုပ်ချုပ်ရေးစနစ်ဆိုင်ရာ ကိစ္စရပ်များထက် VPA ၏ ကုန်သွယ်ရေးကဏ္ဍများ အပေါ်တွင်သာအလေးထားသည်ကို မကြာခဏတွေ့ရသည်။ ၎င်းတို့သည် VPA အကောင်အထည်ဖော် ခြင်းကိုဖြစ်ပေါ်နေသော နိုင်ငံရေးလုပ်ငန်းစဉ်ထက်ဖွံဖြိုးတိုးတက်ရေး စီမံကိန်းတစ်ခုကဲ့သို့သာ သဘော ထားကောင်း ထားနိုင်ပါသည်။ VPA ၏ ရှုပ်ထွေးမှုနှင့် အကောင်အထည်ဖော်စဉ် ကြုံတွေ့ရနိုင်သည့် အခက်အခဲများ သည် VPA စနစ်များ ထိထိရောက် ရောက်အသက်ဝင်လာစေရန် ကြိုးပမ်းရာတွင် အတား အဆီးများ ဖြစ်လာစေသည်။ အကယ်၍ အကျိုးဆက်စပ် ပတ်သက်သူများအားလုံးသည် VPA အား ၎င်း တို့တွင်ရှိသည့် ပြဿနာများအားလုံးအတွက် အဖြေဟုယူဆလျှင်လည်း အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည်။
အကောင်အထည်ဖော်ရာတွင် နောက်ထပ် စိုးရိမ်စရာရှိသည့်အချက်မှာ မိတ်ဖက်နိုင်ငံအနေဖြင့် သစ်တောပြန်းတီးခြင်းနှင့်အတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွင့်မှုလျော့ချခြင်း (REDD++) သို့မဟုတ် ဥပဒေပြုပြင်ပြောင်းလဲရေးအစီအစဉ်များစသည့် ပြင်ပမှ ထောက်ပံ့ကြေး အမြောက်အမြားရနိုင်သော သို့မဟုတ် နိုင်ငံရေးစကားဝိုင်း အသာစီးရနိုင်သော အခြေအနေများသို့ စိတ်ပြောင်းသွားနိုင်သည့် အချက်ဖြစ်ပါသည်။
ဤ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အစိုးရမှ။ ။
- VPA လုပ်ငန်းစဉ်အား ဆွေးနွေးညှိနှိုင်းစဉ်ကာလတွင် အသုံးပြုသည့် အကျိုးဆက် စပ်ပတ်သက်သူများပါဝင် ဆွေးနွေးတိုင်ပင်သည့်လုပ်ထုံးလုပ်နည်း (သို့)နည်းလမ်းများကို လက်တွေ့အကောင်အထည်ဖော်ခြင်း အဆင့်တွင် လိုအပ်သလို ညှိနှိုင်းနိုင်ပါသည်
- အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များကြား တာ၀န်နှင့် လုပ်ဆောင်ရမည့်အချက်များကို သတ်မှတ်ခြင်းနှင့် ပြန်လည် ဖွဲ့စည်းခြင်းများ ပြုလုပ်နိုင်သည်
- အကောင်အထည်ဖော်သည့်အပိုင်းတွင် အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့တိုင်းကို ၎င်းတို့နှင့် သက်ဆိုင်သည့်အပိုင်းတွင် ပါ၀င်ခွင့်ကို ပေးနိုင်သည်
- အစိုးရ အေဂျင်စီများနှင့် လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါ၀င်စေရန် သေချာစေနိုင်သည်
- အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲရေးကိုကျော်၍ နည်းပညာရှုထောင့်များကိုဦးစားပေးမည့်အစား VPA နောက်ဆက်တွဲများကိုအကောင်အထည်ဖော်ရန် မျှတသောချဉ်းကပ်မှု ကိုင်တွယ်နိုင်သည်။
- အကျိုးဆက်စပ်ပတ်သက်သူများအားလုံးကို လုပ်ငန်းစဉ် တိုးတက်မှုနှုန်းနှင့်ပတ်သက်ပြီး ထိထိရောက်ရောက် ဆက်သွယ်နိုင်သည်
အမျိုးသား နိုင်ငံရေးဖြစ်စဉ်နှင့် လှုပ်ရှားမှုတွင် နိုင်ငံတကာမှ လွှမ်းမိုးမှုများ
သစ်တင်ပို့သည့်နိုင်ငံများရှိ VPA လုပ်ငန်းစဉ်များအပေါ်တွင် နိုင်ငံတကာအကြောင်းရင်းများက လွှမ်းမိုးနေနိုင် သည်။ ၎င်းအကြောင်းရင်းများမှာ
- သစ်နှင့် သစ်ထွက်ပစ္စည်းများအပေါ်တွင် ဝယ်ယူသူများ၏ ဈေးကွက်လိုအပ်မှုပြောင်းလဲခြင်း
- တရုတ်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား အစရှိသော EU မဟုတ်သည့် နိုင်ငံများမှ ဈေးကွက်၀ယ်လိုအားကြောင့် နိုင်ငံတကာဈေးကွက်ပြောင်းလဲခြင်း
- ရာသီဥတုပြောင်းလဲခြင်းကို ကန့်သတ်ရန် ကမ္ဘာလုံးဆိုင်ရာကြိုးစားအားထုတ်မှုအဖြစ် တိုင်းပြည်များကို သစ်တောများအား ပိုမိုကာကွယ်ပေးရန် ဖိအားပေးခြင်း
- တရားမ၀င်သစ်ခုတ်ခြင်းကြောင့် လူမှုရေးနှင့် ပတ်၀န်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအကြောင်း အကျိုးဆွယ်အဖွဲ့အစည်းများမှ အစီရင်ခံစာများရယူခြင်း
ဥရောပသမဂ္ဂရှိ VPA လှုပ်ရှားမှု
၂ဝဝ၃ FLEGTလုပ်ငန်းစီမံချက်သည် တရားမဝင်သစ်ခုတ်ခြင်းမှ အန္တရာယ်ရှိသောသက်ရောက်မှုများနှင့် ပတ်သက် ၍ တိုးပွားလာသည့်စိုးရိမ်ပူပန်မှုများကို EU မှ တုန့်ပြန်ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂမှ အကျိုးဆက်စပ်ပတ်သက်သူများ ဖြစ်ကြသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍနှင့် EU အဖွဲ့ဝင်နိုင်ငံအချို့မှ ထိုသို့ဆောင်ရွက်ရန် ဖိအားပေးခြင်းဖြစ်သည်။ ၁၉၉ဝနှောင်းပိုင်း နှင့် ၂ဝဝဝ အစောပိုင်း ပြည့်နှစ်များဆီက အာရှနှင့်အာဖရိကရှိဒေသတွင်း အစည်းအဝေးများနှင့် စက်မှုဖွံ့ဖြိုး ပြီးသည့် (၈) နိုင်ငံအဖွဲ့ နိုင်ငံရေးစကားဝိုင်းများတွင်လည်း အလားတူဖိအားများရှိလာသည်။
EU အတွင်းရှိ အကျိုးဆက်စပ်ပတ်သက်သူ၏ရည်ရွယ်ချက်များနှင့် အဆိုပါ နိုင်ငံရေးစကားဝိုင်းများ ပေါင်းစပ်ပြီး EU FLEGT လုပ်ငန်းလျာထားချက်ဟူ၍ ဖြစ်လာသည်။
EU FLEGT လုပ်ငန်းစီမံချက်အရ EU နှင့် EU အဖွဲ့ဝင်နိုင်ငံများသည် သစ်တင်ပို့သောနိုင်ငံများနှင့် နှစ်ဦး နှစ်ဖက်ဆွေးနွေးညှိနှိုင်းပွဲများ အတွက် ဘောင်တစ်ခုကို ရေးဆွဲခဲ့ကြသည်။ ဥရောပသမဂ္ဂမှ အကျိုးဆက်စပ် ပတ်သက်သူများသည် VPAs နှင့်ပတ်သက်ပြီး ၎င်းတို့၏ လိုလားချက်များကို EU အဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပ ပါလီမန်တို့တွင် ဆွေးနွေးရာတွင် ရှင်းရှင်းလင်းလင်းတင်ပြနိုင်ခဲ့သည်။ ဤဆွေးနွေးပွဲများသည် ၂ဝဝ၅ EU FLEGT စည်းမျဉ်း နှင့် ဥရောပသမဂ္ဂကောင်စီမှ ညွှန်ကြားချက်များကို ဥရောပကော်မရှင်သို့ အကြောင်းကြားခဲ့ပြီး VPAs ဖြစ်ပေါ်လာရန် လမ်းညွှန်မှုများပေးခဲ့သည်။
အတိုချုံးရှင်းပြမှုအစီအစဉ်များ၊ အကျိုးဆက်စပ်ပတ်သက်သူများ သွားရောက်လည်ပတ်ခြင်းနှင့် EU ပါလီမန်အတွင်း မဲဆွယ်စည်းရုံးခြင်းများသည် VPA လုပ်ငန်းစဉ်တွင် ဥရောပသမဂ္ဂမှ အကျိုး ဆက်စပ် ပတ်သက်သူများ၏ မျှော်မှန်းချက်များကို ထပ်မံပေါင်းစပ်ခဲ့သည်။ သာဓကအနေဖြင့် အတိုချုံးရှင်းပြမှု အစီအစဉ်များသည် ကနဦး VPA ဆွေးနွေးညှိနှိုင်းသည့်အချိန်အတွင်း အထူးသဖြင့် ကင်မရွန်း၊ ဂါနာ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့နှင့် ဆွေးနွေးညှိနှိုင်းစဉ်ကာလတစ်လျောက်လုံး ဥရောပသမဂ္ဂအကျိုး ဆက်စပ်ပတ်သက်သူများကို ၎င်းတို့၏စိုးရိမ်မှုများနှင့်မျှော်မှန်းချက် များကို ရှင်းရှင်းလင်းလင်းပြောဆိုနိုင် ရန်ထောက်ကူပါသည်။
VPA ဆွေးနွေးညှိနှိုင်းစဉ်အချိန်အတွင်း ဥရောပကော်မရှင်သည် ဥရောပသမဂ္ဂမှ အကျိုးဆက်စပ် ပတ်သက်သူများကို ဖြစ်စဉ်တိုးတက်မှုများနှင့် ပတ်သက်၍ သတင်းပေးခြင်းနှင့် EU ဆွေးနွေးညှိနှိုင်းရေး အဖွဲ့အတွင်း EU အဖွဲ့ဝင်နိုင်ငံများကိုပါဝင်စေရန် ဖိတ်ခေါ်ခြင်းများပြုလုပ်ခဲ့သည် VPA ဆွေးနွေးညှိနှိုင်း ခြင်းများပြီးဆုံးပြီး အကောင်အထည်ဖော်သည့်အဆင့်များ စတင်သည့်အချိန်တွင် ဆက်စပ်မှုများနှင့် တွန်းအားများသည်လည်း ပြောင်းလဲသွားသည်။ အဆိုပါဖြစ်စဉ်ပေါ်ပေါက်လာသောအခါ Brussels ရှိ EC သည် VPA အတွက် တာဝန် ဝတ္တရားများကို မိတ်ဖက်နိုင်ငံရှိ EU ကိုယ်စားလှယ်အဖွဲ့သို့ လွှဲပြောင်းပေး လိုက်သည်။
VPA မိတ်ဖက်နိုင်ငံမှ အကောင်အထည်ဖော်ခြင်းကို ဆောင်ရွက်နေစဉ်တွင် EU နှင့်၊ သို့မဟုတ် EU အဖွဲ့ဝင်နိုင်ငံများမှ စနစ်များအားအဆင့် မြှင့်တင်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းများ လက်ခံဆောင်ရွက်နိုင် ရန် ထောက်ပံ့ပေးနိုင်သည်။ EUသည်မိတ်ဖက်နိုင်ငံများအား VPA ကို ပိုမိုကျယ်ပြန့်သော နိုင်ငံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များနှင့် ချိတ်ဆက်ရန်နှင့် အကောင်အထည်ဖော်ခြင်းအဆင့်တွင် အကျိုး ဆက်စပ်ပတ်သက်သူများကို ဆက် လက်ပါဝင်နေ ရေးသေချာစေရန်အားပေးတိုက်တွန်းပါသည်။
VPA လုပ်ငန်းစဉ်တစ်လျှောက် EC သည် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍမှအဖွဲ့များနှင့် ဥရောပပါလီမန်တို့ပါဝင်သည့် ဥရောပသမဂ္ဂမှ အကျိုးဆက်စပ်ပတ်သက်သူများမှ စုံစမ်းစစ်ဆေးခံကြရသည်။
နောက်ထပ်သတင်းအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
အမျိုးသားအဆင့် အကျိုးဆက်စပ်ပတ်သက်သူများ
ဥရောပသမဂ္ဂအကျိုးဆက်စပ်ပတ်သက်သူများ
VPA ဖွဲ့စည်းတည်ဆောက်ပုံများ