Print Friendly and PDF


FLEGT လိုင်စင်ရသစ်တင်သွင်းမှုအပေါ် EU လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့် VPA နောက်ဆက်တွဲ

FLEGT လိုင်စင်ရရှိထားသည့်သစ်ထွက်ပစ္စည်းများ တင်သွင်းမှုအတွက် EU ၏ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်သည့်နောက်ဆက်တွဲသည် ၂ဝဝ၅ ခုနှစ်တွင်ရေးဆွဲသည့် EU သစ်တောဥပဒေ အကျိုးသက် ရောက်ရေး၊ အုပ်ချုပ်ရေးစနစ်နှင့်ကုန်သွယ်ရေး (FLEGT) စည်းမျဉ်း အပေါ်တွင်အခြေခံထားသဖြင့် ဆန္ဒအလျောက်မိတ်ဖက် အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက်(VPAs) များအကြား အနည်းငယ် ကွဲလွဲသည်။ ဤနောက်ဆက်တွဲသည် EU နယ်နိမိတ်ထိန်းချုပ်ရေး အစီအမံများကိုရှင်းပြပြီး VPA မိတ်ဖက်နိုင်ငံ မှ တင်ပို့လိုက်သည့် FLEGT လိုင်စင်သစ်နှင့် သစ်ထွက်ပစ္စည်းများ ရောက်လာသည့်အခါ EU အဖွဲ့ဝင်နိုင်ငံများမှ အာဏာပိုင်များ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို ဖော်ပြထားသည်။

ထိန်းချုပ်ရေးအစီအမံများနှင့်လုပ်ထုံးလုပ်နည်းများကို ၂ဝဝ၅ EU FLEGT စည်းမျဉ်းနှင့် ၂ဝဝ၈ စည်းမျဉ်းများကို အကောင်ထည်ဖော်ခြင်းတွင် ထည့်သွင်းထားပါသည်။ ဤစည်းမျဉ်းစည်းကမ်းများအရ VPA နိုင်ငံတစ်နိုင်ငံသည် FLEGT လိုင်စင်ပေးခြင်းကိုစတင်သည်နှင့် EU အဖွဲ့ဝင်နိုင်ငံများ တွင်သတ်မှတ်ထားသည့် လုပ်ငန်းကျွမ်းကျင်သော အာဏာပိုင်များသည် VPA မိတ်ဖက်နိုင်ငံမှတင်ပို့လိုက် သည့်သစ်များတွင် တရားဝင် FLEGT လိုင်စင် ရှိ၊ မရှိကို စစ်ဆေးရမည်။

FLEGT လိုင်စင်ရရှိထားသည့်သစ်များ တင်သွင်းမှုအပေါ် EU ၏ လုပ်ငန်းစဉ်များ၏ VPA နောက်ဆက်တွဲတွင် စစ်ဆေးခြင်း ၂ မျိုးကို ရှင်းပြထားသည်။ ၎င်းတို့မှာ။ ။

  • လိုင်စင်များတွင် မှန်ကန်သော ပုံစံ၊ နေ့စွဲနှင့် ပါ၀င်သည့်အကြောင်းအရာများဖြစ်စေရန် အထောက်အထားခိုင်လုံမှု စစ်ဆေးခြင်း
  • EU အဖွဲ့၀င်နိုင်ငံများ၏ အခွန်အရာရှိများ၏ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း တင်ပို့ပစ္စည်းများသည် ပူးတွဲပါလိုင်စင်နှင့် ကိုက်ညီမှုရှိမရှိ ကုန်ပစ္စည်းအားစစ်ဆေးခြင်း

နောက်ထပ်သတင်းအချက်အလက်