Print Friendly and PDF


EU VPA ဖွဲ့စည်းပုံများ

VPAဆိုင်ရာ ကိုးကားစရာများ၏ ဥရောပသမဂ္ဂအကျိုးဆက်စပ်ပတ်သက်သူများ နှင့်ပတ်သက်သည့် အခန်းတွင် ဥရောပသမဂ္ဂကောင်စီ၊ ဥရောပပါလီမန်၊ ဥရောပကော်မရှင် နှင့် ဥရောပသမဂ္ဂကိုယ် စားလှယ်များကဲ့သို့သော EU အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများကို ဖော်ပြထားပါသည်။ ၎င်းအဖွဲ့အစည်းများ အပြင် ဆန္ဒအလျောက်မိတ်ဖက် အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) တွင်ဖော်ပြထားသည့် သီးသန့် အခန်းကဏ္ဍတာ၀န်ရှိသည့်အခြား ဖွဲ့စည်းပုံ တည်ဆောက်ပုံများတွင် အောက်ပါတို့ပါဝင်ပါသည်။

FLEGT ကော်မတီ

FLEGT ကော်မတီသည် EU မူဝါဒများကို EU သစ်တောဥပဒေအကျိုးသက်ရောက်ရေး၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်သွယ်ရေး (FLEGT) လုပ်ငန်းစီမံချက်အရညှိနှိုင်းဆောင်ရွက်သည်။ ဥရောပ ကော်မရှင်က ကော်မတီ၏ ဥက္ကဌအဖြစ်တာ၀န် ယူသည်။ အဖွဲ့၀င်များသည် EU အဖွဲ့၀င်နိုင်ငံတစ်ခုစီကို ကိုယ်စားပြုသည်။Members represent each of the EU member states.

EU ဆွေးနွေးညှိနှိုင်းရေးအဖွဲ့များ

အဓိက ဦးဆောင်ဆွေးနွေးမည့်သူ နှင့် VPA ဆက်သွယ်ဆောင်ရွက်သည့်အရာရှိ တို့က ကိုယ်စားပြုသည့် ဥရောပကော်မရှင်သည် EU ကိုယ်စား VPAs များကိုဆွေးနွေးညှိနှိုင်းသည်။ ယနေ့အထိ အာရှတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲများကို ဥရောပကော်မရှင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ခဲ့သည်။ အာဖရိ၊ တောင်နှင့် အလယ်ပိုင်းအမေရိကတွင်ကျင်းပခဲ့သော ဆွေးနွေးပွဲများကို ဥရောပကော်မရှင် ဖွံဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးညွှန်ကြားရေးမှူးချုပ်က ဦးဆောင်သည်။

EU အဖွဲ့၀င်နိုင်ငံများ၏ ကိုယ်စားလှယ်များ၊ EU ကိုယ်စားလှယ်၊ ဘရပ်ဆဲလ်ရှိ ဥရောပကော်မရှင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် EU FLEGT Facility မှ ကျွမ်းကျင်ပညာရှင်များသည် EU ဆွေးနွေးညှိနှိုင်း သည့်အဖွဲ့ကို အကူအညီပေးသည်။ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့သည် ဥရောပသမဂ္ဂတွင်ပါ၀င်သည့် ဥရောပသမဂ္ဂ အကျိုးဆက်စပ်ပတ်သက်သူများ၊ FLEGT ဦးဆောင်ဆွေးနွေးသူများနှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်သည်။ ဆွေးနွေးပွဲများတွင် နှစ်ဖက်လုံးကိုကူညီပေးသည့် FLEGT ဦးဆောင်ဆွေးနွေး သူတွင် ကြားနေအခန်း ကဏ္ဍရှိပြီး VPA ၏အကျိုးအတွက်သာလုပ်ငန်းများဆောင်ရွက်သည်။

EU ဆွေးနွေးသူများသည် နိုင်ငံအတွင်းမှပညာရှင်များနှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီး EU၊ EU အဖွဲ့၀င်နိုင်ငံများနှင့် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့်အခြား အလှူရှင်များမှ ရန်ပုံငွေထောက်ပံ့သည့် စီမံကိန်းများကဲ့သို့သော စီမံကိန်းများနှင့်လည်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ပါ သည်။

ကျွမ်းကျင်သော အာဏာပိုင်များ

ကျွမ်းကျင်သောအာဏာပိုင်များသည် EU အဖွဲ့၀င်နိုင်ငံများမှ FLEGT လိုင်စင်ရယူခြင်း၊ လက်ခံခြင်းနှင့် စစ်ဆေးအတည်ပြုခြင်းများလုပ်ရန် သတ်မှတ်ထားသည့်အာဏာပိုင်များဖြစ်သည်။ အချို့ EUအဖွဲ့၀င်နိုင်ငံ များတွင်ကျွမ်းကျင်သောအာဏာပိုင်များသည် အကောက်ခွန် သို့မဟုတ် နယ်စပ်ထိန်းချုပ်ရေးအတွက် တာ၀န် ရှိသော အခြားအာဏာပိုင်များဖြစ်ကြသည်။ အခြားEU အဖွဲ့၀င်နိုင်ငံများသည် ဤလုပ်ငန်းတာ၀န် ကို အခြား အစိုးရ၀န်ဆောင်မှုများကို တာ၀န်ပေးသည်။

နောက်ထပ် သတင်းအချက်အလက်

VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ

ဥရောပသမဂ္ဂအကျိုးဆက်စပ်ပတ်သက်သူများ

ပြင်ပအဆက်အသွယ်များ

Nominated Competent Authorities for implementation of the Regulation EU 2173/2005 (FLEGT Regulation) [PDF ဒေါင်းလုဒ်ရန်]