Print Friendly and PDF


FLEGT လိုင်စင်များ၏ VPA နောက်ဆက်တွဲ

FLEGT လိုင်စင်များနှင့်ပတ်သက်သည့်နောက်ဆက်တွဲများသည် ဆန္ဒအလျောက်မိတ်ဖက် အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက် (VPAs) များအကြား အနည်းငယ် ကွဲလွဲမှုရှိသည်။ နောက်ဆက်တွဲမှ ရှင်းလင်းထားသည်မှာ

လိုင်စင်ထုတ်ပေးခြင်းအတွက်သတ်မှတ်ချက်များ။ FLEGT လိုင်စင်ထုတ်ပေးခြင်းနှင့်ပတ်သက်သည့် နောက်ဆက်တွဲသည် VPA မိတ်ဖက်နိုင်ငံမှကုမ္ပဏီများအနေဖြင့် EU သို့တင်ပို့မည့်တရားဝင်သစ်နှင့် သစ်ထွက်ပစ္စည်းများကိုတင်ပို့ရာတွင်အတူတွဲပါရန် FLEGT လိုင်စင်ကိုမည်ကဲ့သို့လျှောက်ထားရမည်ကို ဖော်ပြထားသည်။ နောက်ဆက်တွဲသည်လျှောက်ထားသူ၏တောင်းဆိုမှုကို မည်သို့အကဲဖြတ်မည်ဆိုသည့် အချက် နှင့် မည်သည့်တာဝန်ရှိပုဂ္ဂိုလ်မှ FLEGT လိုင်စင်ကို ထုတ်ပေးမည်တို့ကို ရှင်းပြထားသည်။

FLEGT လိုင်စင်များနှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များ။ ဤနောက်ဆက်တွဲသည် လိုင်စင်များကို စာရွက် သို့မဟုတ် အီလက်ထရောနစ်စာရွက်စာတမ်း နှစ်ခုအနက် တစ်ခုခုဖြင့် ထုတ်ပေးမည်၊ လိုင်စင်များမည်သည့်အချိန်တွင်တရားဝင်လာသည်၊ မည်သည့်အချိန်အထိ တရားဝင်မည် နှင့် လိုင်စင်တွင် အသုံးပြုမည့်ဘာသာစကားများကဲ့သို့သော FLEGT လိုင်စင်များဆိုင်ရာ နည်းပညာရှုထောင့်များကို ရှင်းပြထားပါသည်။

လိုင်စင်တရားဝင်မှု နှင့်ပတ်သက်၍ သံသယများအား မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ FLEGT လိုင်စင် နှင့် ပတ်သက်သည့်နောက်ဆက်တွဲသည် FLEGT လိုင်စင် ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ ပျက်စီးခြင်း သို့မဟုတ် အတုပြုလုပ်ခြင်းဖြစ်ပေါ်ခဲ့လျှင် EU နှင့် VPA မိတ်ဖက်နိုင်ငံရှိအာဏာပိုင်များမှ မည်သည် တို့ကိုဆောင်ရွက်မည် ဆိုသည်ကို ရှင်းပြထားသည်။

FLEGT လိုင်စင်သည့် မည်သည့်ပုံစံဖြင့်ရှိပါသနည်း။ VPA နိုင်ငံများသည် FLEGT လိုင်စင်အတွက် ဘုံပုံစံကို အသုံးပြုရန် EU မှ သတ်မှတ်ထားသည်။ သို့မှသာ EU အဖွဲ့ဝင်နိုင်ငံများရှိ အရည်အချင်း ပြည့်ဝသောအာဏာ ပိုင်များသည်လိုအပ်သည့် သတင်းအချက် အလက်အတွက် လိုင်စင်များကို အလွယ် တကူစစ်ဆေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် FLEGT လိုင်စင်နှင့်ပတ်သက်သည့် VPA နောက်ဆက်တွဲ တွင် လိုင်စင်များအတွက်နမူနာပုံစံပါရှိ သည်။ အချို့နိုင်ငံများသည် စာရွက်လိုင်စင် ထက်အီလက်ထ ရောနစ် လိုင်စင်ထုတ်ပေးခြင်းကို လေ့လာဖော်ထုတ်နေကြသည်။