Print Friendly and PDF


စတင်လုပ်ကိုင်ဆောင်ရွက်ခြင်း အချိန်ဇယား၏ VPA နောက်ဆက်တွဲ

ယနေ့အထိ ချုပ်ဆိုပြီးသမျှ ဆန္ဒအလျောက် မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPAs) များတွင် အကောင်အထည်ဖော်ခြင်း အစီအစဉ်နှင့်ပတ်သက်သည့် နောက်ဆက်တွဲတစ်ခုပါဝင်သည်။ ၎င်းအစီအစဉ်သည် ဆွေးနွေးခြင်းများပြီးဆုံး၍အကောင်အထည်ဖော်ခြင်းစတင်ရန် အဖွဲ့ဝင်များသဘောတူ ထားသည့်လုပ်ဆောင်ချက် များအတွက် အကြံပြုအစီအစဉ်နှင့် အချိန်ဇယားကိုအကြမ်းဖျင်းဖော်ပြ ထားပါ သည်။ လုပ်ဆောင်ချက်များတွင် အောက်ပါတို့ပါဝင်ပါသည်။ ။

အကောင်အထည်ဖော်ခြင်းအစီအစဉ်နှင့်ပတ်သက်သည့် နောက်ဆက်တွဲက VPA အဖွဲ့ဝင်များအား နောက်အဆင့်များကိုဖော်ထုတ်ရန်နှင့်် လုပ်ငန်းနယ်ပယ်များကို ဦးစားပေးသတ်မှတ်ရန်ထောက်ကူပါသည်။ နောက်ဆက်တွဲသည် VPA ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီအား လုပ်ငန်းစီမံချက်နှင့် စောင့်ကြည့်စစ်ဆေးခြင်း တိုးတက်မှုကို ဖန်တီးရန်အတွက် အခြေခံကိုလည်းပေးသည်။

အင်ဒိုနီးရှားကဲ့သို့ အကောင်အထည်ဖော်သည့် အစီအစဉ် နှင့်ပတ်သက်သည့် VPA နောက်ဆက်တွဲ မပါသည့် မိတ်ဖက်နိုင်ငံများသည် အစီအစဉ်တစ်ရပ်ကို ပြင်ဆင်ရန်လိုအပ်သည်။ အင်ဒိုနီးရှားနှင့် EU သည် ပူးတွဲ လုပ်ဆောင်ချက်အစီအစဉ်အဖြစ် VPA အကောင်အထည်ဖော်သည့်အချိန်တွင် အစီအစဉ်တစ်ခု ကို ရေးဆွဲခဲ့ကြသည်။

အကောင်အထည်ဖော်ခြင်း အစီအစဉ်နှင့်ပတ်သက်သည့်နောက်ဆက်တွဲများသည် အဖွဲ့များမှ FLEGT လိုင်စင်ပေးခြင်းကို မည်သည့်အချိန်တွင် စတင်နိုင်ရန်မျှော်လင့်ထားသည်ကို ဖော်ပြပေးသည်။ သို့ရာတွင် ယနေ့အထိ ချုပ်ဆိုပြီးသမျှ VPAs များအတွက် FLEGT လိုင်စင် ထုတ်ပေးခြင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်း ထားသောအချိန်ဇယားများသည် အကောင်းမြင်လွန်း ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ အတွေ့အကြုံက ထိရောက်သော တရားဝင်ဖြစ်ကြောင်း အာမခံသည့် စနစ်များ ဖန်တီးသည့် ပိုမိုရှုပ်ထွေးသည့်လုပ်ငန်းတာဝန်သည် VPA ဆွေနွေးညှိနှိုင်းသူများ ကြိုတင်မျှော်မှန်းထား သည်ထက် အချိန် ပိုကြာနိုင်သည်ကိုပြနေပါသည်။

နောက်ထပ်သတင်းအချက်အလက်

VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ

VPA စာသားနှင့် နောက်ဆက်တွဲများ

VPA လုပ်ငန်းစဉ်၏ အကောင်အထည်ဖော်ခြင်းအဆင့်

ပြင်ပအဆက်အသွယ်များ

Indonesia-EU Action Plan on Advancement of VPA Implementation [PDF ဒေါင်းလုဒ်ရန်]