Print Friendly and PDF


VPA လုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်းအဆင့်

အကောင်အထည်ဖော်သည့်အဆင့်တွင်ပါဝင်သည့်အဖွဲ့များသည်စနစ်များ၊ ဌာနများ၊ စွမ်းဆောင်ရည်များ၊ ဥပဒေရေးရာဘောင်များနှင့် အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲရေးများကို ဆန္ဒအလျောက်မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက် (VPA) တွင် သဘောတူထား သည့်အတိုင်း ပိုမိုကောင်းမွန်စေရန်နှင့်၊ သို့မဟုတ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ကြရသည်။ ၎င်းတို့တွင် တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်နှင့် ပိုမိုကျယ်ပြန့် သောအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးများပါဝင် သည်။

အကောင်အထည်ဖော်ခြင်းအဆင့်၏ ရည်ရွယ်ချက်များမှာ။ ။

  • မိတ်ဖက်နိုင်ငံအနေနှင့် အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရေး ကတိပြုထားချက်ကို လုပ်ဆောင်ရန်
  • တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ် လည်ပတ်လာစေရန်
  • မိတ်ဖက်နိုင်ငံမှ FLEGT လိုင်စင်ရရှိထားသည့်သစ်များ EU သို့တင်သွင်းရန်
  • စာချုပ်၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကို စောင့်ကြည့်လေ့လာရန်
  • အကျိုးဆက်စပ်ပတ်သက်သူများမှ အကောင်အထည်ဖော်ခြင်းများကို မောင်းနှင်သွားရန်
  • FLEGT လိုင်စင်ရရှိထားသည့်ထုတ်ကုန်များကို မြင့်မားသော ဈေးကွက်မြင်သာမှုရရှိစေရန်

VPA တစ်ခုစီသည် FLEGT လိုင်စင်မပေးခင် အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းမှုများ နှင့်တရားဝင် သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်ဖော်ဆောင်ခြင်း အပါအဝင်သဘောတူညီချက်ကို အကောင်အထည် ဖော်ရန်အတွက် အချိန်ဇယားတစ်ခုကိုဖော်ပြသည်။ VPAs အများစုတွင် အကောင်အထည်ဖော်ခြင်း အစီအစဉ်နှင့်ပတ်သက်သည့် နောက်ဆက်တွဲ တွင် အချိန်ဇယားပါ ဝင်ပါသည်။

အကောင်အထည်ဖော်သည့်အဆင့်တွင် အလုပ်များ၏အစီအစဉ်နှင့်စတင်မည့်အချိန်များသည် VPA မိတ်ဖက် နိုင်ငံအလိုက်သီးသန့်ဖြစ်ပြီး စစ်ဆေးအတည်ပြုသည့် လုပ်ငန်းစဉ်နှင့်ထပ်နိုင်ပါသည်။ အချို့ အကောင်အထည်ဖော်သည့် လုပ်ငန်းများသည် ဆွေးနွေးညှိနှိုင်းခြင်းများ မပြီးဆုံးမီအချိန်မှပင် စတင်နိုင် ပါသည်။ လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများကဲ့သို့သော လုပ်ငန်းများသည် FLEGT လိုင်စင် ထုတ်ပေးခြင်း စတင်သည့်အချိန်နောက်ပိုင်းတွင်ဆက်လက်လုပ်ဆောင်ရသည်။ အကျိုးဆက်စပ်ပတ်သက် သူ၏ပါဝင်မှုသည် VPA လုပ်ငန်းစဉ်တစ်ခု၏ အကောင်အထည်ဖော်ခြင်း အဆင့်တွင် အဓိကအင်္ဂါရပ် တစ်ခုဖြစ်သည်။

ဦးဆောင်သည့် စီမံခန့်ခွဲသည့်ဌာန အများအားဖြင့် သစ်တောရေးရာ၀န်ကြီးဌာနသည် VPA မိတ်ဖက်နိုင်ငံအတွင်း အကောင်အထည်ဖော်သည့်လုပ်ငန်းများကို ညှိနှိုင်းလုပ်ဆောင်သည်။

တချိန်တည်းတွင် EU နှင့် VPA မိတ်ဖက်နိုင်ငံမှ ကိုယ်စားလှယ်များသည် ပူးတွဲအကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းပြီး အကောင်အထည်ဖော်ခြင်း၊ တိုးတက်မှုဖြစ်စဉ်ကို စောင့်ကြည့်ခြင်း၊ လျော်ကြေးပေးမှုများကို ကိုင်တွယ်ခြင်းနှင့် ပေါ်ပေါက်လာသော စိန်ခေါ်မှုများကို ဖြေရှင်းတို့ကို ကြီးကြပ်ကွပ်ကဲသည်။

အချို့ VPA လုပ်ငန်းစဉ်များတွင် ကြားဖြတ် ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီများကို ဖွဲ့စည်းပြီး ဆွေးနွေးခြင်းများ အဆုံးသတ်ခြင်းနှင့် VPA အတည်ပြုခြင်းလုပ်ငန်းစဉ်ကြား ကွာဟနေမှုများကို ဖြည့်ဆည်းပေးတတ်ကြသည်။

 

အဓိက လုပ်ဆောင်ချက်များ

လက်တွေ့အကောင်အထည်ဖော်ခြင်း အဆင့်၏အဓိက လုပ်ဆောင်ချက်များမှာ။ ။

ဖွဲ့စည်းတည်ဆောက်ပုံများကို ချမှတ်ခြင်း။ ၎င်းတွင် VPA ၏စာသားနှင့် နောက်ဆက်တွဲများတွင် ဖော်ပြထားသည့် အမျိုးသားအဆင့်နှင့် နှစ်ဦးနှစ်ဖက်ပါဝင်သည့် ဖွဲ့စည်းတည်ဆောက်ပုံများနှင့် VPA အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်အခြားဖွဲ့စည်းတည်ဆောက်ပုံများပါဝင်သည်။ ၎င်းဖွဲ့စည်းတည် ဆောက်ပုံများတွင် မကြာခဏ အမျိုးသားအဆင့် အလွှာစုံအဖွဲ့အစည်းများ၊ အကောင်အထည်ဖော်သည့် အေဂျင်စီများနှင့် ပူးတွဲ အကောင်အထည် ဖော်ရေးကော်မတီများ ပါဝင်သည်။

ဤဖွဲ့စည်းတည်ဆောက်ပုံများအကြောင်းကို VPA ဆိုင်ရာ ကိုးကားစရာများ၏ VPA ဖွဲ့စည်းတည် ဆောက်ပုံများ နှင့်ပတ်သက်သည့်အခန်းတွင် ဖတ်ပါ။

စနစ်ဖွံ့ဖြိုးတိုးတက်လာခြင်း။ မိတ်ဖက်နိုင်ငံများအနေနှင့် လက်ရှိစနစ်များအား တိုးတက်ကောင်းမွန် စေရန်နှင့် VPA တွင် ဖော်ပြပါရှိသည့်အတိုင်း တရားဝင်သစ်ဖြစ်ကြောင်း အာမခံ သည့်စနစ်၏ အခြေခံကျ သည့်အစိတ်အပိုင်း အားလုံးများ လုပ်ငန်းမလည်ပတ်လျှင် စနစ်အသစ်များကို ဖော်ထုတ်ရန်လိုအပ်ပါ သည်။ ယနေ့ထိ VPA လက်မှတ်ရေးထိုး ပြီးသော သစ်တင်ပို့သည့်နိုင်ငံများအားလုံးသည် FLEGT လိုင်စင်ပေးခြင်းအဆင့်သို့မသွားမီ လက်ရှိစနစ်များအတိုင်း အလုပ်လုပ်ကြပါသည်။ တရားဝင်သစ်ဖြစ် ကြောင်းအာမခံသည့်စနစ်၏ အစိတ်အပိုင်းအဖြစ် မိတ်ဖက်နိုင်ငံ သည် EU နှင့်တိုင်ပင်ပြီး လွတ်လပ် သောစာရင်းစစ်ကိုခန့်အပ်ရမည်ဖြစ်ပြီး ၎င်း၏သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့် များကို VPA ၏ နောက်ဆက်တွဲတစ်ခုအဖြစ်ဖော်ပြထားပါသည် (လွတ်လပ်သော စစ်ဆေးခြင်းတွင် ကြည့်ပါ) ။ တရားဝင် သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်ကို လည်ပတ်စေမည့် အခြား လုပ်ငန်းများမှာ

  • တရား၀င်သစ်ဖြစ်ကြောင်း သေချာစေရန် လုပ်ထုံးလုပ်နည်းအသစ်များ ပြဌာန်းခြင်းနှင့် ရှိရင်းစွဲ စနစ်များကို အဆင့်မြှင့်တင်ခြင်း
  • ကုန်စည်ဖြန့်ဖြူးရေးလမ်းကြောင်းတစ်လျှောက် နောက်ကြောင်းပြန်စစ်ဆေးခြင်းကို မြှင့်တင်ရန်
  • အခြေခံကောင်းများပေါ်ထွန်းစေသော ဥပဒေဖေါ်ဆောင်မှု ပြဌာန်းခြင်း
  • VPA စနစ်များ အကောင်အထည်ဖော်ရာတွင်လိုအပ်သည့် လူ၊ နည်းပညာ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းများကို မြှင့်တင်ရန်

အများပြည်သူသိအောင်ဆောင်ရွက်သည့်နည်းလမ်းများကို ဖန်တီးခြင်း။ VPA မိတ်ဖက်နိုင်ငံသည် သတင်းအချက် အလက်များကို အများပြည်သူအား ထုတ်ပြန်ကြေညာခြင်း နှင့်ပတ်သက်သည့် VPA နောက်ဆက်တွဲတွင် အများပြည်သူအားသတင်းအချက်အလက်ဖြန့်ဝေနိုင်မည့် နည်းလမ်းများကို ဖြစ်ပေါ် စေရမည်။

တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်အား လွတ်လပ်စွာ ပူးတွဲအကဲဖြတ်ခြင်း။ VPA မိတ်ဖက်နိုင်ငံ သည် ၎င်း၏တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်ကိုရေးဆွဲခြင်းမပြီးမီနှင့် FLEGT လိုင်စင်ထုတ် ပေးခြင်း မစတင်မီ၊ အဖွဲ့ဝင်တို့သည် တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်အနေဖြင့် VPA တွင် သဘောတူထားသည့် လိုအပ်ချက်များကိုဖြည့်ဆည်းရေးသေချာစေရန် ပူးတွဲအကဲဖြတ်ခြင်းကို ဆောင်ရွက် ပါသည်။

ဤရည်မှန်းချက်ရရှိရန် ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီသည် တရားဝင်သစ်ဖြစ်ကြောင်း အာမခံ သည့် စနစ်ကို စစ်ဆေးရန်လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များအားတာဝန်ပေးပြီး VPA နောက်ဆက် တွဲပါစံများနှင့် တိုက်ဆိုင်စစ်ဆေးစေရမည်။ စစ်ဆေးခြင်းသည် တစ်ကြိမ်သာပြုလုပ်သည့် လုပ်ငန်းမျိုး မဟုတ်ပါ။ ယနေ့အထိ ချုပ်ဆိုပြီးသော VPAs များတွင် စောင့်ကြည့်စစ်ဆေးခြင်းသည် FLEGT လိုင်စင် ထုတ်ပေးသည့် လုပ်ငန်းမစတင်မီ လိုအပ်သောအလုပ်များကို ဖော်ထုတ်ရန် နှင့် တရားဝင်သစ်ဖြစ် ကြောင်းအာမခံသည့်စနစ်၏ နောက်ဆုံးပုံစံကို မွမ်းမံရန်အဆင့်ဆင့် ဖြစ်ပေါ်ခဲ့ပါသည်။

အကဲဖြတ်သူများသည် ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီသို့ အစီရင်ခံပြီး ကော်မတီမှ တရားဝင် သစ် ဖြစ်ကြောင်းအာမခံသည့်စနစ်မှာ ရည်ရွယ်ထားသည့်အတိုင်းလည်ပတ်ခြင်းရှိမရှိ ဆုံးဖြတ် ပါသည်။ အကယ်၍ စနစ်မှာ ရည်ရွယ်ထားသည့်အတိုင်းဖြစ်လျှင် ပူးတွဲအကောင်အထည်ဖော်ရေး ကော်မတီမှ FLEGT လိုင်စင်ထုတ်ပေး ခြင်းကို စတင်နိုင်ကြောင်း ထောက်ခံပေးမည်ဖြစ်သည်။

FLEGT လိုင်စင်ပေးခြင်းစတင်ရန်ဆုံးဖြတ်ချက်တွင် နှစ်ဖက်စလုံးအတွက် ဥပဒေဆိုင်ရာအကျိုးဆက် များရှိသည်။ အဖွဲ့ဝင်တစ်ဦးစီတို့သည် FLEGT လိုင်စင်ပေးခြင်း စတင်ရန်ခွင့်ပြုကြောင်း ထောက်ခံ ပေးခြင်း ကိုတရားဝင် သဘောတူရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းစဉ်များကို လိုက်နာပြီး FLEGT လိုင်စင်ထုတ်ပေးသည့် စီမံချက်ကို အာဏာတည်စေရန်လိုအပ်သောအစီအမံများကို နေရာတကျရှိနေစေ သည်။ ဤလုပ်ငန်းစဉ်တွင် အောက်ပါတို့ပါဝင်ပါသည်။ FLEGT လိုင်စင်များ ထုတ်ပေးခြင်း၊

  • FLEGT လိုင်စင်ပေးခြင်း
  • EU နှင့် မိတ်ဖက်နိုင်ငံ အာဏာပိုင်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်းများကို တည်ထောင်ခြင်း
  • EU အာဏာပိုင်များမှ EU ဈေးကွက်သို့၀င်လာသော သစ်များကို FLEGT လိုင်စင်စစ်ဆေးအတည်ပြုနိုင်မည့် FLEGT စည်းမျဉ်းများကို ပြင်ဆင်ခြင်း

ယနေ့အချိန်အထိ ဂါနာနှင့် အင်ဒိုနီးရှား VPA သဘောတူညီချက်များသာ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်ကိုပူးတွဲအကဲဖြတ်ခြင်းအဆင့် အထိရောက်ရှိနေခဲ့ပြီဖြစ်သည်။ အင်ဒိုနီးရှားဖြစ်စဉ်တွင် ပူးတွဲအကဲဖြတ်ခြင်းမှ ထွက်ပေါ်လာသည့်တွေ့ရှိချက်များနှင့်ထောက်ခံချက်များသည် FLEGT လိုင်စင် ထုတ်ပေးခြင်း လမ်းကြောင်းကို ပုံကြမ်းလောင်းပေးသည့် VPA အကောင်အထည်ဖော်ခြင်း အတွက် လုပ်ငန်းစီမံချက်ကို ဖြစ်ပေါ်စေရန်နှင့် ပုံမှန်ခေတ်နှင့် အညီမွမ်းမံရန် EU နှင့် အင်ဒိုနီးရှားတို့ကို ဦးတည်ပေးခဲ့ပါသည်။ လုပ်ငန်းစီမံချက်ကို လူသိရှင်ကြား မျှဝေခဲ့ပါသည်။ (အောက်ပါ လင့်ခ်ကို ကြည့်ပါ)။

FLEGT လိုင်စင်သစ်များကိုတင်ပို့ခြင်းနှင့် EU နယ်စပ်ထိန်းချုပ်ခြင်း။ အဖွဲ့ဝင်များမှ တရားဝင် သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်သည် VPA သဘောတူညီချက်အတိုင်းလုပ်ငန်း လည်ပတ် နေကြောင်း ကျေနပ်မှုရှိပါက မိတ်ဖက်နိုင်ငံသည် ကုန်ပစ္စည်းအမျိုးအစားနှင့်ပတ်သက်သည့်VPA နောက်ဆက်တွဲ တွင်ဖော်ပြထားသည့် တရားဝင်သစ်နှင့် သစ်ထွက်ပစ္စည်းများကို FLEGT လိုင်စင်ပေးခြင်း စတင်နိုင်ပါ သည်။ ထို့နောက် EU အဖွဲ့ဝင်နိုင်ငံများရှိ အကောက်ခွန်အာဏာပိုင်များသည် FLEGT လိုင်စင်ရရှိထား သည့် ထုတ်ကုန်များကို ၎င်းတို့၏ နယ်စပ်များတွင် စစ်ဆေးအတည်ပြုနိုင်ပြီး ထုတ်ကုန်များကို EU ဈေးကွက်သို့ဝင်လာနိုင်ရန် ခွင့်ပြုနိုင်ပါသည်။

VPA ဆိုင်ရာ ကိုးကားစရာများ၏ FLEGT လိုင်စင်ရရှိထားသည့် ထုတ်ကုန်များကိုကုန်သွယ်ခြင်း အပိုင်းတွင် ကြည့်ပါ။

ပိုမိုကျယ်ပြန့်သောပြုပြင်ပြောင်းလဲရေး။ ယနေ့အချိန်ထိ ချုပ်ဆိုထားသော VPAs အားလုံးသည် တရားဝင် သစ် ဖြစ်ကြောင်းအာမခံသည့်စနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေးတွင်လိုအပ်သည့်အုပ်ချုပ်ရေးစနစ်နှင့် ဥပဒေ ဆိုင်ရာပြုပြင်ပြောင်းလဲရေးထက် ကျော်လွန်အကောင်အထည်ဖော်နိုင်ရန် မိတ်ဖက်နိုင်ငံများအတွက် ပိုမို ကျယ်ပြန့်သည့် ပြုပြင်ပြောင်းလဲရေးများ ကိုလည်းဖော်ထုတ်ခဲ့ပြီး ဖြစ်ပါသည်။

VPA ဆိုင်ရာကိုးကားစရာများ၏ VPA လုပ်ငန်းစဉ်များကြောင့် ဖြစ်ပေါ်လာသောဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုအပိုင်းတွင် ကြည့်ပါ။

အကျိုးသက်ရောက်မှုစောင့်ကြည့်စစ်ဆေးခြင်း။ VPAs များအားလုံးသည် အဖွဲ့ဝင်တို့ကို အကျိုး သက်ရောက်မှုများကို စောင့်ကြည့်သည့်ဘောင်များကို မဖြစ်မနေပြုလုပ်စေသည်။ ထို့ကြောင့် ပူးတွဲ အကောင်အထည်ဖော်သည့်ကော်မတီ သည် VPAs ကြောင့် စီးပွာရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို စောင့်ကြည့်စစ်ဆေးရန် နှင့် ကောင်းကျိုးမပြုသော အကျိုးသက်ရောက် မှုများကို လျှော့ချနိုင်မည့် ကျိုးကြောင်း ဆီလျော်သောအဆင့်များဖြင့်ဆောင်ရွက်ရန် အဆိုပါဘောင်များ သည်အသင့်ဖြစ်နေပါသည်။ စောင့်ကြည့်ရမည့် နယ်ပယ်များတွင် အဖွဲ့အစည်းဆိုင်ရာ ထိရောက်မှု၊ ကုန်သွယ်ရေးစီးဆင်းမှုများ နှင့် စျေးကွက်ဆက်စပ်မှုများနှင့် တွန်းအားများ ၊ တရားမဝင် သစ်ခုတ်ခြင်း၊ သစ်တောအခြေအနေ၊ အသက်မွေးဝမ်းကြောင်းမှုနှင့်ဆင်းရဲမွဲတေမှု၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ ပါဝင်နိုင်သည်။

VPA ဆိုင်ရာ ကိုးကားစရာများ၏ VPA စောင့်ကြည့်သည့်အပိုင်းတွင် ကြည့်ပါ။

နိုးကြားသည့်အသိမြှင့်တင်ခြင်း။ VPA အဖွဲ့ဝင်များနှင့် အခြားအကျိုးဆက်စပ်ပတ်သက်သူများသည် VPA အ ကြောင်းအသိပေးမှုမြှင့်တင်ရန်နှင့် FLEGT လိုင်စင်ရသစ်များ၏ဈေးကွက်မြင်သာမှုတိုးမြှင့်ရန် ဆောင်ရွက်သည့် လုပ်ငန်းများတွင်ပါဝင်ကောင်းပါဝင်နိုင်ပါသည်။ ၎င်းတွင် ဆက်သွယ်ရေးမဟာဗျူဟာ၌ ဖော်ပြထားသည့်လုပ်ငန်း များ ပါဝင်နိုင်ပါသည်။

VPA ဆိုင်ရာ ကိုးကားစရာများ၏ VPA လုပ်ငန်းစဉ်ပါ ဆက်သွယ်ရေးအပိုင်းတွင် ကြည့်ပါ။

VPA လက်တွေ့အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ

အမျိုးသားအဆင့်နှင့်နှစ်ဦးနှစ်ဖက်ပါဝင်သည့် ဆွေးနွေးပွဲများကိုအချိန်ကာလတစ်ခုကြာ ပြင်းပြင်း ထန်ထန် ပြုလုပ်ပြီးနောက် အကောင်အထည်ဖော်သည့်အဆင့်တွင် VPA စီစစ်အတည်ပြုခြင်းနှင့် လိုအပ်သည့်စနစ်များနှင့် ပြုပြင်ပြောင်းလဲခြင်းများကို အကောင်အထည်ဖော်ခြင်းနှစ်ခုစလုံးအတွက် လုပ်ဆောင်ချက်သည် အမျိုးသားအဆင့် လုပ်ငန်းစဉ်များသို့ကူးပြောင်းသွားသည်။ ဤအာရုံစိုက်မှု အကူးအပြောင်းတွင် ခြားနားသောအကျိုး ဆက်စပ်ပတ်သက်သူများ ပါဝင်နိုင်သည်။

မိတ်ဖက်နိုင်ငံအစိုးရများအနေဖြင့် အကောင်အထည်ဖော်ခြင်းနှင့် အလွှာစုံမှအကျိုးဆက်စပ် ပတ်သက်သူ များပါဝင်မှုကို ဆက်လက်ထိန်းသိမ်းရန် အရင်းအမြစ်များ ရရှိရေးမဖြစ်မနေလိုအပ်သည်။ အရေးကြီး သည်မှာ အကောင်အထည်ဖော်သည့်အဆင့်သို့ ကူးပြောင်းရာတွင် ပုံမှန်ဆောင်ရွက်နေမှုများကို သိသိ သာသာပြောင်းလဲရန် လိုအပ်ကောင်းလိုအပ်နိုင်သည်။ အစိုးရများသည်သဘောတူညီချက်၏ နည်းပညာ နှင့်အုပ်ချုပ်ရေးစနစ် ရှုထောင့်များကို အကောင်အထည်ဖော်ရန် အလုပ်များကို ချိန်ညှိရာတွင် စိန်ခေါ်မှု များ ကြုံတွေ့နိုင်သည်။

ယနေ့အထိချုပ်ဆိုခဲ့ပြီးသော VPA အတွေ့အကြုံက ဆွေးနွေးညှိနှိုင်းခြင်းမှုအကောင်အထည်ဖော်သည့် အဆင့်သို့ ပြောင်းလဲရာတွင် မကြာခဏအရှိန်အဟုန် လျော့ကျသွားလေ့ရှိသည်ဟုညွှန်ပြနေပါသည်။ အရှိန်အဟုန်အား ထိန်းသိမ်းရန် EU နှင့် VPA မိတ်ဖက်နိုင်ငံအနေနှင့် "အကြိုပူးတွဲအကောင် အထည်ဖော်ရေးကော်မတီ" သို့မဟုတ် "ပူးတွဲပြင်ဆင်ရေးကော်မတီ" ကဲ့သို့ ကြားဖြတ်ဖွဲ့စည်း တည်ဆောက်ပုံကို ဖွဲ့စည်းရန်လိုအပ်ပြီး ဆွေးနွေးညှိနှိုင်း ခြင်းများပြီးဆုံးခြင်းနှင့် VPA ကိုစစ်ဆေး အတည်ပြုခြင်းကြားကာလကို လည်ပတ်စေရန်ဖြစ်သည်။ ဤကဲ့သို့သောကော်မတီသည် နိုင်ငံတွင်းရှိ EU ကိုယ်စားလှယ်များက ဆွေးနွေးညှိနှိုင်းခြင်းများအဆုံးသတ်ပြီး အဖွဲ့ဝင်တို့ သဘောတူလက်မှတ် ထိုးပြီး နောက်ပိုင်း VPA လုပ်ငန်းစဉ်တွင် EU မှ ဦးစီးဆောင်ရွက်ခဲ့သဖြင့် ဥရောပကော်မရှင်ထံမှ လွှဲပြောင်း ယူရာတွင် ကူညီပေးပါသည်။

VPA လုပ်ငန်းစဉ်တစ်ရပ် ဆွေးနွေးညှိနှိုင်းခြင်းအဆင့်မှ အကောင်အထည်ဖော်သည့်အဆင့်သို့ ကူးပြောင်း ရာတွင် စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာနိုင်သည်။ ဥပမာ ပုဂ္ဂလိကကဏ္ဍမှ အကျိုးဆက်စပ်ပတ်သက် သူများသည် အကောင်အထည်ဖော်စဉ်ကာလအတွင်း တရားဝင်ဖြစ်မှုအဓိပ္ပါယ်ဖွင့်ဆိုချက် ကိုလိုက်နာရာ တွင် ဖြစ်ပေါ်လာ သည့် စိန်ခေါ်မှုကိုသာလျှင်မကြာခဏသဘောပေါက်လေ့ရှိသည်။ အင်ဒိုနီးရှားဖြစ်စဉ် တွင် အကောင်အထည်ဖော်သည့် အဆင့် ရောက်သောအခါ ပရိဘောဂ ကဏ္ဍမှ အထူးအခြေအနေများ အတွက် မဲဆွယ်စည်းရုံးခဲ့ပြီး VPA လိုအပ်ချက်များနေသားတကျဖြစ်ရန် အချိန်ပိုကြာမြင့်ခဲ့သည်။

VPA ဆွေးနွေးညှိနှိုင်းခြင်းစကတည်းက သစ်တောကဏ္ဍတွင်အလားအလာများအတွက် ဖြစ်ပေါ်လာ သော စိန်ခေါ်မှုများ သို့မဟုတ် အပြောင်းအလဲများသည် အကောင်အထည်ဖော်ခြင်းကို ထိခိုက်နိုင်သည်။ သာဓက အားဖြင့် ဂါနာတွင် VPA ဆွေးနွေးပွဲများစတင်ချိန်က သစ်တင်သွင်းမှုမရှိခဲ့သော်လည်း ယခုအခါ တင်သွင်းခြင်း များရှိသည့်အတွက် ကုန်စည် ဖြန့်ဖြူးရေးကွင်းဆက်ထိန်းချုပ်ခြင်းနှင့် VPA ၏ အခြားရှုထောင့်များတွင် အကျိုးဆက်များရှိလာခဲ့သည်။

တရားမဝင်သစ်ခုတ်ခြင်းမှ တစ်ခြားစီဖြစ်သော စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုများ သို့မဟုတ် သတ္တုတူး ဖော်မှု များကြောင့် သစ်တောများအပေါ် ခြိမ်းခြောက်မှု တိုးပွားလာခြင်းသည်လည်း စိန်ခေါ်မှုအသစ် များကို ဖန်တီးနိုင်ပါသည်။ အခက်အခဲတစ်ခုမှာ VPA မူဘောင်အတွင်း သစ်တောမြေရှင်းလင်းမှုမှ ရရှိသောသစ်ကို မည်သို့ကိုင်တွယ်မည်ဆိုသည့်အချက်ပင်ဖြစ်သည်။

နောက်ထပ်သတင်းအချက်အလက်

ပြင်ပအဆက်အသွယ်များ

Indonesia-EU Action Plan on Advancement of VPA Implementation. [PDF ဒေါင်းလုဒ်ရန်]

Falconer, J. 2013. Overview of VPA processes: opportunities and challenges for projects to advance FLEGT. Presentation to FLEGT Project coordination meeting. 9 October 2013, Brussels. [ PowerPoint presentationဒေါင်းလုဒ်ရန်]

Centre pour l'Environnement et le Développement. 2013. The challenges of implementing VPA in Cameroon. Policy Brief. April 2013. [PDF ဒေါင်းလုဒ်ရန်]