Print Friendly and PDF


လွတ်လပ်သော စာရင်းစစ်မှု၏ VPA နောက်ဆက်တွဲ

လွတ်လပ်သောစာရင်းစစ်များသည် ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်များ၏ မဖြစ်မနေပါဝင်ရမည့်အင်္ဂါရပ်တစ်ခုဖြစ်သည်။ လွတ်လပ်သော စာရင်းစစ်များသည် VPA မိတ်ဖက်နိုင်ငံ၏ တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့် စနစ်၏အများယုံကြည်မှု နှင့် VPA တစ်ခုလုံးကို ကျောထောက်နောက်ခံပြုထားပါသည်။

လွတ်လပ်သောစာရင်းစစ်များမှ တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်အသက်ဝင်ကြောင်း လွတ်လပ် သော အထောက်အထားပေးပါသည်။ စာရင်းစစ်၏တာဝန်မှာတရားမဝင်မှုများအတွက် အထောက်အထား ရှာရန် မဟုတ်ပါ။ သို့သော်တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှု ရှိမရှိကို အကဲဖြတ်ရန်ဖြစ်သည်။ စာရင်းစစ်မှထုတ်ပြန်သော အထောက်အထားများသည် မိတ်ဖက် နိုင်ငံများ၏အစိုးရများကို တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်များသည် ထိရောက်သော သစ်တော စီမံအုပ်ချုပ်မှုလက်နက်ကိရိယာ ဖြစ်ကြောင်း စိတ်ချလက်ချဖြစ်စေပါသည်။

သီးခြားလွပ်လပ်သည့်အဖွဲ့မှ စစ်ဆေးခြင်း၏ VPA နောက်ဆက်တွဲ၏ ရည်ရွယ်ချက်မှာ သီးခြားလွပ်လပ်သည့် စာရင်းစစ်များ၏ ကိုယ်ကျင့်တရားနှင့် လုပ်ငန်းနယ်ပယ်များ အကြမ်းဖျဉ်းရေးဆွဲရန်နှင့် စာရင်းစစ်များအတွက် သတ်မှတ်တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ မူဘောင်ချမှတ်ရန်ဖြစ်ပြီး အဓိကအချက်များမှာ။ ။

  • လိုအပ်သော အရည်အချင်းများ
  • သစ်တောကဏ္ဍမှ အကျိုးအမြတ်များနှင့် မသက်ဆိုင်ဘဲ လွတ်လပ်မှု
  • အကျိုးဆက်စပ်ပတ်သက်သူများနှင့် ဆက်ဆံရေး
  • လုပ်ငန်းတာ၀န်များ၊ နည်းစနစ်နှင့် သတင်းအချက်အလက် ရင်းမြစ်
  • အစီရင်ခံခြင်း နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် အချိန်ဇယား

သီးခြားလွပ်လပ်သည့်အဖွဲ့မှ စစ်ဆေးခြင်း၏ နောက်ဆက်တွဲတစ်ခုစီသည် မိတ်ဖက်နိုင်ငံမှ EU ၏အကြံပေးချက်ဖြင့် စာရင်းစစ်အား မည်ကဲ့သို့ ခန့်အပ်မည်၊ ထောက်ပံ့ပေးမည်ကို ဖော်ပြထားပြီး VPA အား စာရင်းစစ် အစီရင်ခံစာအား စာချုပ်၀င်တို့မှ မည်ကဲ့သို့ တုန့်ပြန်မည်ကို ဖော်ပြထားသည်။

လွတ်လပ်သောစာရင်းစစ်ဆေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး FLEGT လိုင်စင်ထုတ်ပေးခြင်းမပြုမီ နေရာတကျ အဆင်သင့်ဖြစ် နေရမည်ဖြစ်သည်။ သို့ရာတွင် စာရင်းစစ်ခြင်း အကြိမ်အရေအတွက်၊ စာရင်းစစ်ခြင်းကဏ္ဍ၏ဂုဏ်သတင်း နှင့် အစီရင်ခံစာ၏ သဘောသဘာဝမှာ နိုင်ငံများအကြား ဇယား ၃ တွင်ဖော်ပြထားသည့်အတိုင်း ကွဲပြားနိုင်ပါသည်။

ဇယား ၃။ လွတ်လပ်သောစစ်ဆေးခြင်းနှင့် ပတ်သက်သည့် VPA နောက်ဆက်တွဲတွင် ကွဲလွဲမှုများ

နိုင်ငံ

 

ကင်မရွန်း

  • အမည် လွတ်လပ်သောစာရင်းစစ်ခြင်းစနစ်
  • အကြိမ် တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ် စတင်ပြီး ၆ လ နောက်ပိုင်းနှစ်များတွင် တစ်ကြိမ်စာရင်းစစ်ခြင်း
  • အစီရင်ခံစာများ ပြည့်စုံသော အစီရင်ခံစာ နှင့် ပြည်သူလူထုသို့

ဗဟိုအာဖရိက

  • အမည် လွတ်လပ်သောစာရင်းစစ်ခြင်းစနစ်
  • အကြိမ် ပထမနှစ်တွင် ၃ ကြိမ် ဒုတိယနှင့် တတိယနှစ်များတွင် နောက်ပိုင်းနှစ်များတွင် တစ်ကြိမ်စာရင်းစစ်ခြင်း
  • အစီရင်ခံစာများ ပြည့်စုံသော အစီရင်ခံစာ နှင့် ပြည်သူလူထုသို့

ဂါနာ

  • အမည် လွတ်လပ်သောစောင့်ကြည့်စစ်ဆေးခြင်း
  • အကြိမ် ပထမနှစ်တွင် အနီးစပ်ဆုံး ၆ လ တစ်ကြိမ် နောက်ပိုင်းနှစ်များတွင် တစ်ကြိမ်စာရင်းစစ်ခြင်း
  • အစီရင်ခံစာများ ပြည့်စုံသော အစီရင်ခံစာ နှင့် ပြည်သူလူထုသို့

အင်ဒိုနီးရှား

  • အမည် ကာလအပိုင်းအခြားအလိုက် အကဲဖြတ်ခြင်း
  • အကြိမ် ၁၂ လ မပြည့်မီတိုင်း စာရင်းစစ်ခြင်း
  • အစီရင်ခံစာများ ပြည့်စုံသော အစီရင်ခံစာ နှင့် ပြည်သူလူထုသို့

လိုင်ဘေးရီးယား

  • အမည် လွတ်လပ်သောကြားနေစာရင်းစစ်
  • အကြိမ် ပထမနှစ်တွင် ၃ ကြိမ် နောက်ပိုင်းနှစ်များတွင် တစ်ကြိမ်စာရင်းစစ်ခြင်း
  • အစီရင်ခံစာများ ပူးတွဲ အကောင်အထည်ဖော်ရေးကော်မတီနှင့် သဘောတူထားသည့်အတိုင်း ပြင်ဆင်ရန်နှင့် ပြည်သူလူထုသို့အသိမပေးမီ ကော်မတီမှ အတည်ပြုရန်

ကွန်ဂိုသမ္မတနိုင်ငံ

  • အမည် လွတ်လပ်သောစာရင်းစစ်ခြင်းစနစ်
  • အကြိမ် ပထမ ၂ နှစ်တွင် အနည်းဆုံး ၃ ကြိမ် စာရင်းစစ်မည် နောက်ပိုင်းနှစ်များတွင် အကြိမ်ရေနည်းသွားမည်ဖြစ်သော်လည်း ရှောင်တခင်စစ်ဆေးမှုများရှိမည်။
  • အစီရင်ခံစာများ တစ်စောင်တည်းသောအစီရင်ခံစာကိုပူးတွဲ အကောင်အထည်ဖော်ရေးကော်မတီမှ ပြန်လည်သုံးသပ်ပြီးနောက် ထုတ်ပြန်ကြေငြာပါသည်။

နောက်ထပ်သတင်းအချက်အလက်

VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ

VPA စာသားနှင့် နောက်ဆက်တွဲများ

လွတ်လပ်သောစာရင်းစစ်