Print Friendly and PDF


လွတ်လပ်သော စျေးကွက်စောင့်ကြည့်ရေး၏ VPA နောက်ဆက်တွဲ

VPAs အများစုတွင် ပင်မစာသားရှိ "ဈေးကွက် မက်လုံးများ"ပါ စာပိုဒ်တွင် FLEGT လိုင်စင်ရရှိ ထားသည့် သစ်၏ EU ဈေးကွက်တွင် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များကို ဖော်ပြထား သည်။ ယနေ့အထိဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) ဆွေးနွေးစဉ် အချိန်အတွင်း မိတ်ဖက်နိုင်ငံများအားလုံးသည် FLEGT လိုင်စင်များ၏ ဈေးကွက် အသိအမှတ်ပြုခြင်း ဆိုင်ရာ အရေးပါမှုကို အလေးထားခဲ့ကြသည်။  FLEGT လိုင်စင်များသည် မြင်သာမှုရှိပြီး ဈေးကွက်တွင် ကောင်းမွန်စွာလက်ခံစေရန် သေချာစေခြင်းသည် သစ်တင်ပို့သည့်နိုင်ငံအတွက် သစ်ကုန်သွယ်ရာတွင် လုံခြုံစိတ်ချရပြီး သစ်၏တန်ဖိုးကိုပါ မြှင့်တင်ပေးနိုင်သည့်အတွက် အရေးကြီးပါသည်။ EU ဈေးကွက် သည် FLEGT လိုင်စင်ရရှိထားသည့်သစ်များ အပေါ် မည်ကဲ့သို့တုံ့ပြန်သည်ကို နားလည်ရန် အရေးကြီး သည်ဆိုသည့် အချက်ကို EU မှ အသိအမှတ်ပြုပါသည်။

သို့ရာတွင် သစ်ကုန်သွယ်ခြင်းကို တန်ဖိုးမြှင့်တင်ပေးရာတွင် FLEGT လိုင်စင်၏ထိရောက်မှုကို အကဲဖြတ်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လိုအပ်သည်။ သို့ရာတွင် သစ်ကုန်သွယ်ခြင်းကို တန်ဖိုးမြှင့်တင်ပေးရာတွင် FLEGT လိုင်စင်၏ထိရောက်မှုကို အကဲဖြတ်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လိုအပ်သည်။

အင်ဒိုနီးရှား VPA ကိစ္စတွင် ဤအလေးထားစရာကိစ္စများကို လွတ်လပ်သောဈေးကွက် စောင့်ကြည့် စစ်ဆေးရေး နှင့် ပတ်သက်သည့်နောက်ဆက်တွဲအဖြစ်သို့ဆက်လက်ဖြစ်ပေါ်လာစေခဲ့ပါသည်။ ဥရောပ ကော်မရှင် သည် VPA နိုင်ငံများ အားလုံးကိုအကျုံးဝင်စေရန် လွတ်လပ်သော ဈေးကွက်စောင့်ကြည့်သူကို သူ့အတွက်ခန့်အပ်ထားသည်။

ဥရောပကော်မရှင်မှ နိုင်ငံတကာ အပူပိုင်းသစ်နှင့်ဆိုင်သည့် အဖွဲ့အစည်းအား ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှစတင်ကာ လွတ်လပ်သောစျေးကွက်စောင့်ကြည့်စစ်ဆေးရေးကို လုပ်ဆောင်စေခဲ့သည်။ FLEGT လိုင်စင် ပေးခြင်းသည် ကုန်သွယ်လမ်းကြောင်း၊ ဈေးကွက်တိုးတက်မှုများနှင့် သစ်ဈေးနှုန်း များအပေါ် မည်သို့သက်ရောက်သည် ကို စောင့်ကြည့်စစ်ဆေးခြင်း ကစီစစ်သရုပ်ခွဲ မည်ဖြစ်ပါသည်။ စောင့်ကြည့်စစ်ဆေးခြင်းမှ သတင်းအချက်အလက်များသည် တိုးတက်မှုများကို ခြေရာခံပြီး EU FLEGT လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ခြင်းနှင့် ထိရောက်ခြင်း ကိုပိုကောင်းစေရန်မူဝါဒများ ပုံဖော်ကူညီ ပါသည်။

နောက်ထပ်သတင်းအချက်အလက်

ပြင်ပအဆက်အသွယ်များ

International Tropical Timber Organization ၏ FLEGT လွတ်လပ်သောဈေးကွက် လေ့လာစောင့်ကြည့်ခြင်း ဝက်ဘ်ဆိုက်မှာ - http://www.itto.int/imm/ ဖြစ်သည်။