ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ၏ VPA နောက်ဆက်တွဲ
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) အရ EU နှင့် မိတ်ဖက်နိုင်ငံ တို့သည် VPA အားအတည်ပြုပြဌာန်းပြီးသောအခါ ပူးတွဲအကောင် အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းရမည်။ ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီနှင့် ပတ်သက်သည့်နောက်ဆက်တွဲသည် ကော်မတီ၏ဖွဲ့စည်း တည် ဆောက်ပုံနှင့်လုပ်ငန်းတာဝန်များကို ဖော်ပြထားသည်။
အချို့ကိစ္စများတွင် VPA အဖွဲ့၀င်တို့သည် တရား၀င် အဆင့်ဆင့် အတည်ပြုပြဌာန်းခြင်းသည် အချိန်ကြာကြောင်းကို သိရှိကြပြီး ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီတည်ထောင်ရန်အတွက် လေ့လာစောင့်ကြည့်ရေးနှင့် ညှိနှိုင်းရေးတို့အတွက် ကြားဖြတ်ယန္တရားစနစ်တစ်ခုကို ကြိုတင်ဖွဲ့စည်းလေ့ရှိသည်။
ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ၏ နောက်ဆက်တွဲမပါရှိသည့် VPAs များတွင် ကော်မတီနှင့်ပတ်သက်သော သတင်းအချက်အလက်သည် ပင်မစာသားတွင်ပါရှိသည်။
VPA ဆိုင်ရာ ကိုးကားစရာများ၏ ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီများနှင့်ပတ်သက်သည့် အခန်းတွင် ဆက်လက်ဖတ်ရှုပါ။
နောက်ထပ်သတင်းအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ
VPA လုပ်ငန်းစဉ်၏ အကောင်အထည်ဖော်ခြင်းအဆင့်