Print Friendly and PDF


တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်အကဲဖြတ်ခြင်းစံများနှင့် ပတ်သက်သည့် VPA နောက်ဆက်တွဲ

ယနေ့အထိ မည်သည့်တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်မှ အဖွဲ့ဝင်များဆန္ဒအလျောက်မိတ်ဖက်အဖြစ် ဆောင်ရွက်ရန်သဘောတူညီချက် (VPA) လက်မှတ်ထိုးချိန်တွင် FLEGT လိုင်စင်ထုတ်ပေးရန်အဆင်သင့် မဖြစ်သေးပါ။ မိတ်ဖက်နိုင်ငံများသည် လက်ရှိစနစ်များအား မွမ်းမံရန် သို့မဟုတ် အသစ်များ ထွက်ပေါ်စေရန်လိုအပ်ပြီး အကောင်အထည်ဖော်သည့်အဆင့်တွင် VPA ကို အဖွဲ့ဝင်များ အတည်ပြု လက်မှတ်ရေးထိုးပြီးနောက် စတင်တရားဝင်သည်။

ထို့ကြောင့် FLEGT လိုင်စင်ထုတ်ပေးခြင်း မစတင်မီ EU နှင့် မိတ်ဖက်နိုင်ငံတို့သည် VPA တွင် ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်နိုင်ရေးသေချာစေရန် တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်ဆိုင်ရာ လွတ်လပ်သော အကဲဖြတ်ခြင်းကို ပူးတွဲတာဝန်ပေးအပ်ပါသည်။

တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်အား ဆန်းစစ်ရန် သတ်မှတ်ချက်များ၏ နောက်ဆက်တွဲသည် အဖွဲ့၀င်များ သဘောတူထားသည့် လွတ်လပ်သော စစ်ဆေးခြင်းမှ မေးခွန်းများအား ဖော်ပြပေးပြီး အဖွဲ့ဝင်များအနေဖြင့် စနစ်သည် လျင်မြန်ပြီး အသင့်ဖြစ်နေစေရန် ဆုံးဖြတ်နိုင်ခြင်းအတွက် အဖြေပေးသင့်သည်။

ဥပမာအားဖြင့် အကယ်၍ VPA သည် FLEGT လိုင်စင်ထုတ်ပေးခြင်း မစမီ ဥပဒေအသစ်လိုအပ်ပါက ၎င်းလိုအပ်ချက်အား သေချာစွာ ဖြည့်ဆည်းရန် စစ်ဆေးခြင်းအတွက် လိုအပ်သည့်စည်းကမ်းချက်တွင် ပါ၀င်လိမ့်မည်ဖြစ်သည်။

တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်အကဲဖြတ်ခြင်းစံများနှင့်ပတ်သက်သည့် နောက်ဆက်တွဲဆိုင်ရာ အကြောင်းအရာများကိုဆွေးနွေးသည့်လုပ်ငန်းစဉ်သည် နောက်ကျလုပ်မည့်အစား FLEGT လိုင်စင်မ ထုတ်ပေးမီ အချို့သော လုပ်ထုံးလုပ်နည်းများကို နေရာတကျအသင့်ဖြစ်ရေးသေချာစေရန် အကျိုးဆက်စပ် ပတ်သက်သူများ အတွက် အခွင့်အရေးတစ်ရပ်ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် အကျိုးဆက်စပ်ပတ်သက် သူများသည် ပါဝင်ခြင်းနှင့်ဆွေးနွေးညှိနှိုင်းခြင်းလုပ်ထုံးလုပ်နည်းများ၊ တိုင်ကြားခြင်းနည်းလမ်းများ၊ ပွင့်လင်းမြင်သာမှုရှိရေး သေချာစေရန် ဖွဲ့စည်းတည်ဆောက်ပုံများ နှင့် ပတ်သက်သည့် စံများလိုအပ်နိုင် ပါသည်။

နောက်ထပ်သတင်းအချက်အလက်

VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ

VPA စာသားနှင့် နောက်ဆက်တွဲများ

တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်