Print Friendly and PDF


တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်၏ VPA နောက်ဆက်တွဲ

တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်သည် ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူ ညီချက် (VPA) ၏ အဓိကအချက်တစ်ခုဖြစ်သည်။ လက်တွေ့တွင် တရားဝင်ဖြစ်ကြောင်း အာမခံသည့် စနစ် နှင့်ပတ်သက်သည့် နောက်ဆက်တွဲသည် VPA မိတ်ဖက်နိုင်ငံတစ်နိုင်ငံ၏ တရားဝင်ဖြစ်ကြောင်း အာမခံသည့်စနစ် အနေဖြင့် တရားဝင်သစ် နှင့်သစ်ထွက်ပစ္စည်းများကို တရားမဝင်သစ်နှင့် သစ်ထွက် ပစ္စည်းများမှ မည်ကဲ့သို့ ခွဲခြားမည်၊ နိုင်ငံမှတရားဝင်ထုတ်ကုန်များကို FLEGT လိုင်စင် မည်သို့ထုတ်ပေး မည်ကိုဖော်ပြထားပါသည်။

ချမှတ်ထားသော တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်၏ နောက်ဆက်တွဲမှာ။ ။

  • အစိုးရ အေဂျင်စီသည် စနစ်တစ်ရပ်လုံး၏ ရှုထောင့်အမျိုးမျိုးနှင့် အလုပ်လုပ်ပုံအားလုံးအတွက် တာ၀န်ရှိသည်
  • ပုဂ္ဂလိကနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် စနစ်အားလိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် အကောင်အထည်ဖော်ခြင်းအား စောင့်ကြည့်စစ်ဆေးခြင်းဖြစ်သည်

နောက်ဆက်တွဲသည် တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်၏ အောက်ပါ ကဏ္ဍများကို ဖော်ပြထားတတ်သည်။

တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်။ တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်သည် တရားဝင် သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်ကအသုံးပြုမည့် စည်းမျဉ်းစည်းကမ်းများကို ဖော်ပြထားသည်။ ဆိုလို သည်မှာ လေးစားလိုက်နာခြင်းအတွက်စစ်ဆေးမည့်အရာများဖြစ်ပါသည်။ သို့ရာတွင် ယနေ့အထိချုပ် ဆိုပြီးသမျှ VPAs အများစု တွင် တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို သီးခြားနောက်ဆက်တွဲ အနေဖြင့်သာ ဖော်ပြထားသည်။ မတူသည့်အချက်မှာ လိုင်ဘေးရီးယားတွင် တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်အား တရားဝင်သစ် ဖြစ်ကြောင်း အာမခံသည့်စနစ်တွင် ထည့်သွင်းထားသည်။ နောက်ထပ်သိလိုပါက VPA ဆိုင်ရာ ကိုးကားစရာများ ၏ တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့်ပတ်သက်သည့် အခန်းတွင် ကြည့်ပါ။

လေးစားလိုက်နာမှုကိုမည်သို့စစ်ဆေးအတည်ပြုမည်နည်း။ တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်၏ နောက်ဆက်တွဲများသည် VPA မိတ်ဖက်နိုင်ငံများမှ သစ်နှင့်သစ်ထွက်ပစ္စည်းများ တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်တွင်ပါရှိသည့် လိုအပ်ချက်များကို လိုက်နာမှုရှိသည်ကို မည်ကဲ့သို့စစ်ဆေးမည်ကို ဖော်ပြထားသည်။ အခြေအနေအများစုတွင် အစိုးရများမှလိုက်နာမှုကို စစ်ဆေးလေ့ရှိသည်။ အချို့ကိစ္စများ တွင်မူ အစိုးရများသည် ကြီးကြပ်ရန် သို့မဟုတ် စစ်ဆေးအတည်ပြုရန် အစိုးရမဟုတ် သည့်အဖွဲ့ အစည်းများကို ပါဝင်စေခြင်းဖြင့် လေးစားလိုက်နာမှုနှင့် ပတ်သက်သည့်စစ်ဆေးမှုများကို အားဖြည့်ပါ သည်။ အင်ဒိုနီးရှားတွင် အစိုးရသည် ပုဂ္ဂလိကစာရင်းစစ်ကုမ္ပဏီဖြစ် သော Conformity Assessment Bodies အား စာချုပ်ချုပ်ငှားရမ်းကာ လေးစားလိုက်နာခြင်းကို စစ်ဆေးစေသည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းသည် စာရင်းစစ်များကို ဖြည့်စွက်ပေးပြီး လေးစားလိုက်နာမှုကို အားဖြည့်ပေး ပါသည်။ ထပ်မံသိရှိလိုပါက VPA ဆိုင်ရာ ကိုးကားစရာများမှ လေးစားလိုက်နာမှုအား စစ်ဆေး အတည်ပြုခြင်း နှင့်ပတ်သက်သည့် အခန်းတွင် ကြည့်ပါ။

ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက်ထိန်းချုပ်ခြင်း တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ် နှင့်ပတ်သက်သည့် နောက်ဆက်တွဲများသည် VPA မိတ်ဖက်နိုင်ငံများသည် သစ်နှင့်သစ်ထွက်ပစ္စည်းများအား သစ်ပင်ခုတ် လှဲသည့် နေရာမှစ၍ တင်ပို့သည့်နေရာအထိ မည်ကဲ့သို့ခြေရာခံမည်ကို ဖော်ပြထားပါသည်။ VPAs များတွင်ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက်ထိန်းချုပ်ခြင်းသည် မကြာခဏဆိုသလိုလက်ရှိစနစ်များ အပေါ်တွင်သာ တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ဤနောက်ဆက်တွဲများသည် တတိယနိုင်ငံများမှ ဖြတ်သန်းသွားသောသစ် နှင့် တင်ပို့ခြင်းမပြုမီ အချောထည်လုပ်ရန်တင်သွင်းသည့်သစ်ကိုနိုင်ငံများမှ မည်ကဲ့သို့ ခြေရာခံမည်ကို ရှင်းပြထားသည်။ နောက်ထပ်သိလိုပါက VPA ဆိုင်ရာ ကိုးကားစရာများ၏ ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက် ထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့် အခန်းတွင် ကြည့်ပါ။

FLEGT လိုင်စင်ထုတ်ပေးခြင်း။ တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်နှင့်ပတ်သက်သည့် နောက်ဆက်တွဲများသည် VPA မိတ်ဖက်နိုင်ငံများမှ ၎င်းတို့၏တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆို ချက်ကို လိုက်နာမှုရှိသော ထုတ်ကုန်များကို မည်ကဲ့သို့ FLEGT လိုင်စင်ထုတ်ပေးမည်ကို ဖော်ပြထား သည်။ VPA မိတ်ဖက်နိုင်ငံအများစုသည် FLEGT လိုင်စင်ထုတ်ပေးရန် ဖွဲ့စည်း တည်ဆောက်ပုံများကို ဖန်တီးရန်လိုအပ်ခဲ့ပါသည်။ နောက်ထပ်သိလိုပါက VPA ဆိုင်ရာ ကိုးကားစရာများ၏ FLEGT လိုင်စင်ထုတ်ပေးခြင်းနှင့်ပတ်သက်သည့်အခန်းတွင်ကြည့်ပါ။

လွတ်လပ်သောစာရင်းစစ်။ တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်နှင့်ပတ်သက်သည့် နောက်ဆက် တွဲများတွင် တတိယအဖွဲ့ ဖြစ်သည့် လွတ်လပ်သောစာရင်းစစ်များမှ တရားဝင်ဖြစ်ကြောင်း အာမခံသည့် စနစ်နှင့် ၎င်း၏ အစိတ်အပိုင်းများ သည် VPA တွင် အကြမ်းဖျဉ်းဖော်ပြထားသည့်အတိုင်း လုပ်ငန်းများ လုပ်ဆောင်နေခြင်းအား မည်ကဲ့သို့ ပုံမှန်စစ်ဆေးမည်ကို ဖော်ပြထားသည်။ VPA တစ်ခုစီ၏ သီးခြား နောက်ဆက်တွဲတွင် လွတ်လပ်သောစာရင်းစစ်ခြင်းအတွက် သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကိုဖော်ပြ ထားသည်။ နောက်ထပ်သိလိုပါက VPA ဆိုင်ရာ ကိုးကားစရာများ၏ FLEGT လိုင်စင်ထုတ်ပေးခြင်းနှင့်ပတ်သက်သည့်အခန်းတွင်ကြည့်ပါ။