ဥပဒေရေးရာ အဓိပ္ပါယ်ဖွင့်ဆိုမှု၏ VPA နောက်ဆက်တွဲ
တရားဝင်ဖြစ်မှုအဓိပ္ပါယ်ဖွင့်ဆိုချက်၏ VPA နောက်ဆက်တွဲ၏ ရည်ရွယ်ချက်မှာ ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) မိတ်ဖက်နိုင်ငံမှ တရား၀င်သစ်အပေါ် တိုင်းတာမည့် အညွှန်းကိန်းများ၊ ဥပဒေလိုက်နာမှု ရှိမရှိ စောင့်ကြည့်ရမည့် သက်သေခံများ စုစည်းသည့်လုပ်ငန်းစဉ်စသည့် နိုင်ငံတော်အဆင့် ဥပဒေတစ်ရပ်ကို ဆန်းစစ်နိုင်ရန်ဖြစ်သည်။
တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်သည် နိုင်ငံ၏တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်တွင် အဓိက ကျသည်။ သစ်နှင့်သစ်ထွက်ပစ္စည်းများသည် FLEGT လိုင်စင်များရရှိရန် ဤအဓိပ္ပါယ်ဖွင့် ဆိုချက်ကို လိုက်နာရမည်။ VPAs များအားလုံးတွင် တရားဝင်ဖြစ်ကြောင်း အာမခံသည့်စနစ်နှင့် ပတ်သက်သည့် နောက်ဆက်တွဲတစ်ခုပါဝင်သော်လည်း အချို့နိုင်ငံများတွင် တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို သီးခြား နောက်ဆက်တွဲတွင် ဖော်ပြထားသည်။
တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်သည် VPA လုပ်ငန်းစဉ်၏အစောပိုင်းအဆင့်အလွှာစုံမှ အကျိုးဆက်စပ် ပတ်သက်သူများပါဝင်သည့် အကြံပြုဆွေးနွေးခြင်းမှ ထွက်ပေါ်လာသည်။ အကျိုး ဆက်စပ်ပတ်သက်သူများတွင် မတူညီသောစိုးရိမ်ပူပန်မှုနှင့် အလေးထားစရာများရှိသည့်အတွက် ဤ အကြံပြုဆွေးနွေးခြင်းအစောပိုင်းမှာပင် နိုင်ငံ့ သစ်တောကဏ္ဍအတွင်း သဘောထားကွဲလွဲ မှုများမကြာခဏ ရှိတတ်သည်။ သစ်တင်ပို့သည့်နိုင်ငံတစ်နိုင်ငံ၏ အစိုးရတွင် အလွာစုံမှအကျိုးဆက် စပ်ပတ်သက်သူများ ပါဝင်သော ဆွေးနွေးညှိနှိုင်းခြင်းမှ အောက်ပါတို့ကို ရှင်းရှင်းလင်းလင်းထုတ် ဖော်ပြောဆိုနိုင်ရန်အလို့ငှာ အပြန်အလှန်ဆွေးနွေးခြင်းကို အားပေးရန်နှင့် အများဆန္ဒကို တည်ဆောက်ရန် တာဝန်ရှိပါသည်။
- တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်ရရန် လိုအပ်ချက်
- ပိုမိုထိရောက်မှုရှိစေရန် မည်သို့သော ဥပဒေဆိုင်ရာလိုအပ်ချက်
- မည်သည့်ဥပဒေမူဘောင်ရှု့ထောင့်အား မွမ်းမံရန် သို့မဟုတ် ပြင်ဆင်ရန်
တရားဝင်ဖြစ်မှုနှင့်ပတ်သက်သည့် အမြင်၏အဓိပ္ပါယ်ဖွင့်ဆိုချက်
အလွှာစုံမှအကျိုးဆက်စပ်ပတ်သက်သူများ၏ အပြန်အလှန်ဆွေးနွေးခြင်းတစ်စိတ်တစ်ဒေသသည် တရား ဝင်ဖြစ်မှု အတိုင်းအတာအပေါ် အာရုံစိုက်ပါသည်။ ဤအချက်က သဘာဝသစ်တောများသို့မဟုတ် စိုက်ခင်း များကဲ့သို့ ခြားနားသော မြေအသုံးချမှုအမျိုးအစားများ နှင့် လုပ်ပိုင်ခွင့်များခွဲဝေသတ်မှတ်ခြင်း၊ ရောင်းချခွင့်များ သို့မဟုတ် တင်ပို့မှုလုပ်ထုံးလုပ်နည်းများကဲ့သို့ အုပ်ချုပ်မှုဆိုင်ရာခြားနားသောရှု ထောင့် များကို တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုရာတွင်မည်ကဲ့သို့ထည့်သွင်းမည်ကို ဆုံးဖြတ်ခြင်း ဟုဆိုလို ပါသည်။ အပြန်အလှန်ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ လေးစားလိုက်နာမှုကို စစ်ဆေးအ တည်ပြုရန် လက်တွေ့ကျပြီး ရှင်းလင်းသည့်တရားဝင် ဖြစ်ကြောင်းအဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ရပ်ကို ထုတ်ဖော် ရန်ဖြစ်ပါ သည်။
အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့အားလုံး၏ အကျိုးကိုဆောင်ရွက်ပေးမည့် တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် တရားဝင်သစ်ခုတ်လှဲရောင်းချခွင့်များပေးရုံထက် ပိုမိုခြုံငုံစေရမည် EU မှ တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ရေရှည်တည်တံ့ရေးအတွက် အဓိကဒေါက်တိုင်ကြီး ၃ ခု (စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ) တို့ကို ခြုံငုံအကျုံးဝင်လိမ့်မည်ဟုမျှော်လင့်ထားသည်။ အလွှာစုံမှ အကျိုးဆက်စပ်ပတ်သက်သူများ၏ ဆွေးနွေးညှိနှိုင်းပွဲများသည် တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် ယုံကြည်စိတ်ချရပြီး အကျိုးဆက်စပ်ပတ်သက်သူအုပ်စုများအားလုံး ၏အကျိုး ကိုဆောင်ရွက်ပေးသည်ကို သေချာ စေရန်အခွင့်အရေးများကိုပေးပါသည်။
တရားဝင်ဖြစ်မှုအဓိပ္ပါယ်ဖွင့်ဆိုချက်များဆိုင်ရာ ဥပဒေများမှာ။ ။
- နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ
- သစ်တောများ၊ အခွန်၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ ပတ်၀န်းကျင်၊ လူမှုရေးဆိုင်ရာလုံခြုံစိတ်ချရမှု၊ ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာ လွတ်လပ်ခွင့်တို့နှင့် သက်ဆိုင်သော အမျိုးသားဥပဒေများ
- အကောက်ခွန်ဥပဒေ
- ဘက်ပေါင်းစုံပါဝင်သော သဘာဝဝန်းကျင်ဆိုင်ရာသဘောတူညီချက်များကဲ့သို့ နိုင်ငံတကာ စာချုပ်များ
VPAs များသည် လက်ရှိအမျိုးသားဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများအရ တရားဝင်မှုကို သတ်မှတ်သည်။ သို့ရာတွင် အချို့ VPA လုပ်ငန်းစဉ်များ၌ တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သည့် အလွှာစုံမှအကျိုးဆက်စပ်ပတ်သက်သူများ၏ ဆွေးနွေးပွဲများသည် လက်ရှိဥပဒေများ အကြား ဟာကွက်များ သို့မဟုတ် ရှေ့နောက်မညီမှုများကို ဖော်ထုတ်ခဲ့ပါသည်။ VPA လုပ်ငန်းစဉ်သည် ဤဟာကွက်များကို ကိုင်တွယ်ရန် ဥပဒေ နှင့်၊ သို့မဟုတ် မူဝါဒ ပြုပြင်ပြောင်းလဲ ရေးအား ဖော်ထုတ်ပေးနိုင်သည်။ ဂါနာသည် ၎င်းဟာကွက်များကို ဖြေရှင်းရန် တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ် ဖွင့်ဆိုချက်နှင့်ပတ်သက်သည့် နောက်ဆက်တွဲတွင် ပြုပြင်ပြောင်းလဲ မှုများကို ထည့်သွင်းထားသည်။ အခြား VPAs များ၏ ပူးတွဲလုပ်ဆောင်ရန်စီမံချက်များနှင့်ပတ်သက်သည့် နောက်ဆက်တွဲတွင်ပြုပြင် ပြောင်းလဲရေးကို အသေးစိတ်ဖော်ပြထားသည်။
တရားဝင်ဖြစ်မှုအဓိပ္ပါယ်ဖွင့်ဆိုချက်၏ နောက်ဆက်တွဲ တည်ဆောက်ပုံ
VPAs အများစုတွင် တရားဝင်မှုအဓိပ္ပါယ်ကိုတင်ပြရန်တရားဝင်ဖြစ်မှုဂရစ် (Legality Grid) သို့မဟုတ် တရားဝင်ဖြစ်မှုပုံစံဇယား (Legality Matrix) ပါဝင်ပါသည်။ ၎င်းဇယားများသည် တရားဝင်ဖြစ်မှု အဓိပ္ပါယ် ကိုဖွဲ့စည်းသည့် အညွှန်းကိန်းများ" ဟုခေါ်သော ဥပဒေဆိုင်ရာ လိုအပ်ချက်များကို အကြမ်းဖျဉ်း ဖော်ပြထားပါသည်။ ၎င်းဇယားများသည် နိုင်ငံအာဏာပိုင်များက တရားဝင်ဖြစ်မှုအပေါ် စစ်ဆေး အတည်ပြုမည့် နည်းလမ်း များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
VPA မိတ်ဖက်နိုင်ငံများသည် ၎င်းတို့၏ လိုအပ်ချက်၊ အခြေအနေ နှင့် ရှိရင်းစွဲစနစ်များအရ တရားဝင် ဖြစ်မှု နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မတူညီသော နည်းလမ်းများဖြင့် တင်ပြကြသည်။ ရလဒ်အနေဖြင့် တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက် နှင့်ပတ်သက်သည့် နောက်ဆက်တွဲတစ်ခုတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ၊ စိုက်ခင်းများ သို့မဟုတ် သစ်လုပ်ကွက်ပေးခြင်းများစသည့် မတူညီသောရင်းမြစ်များအတွက် မတူညီသောစံနှုန်းများကို အသုံးပြုထားသည့် တရားဝင်ဖြစ်မှုပုံစံ ဇယားများ အများအပြားပါဝင်ကောင်းပါဝင်နိုင်ပါသည်။ ဥပမာ
- အင်ဒိုနီးရှားတွင် မတူညီသော အခွင့်အရေးရှိမှုများအတွက် အမျိုးမျိုးသော တရား၀င်ခြင်းဆိုင်ရာ အခြေအနေများရှိနေသည်
- ကင်မရွန်းတွင် မတူညီသော သစ်တောများနှင့် ရောင်းချခွင့်များအတွက် အမျိုးမျိုးသော တရား၀င်ခြင်းဆိုင်ရာ အခြေအနေများရှိနေသည်
- ဂါနာတွင် သစ်တောအားလုံးအတွက် သစ်နှင့် သစ်တောထွက်ပစ္စည်းအတွက် ထောက်ပံ့ရေးလမ်းကြောင်းအာလုံး အကျုံး၀င်သည့် တရား၀င်ခြင်းဆိုင်ရာ အခြေအနေတစ်ခုသာရှိသည်
တရား၀င်ဖြစ်မှု အခြေအနေများသည် ပထမ အမြင်တွင် ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း မည်သည့် ဥပဒေဆိုင်ရာ အစိတ်အပိုင်းလိုအပ်သည်၊ လိုက်နာဆောင်ရွက်ရန် မည်သည့် သက်သေတင်ပြရမည်နှင့် မည်သည့် ရှု့ထောင့်များကို စနစ်တကျ စစ်ဆေးမည်ဆိုသည့် ရှင်းလင်းတိကျသည့် သတင်းအချက်အလက်များကို ပေးထားသည်။
တရားဝင်ဖြစ်မှုအဓိပ္ပါယ်ဖွင့်ဆိုချက်၏ နောက်ဆက်တွဲများ အမည်ပေးခြင်းအတွက် မှတ်ချက်
တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ပတ်သက်သည့် နောက်ဆက်တွဲများ အမည်ပေးခြင်းများသည် VPAs များအကြားကွဲပြားနေကြပါသည်။ ကင်မရွန်းနှင့် ကွန်ဂိုသမ္မတနိုင်ငံတို့သည် နောက်ဆက်တွဲများကို "တရားဝင်ဖြစ်ကြောင်းပုံစံဇယားများ" ဟုခေါ်သည်။ ဗဟိုအာဖရိကနှင့် အင်ဒိုနီးရှားတို့သည် အဆိုပါ နောက်ဆက်တွဲများကို "တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်"ဟုခေါ်ပြီး ဂါနာသည်" တရားဝင်ဖြစ် ကြောင်း အဓိပ္ပါယ် သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် ဥပဒေများ"ဟုခေါ်သည်။ လိုင်ဘေးရီးယား သည် ၎င်း၏တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို တရားဝင်ဖြစ်ကြောင်းအာမခံသည့် စနစ်နှင့် ပတ်သက်သည့့်် နောက်ဆက်တွဲတွင် ထည့်သွင်းထားသည်။
နောက်ထပ်သတင်းအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
VPA စာသားနှင့် နောက်ဆက်တွဲများ
တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်နှင့် သက်ဆိုင်သည့်VPA နောက်ဆက်တွဲ
ပြင်ပအဆက်အသွယ်များ
EU. 2007. FLEGT Briefing Note 02: What is legal timber? European Union. [PDF ဒေါင်းလုဒ်ရန်]
EU. 2007. FLEGT Briefing Note 03: A timber legality assurance system. European Union. [PDF ဒေါင်းလုဒ်ရန်]