Print Friendly and PDF


အမျိုးသားအဆင့် ပုဂ္ဂလိကကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများ

ပုဂ္ဂလိကကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများသည် ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) တွင်တိုက်ရိုက်ငွေကြေးအကျိုးအမြတ်ရှိနေပြီး အကောင်အထည်ဖော်သည့် အပိုင်းတွင် အဓိကနေရာမှ ပါဝင်နေသည်။ ပုဂ္ဂလိကကဏ္ဍတွင် အောက်ပါတို့ပါဝင်ပါသည်။

  • သစ်ထုတ်လုပ်ရေးကုမ္ပဏီများ
  • အိမ်တွင်းနှင့်အသေးစား သစ်လုပ်သမားများ
  • အသေးစား၊ အလတ်စား သစ်တောလုပ်ငန်းများ
  • ကုန်သည်များ
  • သစ်သယ်ယူပို့ဆောင်ရေး၊ နိုင်ငံခြားတင်ပို့ရေးနှင့် အချောထည်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ

ပုဂ္ဂလိကကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများသည်တန်ဖိုးကွင်းဆက်တွင်ရှိနေသည့် အရွယ်အစား၊ အာဏာနှင့် ရပ်တည်မှုတို့အရထွေပြားခြင်းကဤအုပ်စုသည်ရှုပ်ထွေးပြီးတူညီသောဦးတည်ချက်တစ်ခုဆီသို့ အမြဲတမ်းဆွဲခေါ် မည်မဟုတ်ဟုဆိုလိုပါသည်။. အချို့အခြေအနေများတွင် ပုဂ္ဂလိကအကျိုးဆက်စပ် ပတ်သက်သူများသည် VPA လုပ်ငန်းစဉ်ကိုမောင်းနှင်နိုင်ပြီး အခြားအခြေအနေများတွင် အထူးသဖြင့် အစပိုင်းတွင် သူတို့သည် ဆန့်ကျင်နေနိုင်သည်။ VPA အား နားမလည်ခြင်း သို့မဟုတ် တရားမဝင်ကုန် သွယ်ခြင်းမှ အကျိုးအမြတ်ရနေခြင်းကြောင့် ဆန့်ကျင်နေကြခြင်းဖြစ်ပြီး VPAမှတိုးမြှင့်လာသောမြင် သာလာမှုနှင့် ထိန်းချုပ် လာခြင်းများကလည်းသူတို့ကိုအန္တရာယ်ရှိစေပါသည်။

ပုဂ္ဂလိကကဏ္ဍမှ ပါ၀င်သည့်သူများသည် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ခက်ခဲတတ်ကြသည်။ အထူးသဖြင့် VPA ဆွေးနွေးခြင်းများသည် အချိန်ကြာလာပြီး ရှည်လျားသည့်အစည်းအဝေးများသည် ၎င်းတို့၏ စီးပွားရေးကုန်ကျစရိတ်အဖြစ် တိုက်ရိုက်ဖြစ်လာသည့်အခါများတွင်ဖြစ်သည်။

ပုဂ္ဂလိကကဏ္ဍအကျိုးအမြတ်များ

ပုဂ္ဂလိက ကဏ္ဍသည် ကြီးမား၍ အကျိုးဆက်စပ်ပတ်သက်သူများဖြစ်သည့် အသေးစားနှင့် အကြီးစားလုပ်ငန်းကြီးများ အမျိုးမျိုးပါဝင်ပြီး အကျိုးအမြတ်အတွက်နှင့် အစိုးရဆက်ဆံရေးအတွက် တစ်ခါတစ်ရံ ယှဉ်ပြိုင်နေကြသည်။

ပုဂ္ဂလိကကဏ္ဍမှ စိုးရိမ်ရမှုများတွင် တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်ကို လိုက်နာရာတွင် ကုန်ကျစရိတ် နှင့် ရှုပ်ထွေးမှုများပါဝင်ပါသည်။ ဥပမာ၊ တင်ပို့သူများမှ FLEGT လိုင်စင်ရရှိထား သည့်သစ်များ EU ဈေးကွက်သို့ နှောင့်နှေးခြင်းမရှိ ဝင်ရောက်လိမ့်မည်ဟုအာမခံမှုကို ကြိုဆိုနိုင်သော် လည်း ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက်ထက် ပို၍ဆောင်ရွက်နေကြသော အခြားကုမ္ပဏီများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် VPA အား လေးစားလိုက်နာခြင်းကို ပိုမိုမြင့်မားသည့်လုပ်ငန်းကိစ္စကုန် ကျစရိတ် များနှင့် တန်းတူထားတတ်ကြပါသည်။

ပုဂ္ဂလိကကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများသည် ကုမ္ပဏီများအားလုံးတူညီသော ဥပဒေများကို လိုက်နာရန် သေချာစေခြင်းအားဖြင့်် မျှတသည့် စျေးကွက်ယှဉ်ပြိုင်မှုကိုဖန်တီးပေးနိုင်မည့် VPA အလားအလာအပေါ် စိတ်ဝင်စားကြပါသည်။ မျှတသည့်စျေးကွက်ယှဉ်ပြိုင်မှုသည် ဈေးသက်သာသည့် တရားမဝင်သစ်ကြောင့် ဖြစ်ရသည့်မညီမျှသည့်ယှဉ်ပြိုင်မှုအား အဆုံးသတ်ပေးပါလိမ့်မည်။ တစ်ချိန်တည်း တွင်အခြားသော ပုဂ္ဂလိကကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများသည် တရားမဝင်သစ်ခုတ်ခြင်းမှ အကျိုးအမြတ်ရနေခြင်း ကြောင့် ဥပဒေအကျိုးသက်ရောက်မှု ခိုင်မာရန် ကြိုးပမ်းအားထုတ်မှုကို ဆန့်ကျင် ကောင်းဆန့်ကျင်နိုင်သည်။

အဖွဲ့အစည်းနှင့် လွှမ်းမိုးမှုများ

တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်သည် ပုဂ္ဂလိကကဏ္ဍမပါပဲနှင့် မထိရောက်နိုင်ပါ။ ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍမှ အလွှာစုံပါဝင်သည့်VPA လုပ်ငန်းစဉ်တွင် ပါဝင်ခြင်းသည် VPA ကို ယုံကြည်ရမှုနှင့် ဖြစ်နိုင်ခြေအတွက် အရေးပါသည်။ VPA လုပ်ငန်းစဉ်တွင်ပါဝင်ခြင်းသည် သစ်ကုန်သွယ်မှုတွင် ပုဂ္ဂလိကကဏ္ဍအကျိုးဆက်စပ် ပတ်သက်သူများအားလုံး၏ အကျိုးစီးပွားဖြစ်သည်။

သို့ရာတွင် VPA လုပ်ငန်းစဉ်အတွင်းပါဝင်ရာတွင် ပုဂ္ဂလိကကဏ္ဍသည် စိန်ခေါ်မှုများကြုံတွေ့ရသည်။ စိန်ခေါ်မှုများတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့်အချိန်လည်းပါဝင်သည်။ အထူးသဖြင့် အသေးစား ထုတ်လုပ်သူများမှာ အရင်းအမြစ်၊ သတင်းအချက်အလက်နှင့် လွှမ်းမိုးမှုများ နည်းပါးသောကြောင့် VPA လုပ်ငန်းစဉ်တွင် ပြောဆိုဆုံးဖြတ်ခွင့်ရှိရန် ရုန်းကန်ရတတ်သည်။ မကြာခဏ ဆိုသလို အသေးစား ထုတ်လုပ်သူများအဖွဲ့အစည်းများသည် လုပ်ငန်းစဉ်မှပျက်ကွက်ခြင်း သို့မဟုတ် ဖွဲ့စည်းမှုအားနည်းတတ် သည်။ သတင်းအချက်အလက်ရယူနိုင်သည့်အခွင့်အရေးသည်လည်း ကြီးမားစွာကွာခြားသည်။ ပုဂ္ဂလိက ကဏ္ဍအကျိုးဆက်စပ်ပတ်သက်သူအများသည် VPA လုပ်ငန်းစဉ်တွင် မည်သည့်အတွက် ပူးပေါင်းဆောင် ရွက်သင့်သနည်း ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိကြပါ။

ထို့ပြင် စက်လွှသုံးသစ်ခုတ်သမားများနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများစသော အသေးစားလုပ်ငန်းရှင်များ သည် ဥပဒေအရ လုပ်ငန်းလည်ပတ်၍ မရခြင်းများလည်း ဖြစ်နိုင်သည်။ အဆိုပါအသေးစားလုပ်ငန်း များသည် အလွန်များပြားပြီး ဆိုးဆိုးရွားရွားဖွဲ့စည်းထားကာပြန့်ကျဲနေသောကြောင့် VPA ဆွေးနွေး ပွဲများတွင် ပူးပေါင်း ဆောင်ရွက်စေရန် ခက်ခဲစေနိုင်သည်။ သို့သော် ထိုလုပ်ငန်းငယ်များသည် လည်း အရေးပါသကဲ့သို့ စိတ်ဝင်စားခြင်းခံရသောအဖွဲ့များဖြစ်ပြီး ပူးပေါင်းခြင်းဖြင့် သစ်တောကဏ္ဍ အထူးသဖြင့် ပြည်တွင်း ဈေးကွက်များအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။

အသေးစားသစ်ခုတ်သမားများအတွက် မသေချာသောအခြေအနေသည်၎င်းတို့အနေဖြင့် အရင်းအမြစ်များ တရားဝင်ရရှိရန်ခက်ခဲခြင်း၊ အစိုးရ ကိုအခွန်ဘဏ္ဍာမရရှိစေခြင်းနှင့် အုပ်ချုပ်ရေးစနစ်တိုး တက်ကောင်းမွန် လာရေး ကြိုးပမ်းမှုများကို လျော့ပါးစေခြင်းစသည်တို့ကိုဖြစ်ပေါ်စေပါသည်။ "တရားဝင်ဖြစ်ချင်နေကြ သော ဂါနာ၏တရားမဝင်စက်လွှသုံးသစ်ခုတ်သမားများ"ကိုကြည့်ပါ။

မတူသည့်အချက်မှာ အကြီးစားလုပ်ငန်းကြီးများသည် အားကောင်းသောနိုင်ငံရေးလွှမ်းမိုးမှု ရှိနိုင်သည်။ အကယ်၍ VPA သည် ၎င်းတို့အကျိုးစီးပွားကို ဆန့်ကျင်သည်ဟု ခံစားရလျှင် သူတို့သည် VPA လုပ်ငန်းစဉ်ကို တားမြစ်နိုင်သည်။ သို့မဟုတ် သူတို့၏စီးပွားရေးများကို မျက်နှာသာပေးသည့် VPA ကဏ္ဍများကိုအားပေးခြင်း ပြုလုပ်နိုင်သည်။

အသေးစားပါ၀င်သည့်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ပထမဆုံး VPA လုပ်ငန်းစဉ်များတွင် အသေးစားစီးပွားရေးကဏ္ဍမှပါဝင်မှု အားနည်းခဲ့သည်။ ဥပမာ ဂါနာတွင် အမျိုးသားဦးဆောင်ကော်မတီရှိ ပုဂ္ဂလိကကဏ္ဍအတွက် ထိုင်ခုံ ၂ နေရာကို နည်းပညာမြင့် သစ်စက် ကုမ္ပဏီကြီး များအသင်းဝင်ထားသည့် ဂါနာ သစ်ခွဲစက်ပိုင်ရှင်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စား လှယ်များသာ ရယူခဲ့ကြသည်။ အသေးစား၊ အလတ်စားသစ်ထုတ်သူများနှင့် ကြိတ်ခွဲသူလုပ်ငန်းရှင်များနှင့်ဖွဲ့စည်းထားသည့် ဂါနာသစ်လုပ်ငန်းရှင်များအသင်းသည် ကော်မတီတွင် ကိုယ်စားပြုခွင့် မရခဲ့ပေ။

လက်ရှိလုပ်ဆောင်နေသော VPA လုပ်ငန်းစဉ်များတွင် ထောက်ပံ့မှုကအသေးစားပုဂ္ဂလိကအဖွဲ့များကို ပူးပေါင်းဆောင်ရွက်ရေးအားပေးရန် ပစ်မှတ်ထားပါသည်။ ဥပမာ ဗီယက်နမ်တွင် သစ်လုပ်သား လက်မှုပညာရှင် များကိုပင် အစည်းအဝေးသို့လာရန် ဖိတ်ကြားသည်ကို တွေ့ရသည်။ ကင်မရွန်းနှင့် အင်ဒိုနီးရှားတွင် အထောက်အကူပြုရေးအဖွဲ့များသည် အသေးစား၊ အလတ်စားလုပ်ငန်း များနှင့် အလုပ်လုပ်ပြီး တရားဝင် သစ်ဖြစ်ကြောင်းအာမခံသည့် စနစ်၏လိုအပ်ချက်များနှင့် EU ဈေးကွက်မှ တရားဝင်သစ်ကို သာလိုလားကြောင်း များကို ၎င်းတို့သေချာနားလည်လာစေရန် ကူညီပေးပါသည်။

VPA လုပ်ငန်းစဉ်များအတွင်း ကိုယ်စားလှယ်ပါ၀င်မှုများ

  • ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ကွန်ဂိုသမ္မတနိုင်ငံရှိ VPA လုပ်ငန်းစဉ်များတွင် ကြီးမားသော နိုင်ငံတကာ ကုမ္ပဏီများနှင့် အသေးစားပြည်တွင်းကုမ္ပဏီများသည် ၎င်းတို့ စီရင်စု၏ သတင်းအချက်အလက်များကို အမှန်အတိုင်းပေးနိုင်မည့် ပုဂ္ဂိုလ်များ၏ကို ကိုယ်စားလှယ်ဆောင်ရွက်စေခဲ့သည်
  • ကင်မရွန်းတွင် ကုန်သည်သမဂ္ဂ ၃ ခုမှ ကိုယ်စားလှယ်များမှ ဤတာဝန်အား ထမ်းဆောင်ခဲ့သည်
  • ထိုင်းနိုင်ငံ၏ VPA ဆွေးနွေးမှုများတွင် ပုဂ္ဂလိက ကဏ္ဍသည် အားကောင်းစွာ ဆွေးနွေးနိုင်ပြီး ၎င်း၏ ရှုထောင့်များကို တင်ပြရန် ရပ်တည်ချက် စာတမ်းများကို ပြုစုနိုင်ခဲ့သည်

အင်ဒိုနီးရှား ပရိဘောဂဈေးကွက်

အင်ဒိုနီးရှားပရိဘောဂကဏ္ဍမှ အသေးစားစက်မှုလုပ်ငန်းအများစုအတွက် တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်၏ဖြစ်နိုင်ဖွယ်ရှိသောအကျိုးဆက်များကို VPA ဆွေးနွေးပွဲများပြီးဆုံးပြီး အကောင်အထည်ဖော်ခြင်းအဆင့် ကိုကောင်းစွာဖြတ်ကျော်ပြီးမှသာ ရှင်းရှင်းလင်းလင်းသိကြရသည်။ ထို့ကြောင့် လုပ်ငန်းသေးများသည် လိုအပ်ချက် များကိုပိုမိုဖြေလျှော့ပေးရန်နှင့် လိုက်နာနိုင်ရေး အချိန်ပိုပေးရန် အစိုးရကို အကြံပြုတင်ပြကြသည်။ ရလဒ်အနေဖြင့် ၂ဝ၁၄ ခုနှစ်တွင် အစိုးရသည်တရားဝင် သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး Supplier’ Declaration of Conformity’ ဟုခေါ်သောလုပ်ထုံးလုပ်နည်းတစ်ရပ်ကို မိတ်ဆက်ခဲ့သည့်အတွက် ကိုယ်ပိုင်မြေပေါ်တွင် လုပ်ကိုင်နေသည့် အသေးစားလုပ်ငန်းရှင်များ၊ မြေကွက်ငယ်လေးများ ပိုင်ဆိုင်သူများနှင့် အသေးစားလုပ်ငန်းရှင်များ ကထုတ်လုပ်သည့် သစ်နှင့်ပတ်သက်နေသည့် သစ်ကုန်သည်များအတွက် လေးစားလိုက်နာရန်ပိုမို လွယ်ကူသွားခဲ့သည်။

 

တရားဝင်ဖြစ်ချင်နေကြသော ဂါနာ၏တရားမဝင် လွှစက်သုံးသစ်ခုတ်သမားများ

ဂါနာတွင် အသေးစားသစ်ခုတ်သမားများအတွက် VPAs သည် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေသည်။ လက်ရှိ ဥပဒေများအရ သစ်ခုတ်သမားများသည် တရားမဝင်လည်ပတ်နေကြရသည်။ VPA အရ မြှင့်တင်ထားသော ဥပဒေအကျိုးသက်ရောက်မှုများသည် အသေးစားနှင့်ဝင်ငွေနည်းသည့် သစ်ခုတ် သမားများကို ဒဏ်ငွေများ အဆမတန်ခံရစေမည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပြစ်မှု အဖြစ်ဥပဒေမပြဌာန်းမည့် ပြုပြင်ပြောင်းလဲမှုများအတွက်ဖိအားပေးရန် VPA လုပ်ငန်းစဉ်တွင် ၎င်းတို့အကျိုးစီးပွားအတွက် ပါဝင်ကောင်းပါဝင်နိုင်ပါသည်။

ဂါနာတွင် စက်လွသုံးသစ်ခုတ်သမားများသည် သစ်ခွဲသား၏ ၈ဝ%ကိုထုတ်လုပ်ပြီး အားလုံးသည် တရားမဝင်ပါ။ စက်လွှသုံးသစ်ခုတ်သူတစ်သိန်းခန့်သည် တစ်သန်းခန့်ပြည်သူကို ထောက်ပံ့နေပြီး ဒေသစီးပွားရေး ကို အရေးပါသောအထောက်အကူပေးနေပါသည်။ ၎င်းသစ်ခုတ်သမားများ၏အဆိုအရ ၎င်းတို့၏ သစ်ခုတ်လှဲသည့် စနစ်သည် တရားဝင်သစ်စက်များထက် ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့ မှုရှိသည်ဟု ဆိုသည်။

ပြည်တွင်း ပရိဘောဂကုန်သွယ်ရေးအသင်းသည် သမဂ္ဂတစ်ခုဖြစ်ပြီး ပြည်တွင်းပရိဘောဂကုန်သည်၊ စားပွဲမျက်နှာ ပြင်ပြုလုပ်သည့် စက်ကိုင်များ၊ စက်လွှကိုင်သူများနှင့် သယ်ယူပို့ဆောင်ရေးသမား ၂၅,ဝဝဝ ကို ကိုယ်စားပြုသည်။ သမဂ္ဂသည် အစိုးရအား စက်လွှဖြင့် သစ်ခုတ်ခြင်းကိုတားမြစ်ထားခြင်းအား အဆုံးသတ်ရန်နှင့် ထိုသို့တားမြစ်မည့် အစား တရားဝင်ပါမစ်ထုတ်ပေးကာ လုပ်ဆောင်မှုများကို ထိန်းချုပ်ပေးရန် တိုက်တွန်းလျက်ရှိသည်။ သို့ရာတွင် အစိုးရသည် စက်လွှအသုံးပြုခြင်းကို ရပ်တန့်ရန် နှင့် ဥပဒေနှင့်အညီနည်းပညာနိမ့် သစ်စက်များဖြစ်သည့် ဥပမာ ရွေ့လျားသစ်စက်များကဲ့သို့ ပြောင်းလဲရန် သစ်ခုတ်သမားများအားတိုက်တွန်းရန်ဆန္ဒရှိသည်။

ဂါနာ၏ VPA သည်ပြည်တွင်းအတွက် ထုတ်လုပ်သော သစ်ခွဲသားများအပါအဝင် သစ်ခွဲသားများ အားလုံးကို တရားဝင်ဖြစ်ရန် လိုအပ်သည်။ သို့သော်စက်လွှဖြင့် တရားမဝင် သစ်ခုတ်မှုများ သည်အလွန်များပြားခြင်းကြောင့် အချို့သစ်ခွဲသားများ တင်ပို့ခြင်းထောက်ပံ့ရေးကွင်းဆက်အတွင်း ဝင်ရောက်ခြင်းနှင့်် VPA ကို အားနည်းစေခြင်းစသည့် အန္တရာယ်ရှိနေပါသည်။

"VPA ကိုအကူအညီပေးဖို့စုံစမ်းမှုတွေပြုလုပ်နေပါတယ်"ဟု အရှေ့ပိုင်းဒေသသမဂ္ဂ အတွင်းရေးမှူး ဖြစ်သူ Patrick Agyei မှ ဆိုသည်။ "မိမိတို့ တရားမဝင်ဖြစ်နေရင် VPA အနေအထားဟာလည်း ချိနဲ့နေလိမ့်မယ်။ ကျွန်တော်တို့ တရားဝင် ဖြစ်နေတဲ့ လိုက်ဘေးရီးယားကို ရောက်ဖူးတယ်။ ပြီးတော့ ဒေသခံလူထုတွေကို သစ်တောတွေလက်ဝယ်ပေးလိုက် တဲ့ ဂွာယာနာကိုလည်း ရောက်ဖူးတယ်။ ဒါဟာ ကျွန်တော်တို့ လိုချင်တာပါပဲ။"

ရင်းမြစ်များ Pearce, F. 2012. Forest Stands: How New EU Trade Laws Help Countries Protect Both Forests and Peoples. FERN, Brussels, Belgium. 24pp. [PDF ဒေါင်းလုဒ်ရန်]; Ghana News Agency. 2012. DOLTA calls on government to expedite action on VPA. 22 September 2012. [အွန်လိုင်းမှဖတ်ရှုရန်]; GhanaWeb. 2014. Illegal chainsaw operators make $200m annually. 24 July 2014 [အွန်လိုင်းမှဖတ်ရှုရန်]

 

နောက်ထပ်သတင်းအချက်အလက်များ

ပြင်ပအဆက်အသွယ်များ

Capacity4Development. 2013. Civil Society Shares Their Experience of the VPA Process at FLEGT Week 2013. [အွန်လိုင်းမှဖတ်ရှုရန်]

Jeffree, M. 2014. FLEGT forest power to the people. Timber Trades Journal Online October 2014: 48–49.

Pearce, F. 2012. Forest Stands: How New EU Trade Laws Help Countries Protect Both Forests and Peoples. FERN, Brussels, Belgium. 24pp. [PDF ဒေါင်းလုဒ်ရန်]