Print Friendly and PDF


အမျိုးသားအဆင့် VPA အကောင်အထည်ဖော်ရေးဖွဲ့စည်းတည်ဆောက်ပုံများ

မိတ်ဖက်နိုင်ငံများသည် VPA ၏ အကောင်အထည်ဖော်ခြင်းကို ကြီးကြပ်ရန် တရား၀င် နှင့် တရားမ၀င် ဖွဲ့စည်းတည်ဆောက်ပုံများကိုဖွဲ့စည်းသည်။ မိတ်ဖက်နိုင်ငံများသည် အကောင်အထည်ဖော်သည့် လုပ်ငန်း များကို တာဝန်ယူလုပ်ဆောင်ရန် အစိုးရအေဂျင်စီများအတွင်း ဌာနအသစ်များကိုလည်း ဖန်တီးနိုင်ပါသည်။

အကောင်အထည်ဖော်ခြင်းအား ကြီးကြပ်ခြင်း

VPA မိတ်ဖက်နိုင်ငံတစ်နိုင်ငံစီသည် အလွတ်သဘောဆောင်သည့်ကော်မတီ သို့မဟုတ် အထွေထွေ အတွင်းရေးမှူးရုံးကို ဖန်တီးခဲ့ကြသည်။

VPA မိတ်ဖက်နိုင်ငံများအားလုံးတွင် အစိုးရ ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များသည် ဤကော်မတီများတွင် ပါဝင်ပါသည်။ အချို့သောမိတ်ဖက်နိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ်များ နှင့် ဒေသခံတိုင်းရင်းသားများ၏ကိုယ်စားလှယ်များကဲ့သို့သော အခြား အကျိုးဆက်စပ်ပတ်သက်သူများသည် ဤအကောင်အထည်ဖော်ရေး ကော်မတီ၏ အဖွဲ့ဝင်များလည်း ဖြစ်ကြပါသည်။

ကင်မရွန်း သည် National Monitoring Committee ကိုဖွဲ့စည်းခဲ့ပြီး အမိန့်ဒီဂရီဖြင့် ၎င်း၏ဖွဲ့စည်းပုံကို ပြဌာန်းခဲ့သည်။ ပုံသေအဖွဲ့၀င်အဖြစ် ၀န်ကြီးချုပ်ရုံး၏ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ၊ အစိုးရ၀န်ကြီးဌာန ၅ ခု၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ဒေသခံတိုင်းရင်းသားများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အများပိုင်သစ်တောအပေါ်တွင်မှီခိုသူများ၏ ကိုယ်စားလှယ်များပါဝင်ပါသည်။ ကော်မတီသည် ၎င်း၏ အစည်းအဝေးများသို့ တက်ရောက် ရန် စောင့်ကြည့်လေ့လာသူများအား ဖိတ်ကြားပါသည်။

ဗဟိုအာဖရိက သမ္မတနိုင်ငံ။ အလွှာစုံပါ၀င်သည့် National Committee for Implementation and Monitoring (Comit National de la Mise enuvre et Suivi -CNMOS) သည် VPA အကောင်အထည်ဖော်ခြင်းကိုကြီးကြပ်သည်။ CNMOS သည် VPA ပူးတွဲအကောင်အထည် ဖော်ရေးကော်မတီကို အကျိုးဆက်စပ်ပတ်သက်သူများ၏ ထိုးထွင်းအမြင်များပေးပါသည်။ CNMOS ၏ အဖွဲ့၀င်များတွင် အစိုးရ၀န်ကြီးဌာနများ၊ ပြည်ထောင်စုလွှတ်တော်၊ ပုဂ္ဂလိကနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ မှ ကိုယ်စားလှယ် များ ပါ၀င်ကြပါသည်။ ကော်မတီသည် အကျိုးဆက်စပ်ပတ်သက် သူများ ဆွေးနွေးညှိနှိုင်းခြင်းအတွက် အမျိုးသားအဆင့်လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။ CNMOS သည် အကျိုးဆက်စပ်ပတ်သက်သူများ ပါဝင်သောကျယ်ပြန့်သောအဖွဲ့ နှင့် သတင်းပေးခြင်းနှင့် ဖလှယ်ခြင်းများပြုလုပ်သည်။ ဗဟိုအာဖရိက သမ္မတနိုင်ငံသည် VPA အကောင်အထည်ဖော်ခြင်း လုပ်ငန်း များ နှင့် အကျိုးဆက်စပ်ပတ်သက်သူများ ပါ၀င်ခြင်း ကိုစုစည်းရန် နှင့် လွယ်ကူချောမောစေရန် Permanent Technical Secretariat (STP – Secrétariat technique permanent) ကိုလည်းဖွဲ့စည်း ပါသည်။ STP တွင် အမြဲတမ်း၀န်ထမ်း ၄ ဦးရှိပြီး သစ်တောများ ၊ ရေ၊ ငါးနှင့် အမဲလိုက်ခြင်း ၀န်ကြီးဌာန တို့ ပါ၀င်ပါသည်။

ဂါနာ။ ဂါနာ၏ Forestry Comission တွင် VPA အတွင်းရေးမှူးရုံးအဖွဲ့သည် VPA အကောင်အထည် ဖော်ခြင်းကို ညှိနှိုင်းလုပ်ဆောင်သည်။ ထို့အပြင် ဂါနာသည် Multistakeholder Implementation Committee ကို တရား၀င်ဖွဲ့ထားခဲ့ပါသည်။ ဤအဖွဲ့သည် ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ၏ အစည်းအဝေးများတွင် ဂါနာကိုယ်စားလှယ်အဖွဲ့အဖြစ် ဆောင်ရွက်သည်။ အဖွဲ့၀င်များတွင် VPA ၏ကဏ္ဍများအတွက် တာ၀န်ရှိသည့် အစိုးရ၀န်ကြီးဌာနနှင့် အေဂျင်စီအချို့၏ ကိုယ်စားလှယ်များနှင့် VPA အတွင်းရေးမှူးရုံးအဖွဲ့ တို့ပါ၀င်သည်။ ကော်မတီ၏အခြားအဖွဲ့၀င်များမှာ လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၊ ရိုးရာအာဏာပိုင် နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း နှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် များဖြစ်ကြသည်။ ကဏ္ဍဆိုင်ရာ၀န်ကြီးသည် ပူးတွဲအကောင်အထည်ဖော်ရေး ကော်မတီ (အစည်းအဝေးသို့ တက်ရောက်ရာတွင်) ဂါနာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည်။

အင်ဒိုနီးရှား။ ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီကို အတွင်းရေးမှူးရုံးအဖွဲ့မှပံ့ပိုးပြီး နှစ်ဖက်အဖွဲ့ တို့မှ ဦးဆောင်လုပ်ကိုင်ကာ သဘာ၀ပတ်၀န်းကျင်နှင့်သစ်တောရေးရာ၀န်ကြီးဌာနတွင် အခြေစိုက်ခဲ့ပါသည်။ ယခုစာရေးသားနေချိန်တွင် အင်ဒိုနီးရှားသည် ပူးတွဲအကောင်အထည်ဖော်ရေး ကော်မတီ လက်အောက် တွင် အလွှာစုံ မှ အကျိုးဆက်စပ် ပတ်သက်သူများပါ၀င်သည့် အောက်ပါ လုပ်ငန်းအဖွဲ့ ၂ ဖွဲ့ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။

  • အကျိုးသက်ရောက်မှု စောင့်ကြည့်စစ်ဆေးခြင်း နှင့်ပတ်သက်သည့် နည်းပညာဆိုင်ရာ လုပ်ငန်း အဖွဲ့
  • Indonesia-EU Action Plan on Advancement of VPA implementation ၏ အကောင်အထည် ဖော်ခြင်းကို ကြီးကြပ်သည့် ပူးတွဲလုပ်ငန်းအဖွဲ့

EU-အင်ဒိုနီးရှား အပြန်အလှန် ဖလှယ်ခြင်း အစီအစဉ်များသည် ပူးတွဲလုပ်ငန်းအဖွဲ့နှင့် ပူးတွဲ ပညာရှင် အစည်းအဝေးပုံစံဖြင့် နှစ်လတစ်ကြိမ်ကျင်းပပြီး ဆက်နွယ်သည့် အကျိုးဆက်စပ်ပတ်သက်သူအဖွဲ့များကို အမြဲဖိတ်ခေါ်နေသည်။ အရပ်ဖက်လူမှုအဖွဲ့များတွင် တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်အပေါ် အာရုံစိုက်သည့် ကိုယ်ပိုင်ကိုယ်စားပြုဖွဲ့စည်းတည်ဆောက်ပုံရှိပြီး EU-အင်ဒိုနီးရှား အစည်းအဝေးများ အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ပါသည်။ ပုဂ္ဂလိကကဏ္ဍ စစ်ဆေးအတည်ပြုခြင်းပြုသည့် ကုမ္ပဏီများသည် တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ် သစ်ထောက်ခံချက်ပေးခြင်းဆိုင်ရာ ဆွေးနွေးပွဲများတွင် တွေ့ဆုံကြ သည်။

လိုင်ဘေးရီးယား။ VPA ဆွေးနွေးခြင်းများပြီးဆုံးပြီးနောက် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းသည့် အဖွဲ့သည် Liberia Implementation Committee အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤကော်မတီသည် ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးများအတွက် အဓိကပြင်ဆင်ရန်တွေ့ဆုံသည်။ အဖွဲ့၀င်များသည် အစိုးရ၀န်ကြီးဌာနများ နှင့် အေဂျင်စီများ၊ ပုဂ္ဂလိကနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများ ကို ကိုယ်စားပြုသည်။ ပိုမိုကျယ်ပြန့်သော National Multistakeholder Monitoring Committee သည် ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီသို့ အကြံပြုချက်များအပါအဝင်သွင်းအားစုများကိုပေးသည်။ အဖွဲ့၀င် ၂၆ ယောက်တွင် Liberia Implementation Committee ၏အဖွဲ့ဝင်များနှင့် အစိုးရအေဂျင်စီများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ရပ်ရွာလူထုများမှကိုယ်စား လှယ်များပါ၀င်သည်။

ကွန်ဂိုသမ္မတနိုင်ငံ။ အမျိုးသားအဆင့်အလွှာစုံ မှအကျိုးဆက်စပ်ပတ်သက်သူများပါဝင်သည့် Techincal Secretariat သည် ကွန်ဂိုသမ္မတနိုင်ငံတွင် VPA အကောင်အထည်ဖော်ခြင်းကို စောင့်ကြည့်စစ်ဆေးပြီး လမ်းညွှန်ပေးကာ ပံ့ပိုးကူညီပါသည်။ အဖွဲ့၀င်များသည် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများကို ကိုယ်စားပြုသည်။ အခြားကိစ္စများအပြင် Technical Secretariat သည် VPA ပူးတွဲအကောင် အထည်ဖော်ရေးကော်မတီ၏ အစည်းအဝေးများအတွက် စာရွက်စာတမ်းများကို ပြင်ဆင် ပေးပါသည်။

အခြားအချက်အလက်

ပြင်ပအဆက်အသွယ်များ

Faure, N. and Lesniewska, F. 2012. Implementing VPAs: Outlining Approaches for Civil Society's Participation in VPA-related Law Reforms. Ghana Regional Workshop: Experiences from the FLEGT/VPA process in West and Central African countries. ClientEarth. [PDF ဒေါင်းရန်]

Bollen, A. and Ozinga, S. 2013. Improving Forest Governance. A Comparison of FLEGT VPAs and Their Impact. FERN. 50pp. [PDF ဒေါင်းရန်

Duffield, L. and Ozinga, S. 2014. Making Forestry Fairer. A Practical Guide for Civil Society Organisations Taking Part in VPA Negotiations. FERN. 68pp. [PDF ဒေါင်းရန်