Print Friendly and PDF


အမျိုးသားအဆင့် VPA ဆွေးနွေးခြင်း တည်ဆောက်ပုံများ

VPA လုပ်ငန်းစဉ်၏ ဆွေးနွေးညှိနှိုင်းသည့်အဆင့်တွင် သစ်တင်ပို့သည့်နိုင်ငံမှအစိုးရသည် ၎င်းဖန်တီးထား သည့် ဖွဲ့စည်းတည်ဆောက်ပုံများကို အောက်ပါတို့ကိုရရှိရန်အသုံးပြုသည်။ ။

  • ဆွေးနွေးမှု ရပ်တည်ချက်များပေါ်ထွက်စေရန် နှင့် ရှင်းလင်းစွာပြောဆိုနိုင်ရန်
  • နှစ်ဦးနှစ်ဖက်ပါဝင်သောဆွေးနွေးပွဲများတွင် EU ပါဝင်လာရန်
  • VPA စာသားနှင့် ၎င်း၏ နောက်ဆက်တွဲများကို မူကြမ်းရေးဆွဲရန်

နိုင်ငံတစ်နိုင်ငံစီသည် ၎င်းတို့၏အကြောင်းအရာနှင့် လိုအပ်ချက်များအရ ဆွေးနွေးခြင်းဆိုင်ရာဖွဲ့စည်း တည်ဆောက်ပုံကို ဖန်တီးသည်။ ရလဒ်အနေဖြင့် ဆွေးနွေးပွဲဖွဲ့စည်းတည်ဆောက်ပုံများသည် နိုင်ငံအလိုက် ကွဲပြားနေပါသည်။ VPA လုပ်ငန်းစဉ်အများစုတွင် ဝန်ကြီး သို့မဟုတ် သစ်တောများအတွက်တာဝန်ရှိသော ဝန်ကြီးဌာန ကိုယ်စားလှယ်က ဆွေးနွေးပွဲအဖွဲ့ သို့မဟုတ် ကော်မတီကို ဦးဆောင်သည်။ ဆွေးနွေးသည့်အဖွဲ့ သည် နည်းပညာနှင့် နိုင်ငံရေးအကြံညဏ်နှင့် ထင်မြင်ချက်စသည့် ဖြည့်သွင်းသည့်အရာများကို အခြား ဖွဲ့စည်းတည်ဆောက်ပုံများနှင့် အကျိုးဆက်စပ်ပတ်သက်သူများထံမှ ဆွေးနွေးမှုအခြေအနေများကို ဘောင်ခတ်ရန်ရယူပါသည်။

ယနေ့အထိ VPA လုပ်ငန်းစဉ်များရှိ အမျိုးသားအဆင့်ဆွေးနွေးပွဲ ဖွဲ့စည်းတည်ဆောက်ပုံများတွင် အစိုးရဝန်ကြီးဌာနအချို့မှကိုယ်စားလှယ်များပါဝင်သည်။ ဤကဲ့သို့ဖြစ်ရခြင်းမှာ ဝန်ကြီးဌာနများသည် VPA လုပ်ငန်းစဉ်တွင် အရေးကြီးသည့်အကျိုးများသက်ရောက်နေသည့် အကျိုးဆက်စပ်ပတ်သက်သူများ ဖြစ်နေသော ကြောင့်ဖြစ်သည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံ၏တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက် ဖြစ်ပေါ်စေသည့် ဥပဒေများနှင့်စည်းမျဉ်းများသည် အချို့သောဝန်ကြီးဌာနအဆင့် တရားစီရင်ပိုင်ခွင့် အောက်တွင်ရှိသည်။

VPA ဆိုင်ရာကိုးကားစရာများမှသီးခြားအပိုင်းများသည် ကင်မရွန်းဂါနာလိုင်ဘေးရီးယားနှင့် ကွန်ဂို သမ္မတ နိုင်ငံမှဖန်တီးထားသည့် ဆွေးနွေးပွဲဖွဲ့စည်းတည်ဆောက်ပုံများကို အောက်တွင် ဖော်ပြပါသည်။

အမျိုးသားအဆင့် ဆွေးနွေးပွဲဖွဲ့စည်းတည်ဆောက်ပုံများတွင် အကျိုးဆက်စပ်ပတ်သက်သူကိုယ်စားပြုမှု

VPA ဆွေးနွေးညှိနှိုင်းခြင်းများတွင် ပူးပေါင်းပါဝင်နေသည့် နိုင်ငံအများစုတွင် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ဆွေးနွေးညှိနှိုင်းခြင်းများတွင် ပါဝင်ခဲ့ကြသည်။ ဆွေးနွေးသည့်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ်လည်းကောင်း နှင့်၊ သို့မဟုတ် ၎င်း၏နည်းပညာ အကြံပေး ကော်မတီ သို့မဟုတ် ဆွေးနွေးညှိနှိုင်းသည့်လုပ်ငန်းစဉ်များမှတဆင့် လည်းကောင်း ပါဝင်ခြင်းကိုရရှိခဲ့ပါသည်။ ဥပမာ -

  • ကွန်ဂိုသမ္မတနိုင်ငံတွင်အစိုးရသည် ရပ်တည်ချက်များ မူကြမ်းရေးဆွဲရန်နှင့် ပေါင်းစည်းရန် အလွှာစုံမှ အကျိုးဆက်စပ်ပတ်သက်သူများပါဝင်သည့် ဆွေးနွေးခြင်းနှင့် ဉီးဆောင်ကော်မတီ အဖွဲ့ဖန်တီး ပေးရုံသာမကပဲအလွှာစုံမှအကျိုးဆက်စပ်ပတ်သက်သူများပါဝင်သည့် "အထွေထွေ ညီလာခံ" ကိုလည်း ထူထောင်ပေးခဲ့သည်။ ထိုအထွေထွေညီလာခံတွင် ကျယ်ပြန့်သော အကျိုးဆက်စပ်ပတ်သက်သူများ (အရပ်ဘက်၊ ပုဂ္ဂလိကနှင့် အစိုးရများဆီမှ ကိုယ်စားလှယ် ၁ဝဝ) ဖြင့် ဆွေးနွေးမှုရပ်တည်ချက်များကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါညီလာခံသည် အများဆန္ဒရရှိရန် အပြန်အလှန်အကျိုးပြုမှုနှင့် အပြန်အလှန် ဆွေးနွေးခြင်းကို ဖြစ်မြောက်စေသည့် နည်းလမ်း တစ်ခုဖြစ်ခဲ့ပါသည်။
  • ဂါနာ၊ လိုင်ဘေးရီးယားနှင့် ကွန်ဂိုသမ္မတနိုင်ငံတို့တွင် VPA စာသားများ၏နောက်ဆက်တွဲများတရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်သို့မဟုတ်တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်စသည်တို့၏ နောက်ဆက်တွဲများကဲ့သို့ ဉီးဆောင်ကော်မတီများမှ မူကြမ်းပြုစုရန် အလွှာစုံမှ အကျိုး ဆက်စပ်ပတ်သက်သူများပါဝင်သည့်လုပ်ငန်းအဖွဲ့များကိုတည်ထောင်ခဲ့ပါသည်။ အခြား နိုင်ငံများတွင် ဦးဆောင်ကော်မတီသည် ကျွမ်းကျင်ပညာရှင်များ သို့မဟုတ် အကြံပေးပုဂ္ဂိုလ် များခန့်အပ်ပြီး နောက်ဆက်တွဲများကို မူကြမ်းရေးဆွဲစေသည်။
  • နည်းပညာဉီးဆောင်ကော်မတီတွင် နေရာ ၇ နေရာအထိပေးထားသည့် လိုင်ဘေးရီးယားသည် ဆွေးနွေးပွဲ ဖွဲ့စည်းတည်ဆောက်ပုံတွင် ရပ်ရွာလူထုအဖွဲ့အစည်းကိုယ်စားလှယ်များကို ပါဝင်စေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်။

အချို့နိုင်ငံများသည် ဆွေးနွေးပွဲဖွဲ့စည်းတည်ဆောက်ပုံတွင် အကျိုးဆက်စပ်ပတ်သက်သူများ ပါဝင်လာရေး သေချာ စေရန်ရုန်းကန်ရပါသည်။ သို့ရာတွင် အတွေ့ကြုံက အဆိုပါကိုယ်စားပြုမှုမျိုးသည် ဆွေးနွေးပွဲ များအား အထောက် အကူပြုပြီး VPA အပေါ်ယုံကြည်ရမှုကို တိုးပွားစေကြောင်းပြသပါသည်။ အလွှာစုံမှ အကျိုးဆက်စပ်ပတ်သက်သူများ ပါဝင်ခြင်း မရှိလျှင်-

  • ဆုံးဖြတ်ချက်များတွင် အကျိုးဆက်စပ်ပတ်သက်သူများ၏ အကြံညဏ်၊ ထင်မြင်ချက်စသည့် သွင်းအားစု နည်းပါးသွားခြင်းနှင့် နောက်ပိုင်းတွင် ငြင်းပယ်ခံရနိုင်သည့်အန္တရာယ်ရှိခြင်း
  • အကျိုးဆက်စပ်ပတ်သက်သူများနှင့်အစိုးရအကြား သတင်းအချက်အလက်စီးဆင်းမှု အကန့် အသတ် ဖြစ်စေခြင်း

အတွေ့ အကြုံက အကျိုးဆက်စပ်ပတ်သက်သူများမှ၎င်းတို့၏ကိုယ်စားလှယ်ကို ၎င်းတို့ကိုယ်တိုင်ရွေးချယ် သော အခါ ပါဝင်ခြင်းသည်အကောင်းဆုံးအလုပ်လုပ်သည်ကို ပြသပါသည်။ အချို့နိုင်ငံများတွင် အစိုးရသည် အရပ်ဖက်လူမှုကိုယ်စားလှယ်များကို အလွှာစုံဆွေးနွေးညှိနှိုင်းသည့်အဖွဲ့အတွက် ရွေးချယ်လေ့ ရှိသည်။ ဖြစ်ရပ်တစ်ခုစီတွင် ခန့်အပ်ခံရသူသည် ၎င်း၏ကိုယ်စားပြုနယ်မှ ထောက်ခံမှုကို မရရှိခဲ့သည်မှာ ရှင်းလင်းခဲ့ပါသည်။ ဤဖြစ်ရပ်မှသင်ခန်းစာယူပြီး အစိုးရများသည် ၎င်းတို့ခန့်အပ်ထား သည့်သူများ ကိုပယ်ထုတ်ကာ အရပ်ဖက်လူမှု အဖွဲ့အစည်းများအား ၎င်းတို့၏ကိုယ်စားလှယ်ကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်ရန်တောင်းဆိုခဲ့သည်။