VPA လုပ်ငန်းစဉ် ဆွေးနွေးညှိနှိုင်းခြင်းအဆင့်
ဆွေးနွေးညှိနှိုင်းခြင်းအဆင့်တွင် EU နှင့် သစ်တင်ပို့သည့်နိုင်ငံတို့သည် ဆန္ဒအလျောက်မိတ်ဖက် အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) ၏ အဓိကစာသားနှင့် နောက်ဆက်တွဲများ ကိုသဘော တူညီကြသည်။ ထိုသို့ မဖြစ်ပေါ်နိုင်မီ သစ်တင်ပို့သည့်နိုင်ငံရှိ အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များ အတွင်းနှင့်အကြား ဆွေးနွေးပွဲများ ပြုလုပ်ကြပါသည်။
နိုင်ငံအတွင်းဆွေးနွေးမှုများသည် EU နှင့် ဆွေးနွေးရာတွင် နိုင်ငံ၏စေ့စပ်ညှိနှိုင်းရေး ရပ်တည်ချက် အခြေခံကို ပုံဖော်ပေးသည့် အမျိုးသားအဆင့်အများဆန္ဒကိုဖြည့်ဆည်းပေးပါသည်။ ထို့ကြောင့်ဤအဆင့် တွင် ဆွေးနွေး ညှိနှိုင်းခြင်း အဆင့် ၃ ဆင့် ရှိပါသည် (ပုံ ၂) ။
- အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများ အတွင်း အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းခြင်းများ၊
- အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများ အတွင်း အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းခြင်းများ၊
- မိတ်ဖက်နိုင်ငံနှင့် EU အကြား နှစ်ဖက် ဆွေးနွေးညှိနှိုင်းခြင်းများ၊
VPA ဆိုင်ရာ ကိုးကားစရာများ -Vimeo ပေါ်ရှိ EU FLEGT နှင့် REDD အထောက်အပံ့များမှ Voluntary Partnership Agreement ၏ ဆွေးနွေးညှိနှိုင်းခြင်းအဆင့်
ပုံ ၂။ လုပ်ငန်းစဉ်အတွင်းဆွေးနွေးပွဲအဆင့် ၃ ဆင့်၊ အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များအတွင်း၊ အကျိုးဆက်စပ်ပတ်သက်သည့်အဖွဲ့များအကြားနှင့် EU နှင့် မိတ်ဖက်နိုင်ငံအကြား
ဆွေးနွေးညှိနှိုင်းသည့်အဆင့်အချိန်အတွင်း EU နှင့် သစ်တင်ပို့သည့်နိုင်ငံရှိ အကျိုးဆက်စပ်ပတ်သက်သည့် အဖွဲ့များသည် ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့်တို့တွင် လူထုနှင့်ကျယ်ပြန့်စွာ ထိတွေ့နိုင်သည်။ အဆိုပါ ထိတွေ့မှုတွင် VPA နှင့်ပတ်သက်၍ လူထုအား အသိပေးရန်၊ ၎င်း၏ပြုပြင် ပြောင်းလဲမှုများအပေါ်အများ အမြင်ကိုမြှင့်တင်ရန်၊ အားလုံးပါဝင်မှု၊ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှု စသည့် VPA ၏ အခြေခံသဘောတရားများကိုထပ်လောင်း အတည်ပြုရန်၊ သတင်းစာရှင်းလင်းပွဲများ၊ တိုးတက်နေမှု အစီရင်ခံခြင်းများနှင့်လူထုစည်းဝေးပွဲများပါဝင်သည်။ ဤလုပ်ဆောင်ချက်များသည် နိုင်ငံ ရေးအထောက်အပံ့ တည်ဆောက်ခြင်း နှင့် ပါဝင်ခြင်းကိုအားပေးခြင်းတို့ဖြင့် မြင်သာမှုနှင့် အရှိန်အဟုန်ကို VPA လုပ်ငန်းစဉ်ဆီသို့ သယ်ဆောင်ပေးပါသည်။ အများဆန္ဒတည်ဆောက်ခြင်းကိုလည်း ဖြည့်ဆည်း ပေးပါသည်။ အများဆန္ဒတည်ဆောက်ခြင်းကိုလည်း ဖြည့်ဆည်း ပေးပါသည်။
VPA ဆိုင်ရာ ကိုးကားချက်များနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများအကြောင်းကို အမျိုးသား အဆင့် VPA ဆွေးနွေးညှိနှိုင်းခြင်းများနှင့် နှစ်ဖက်သဘောတူ VPA ဆွေးနွေးခြင်းများတွင် ဆက်လက် ဖတ်ရှုနိုင်သည်။