ပူးပေါင်းပါဝင်၍ ဆုံးဖြတ်ချက်ချခြင်း
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) လုပ်ငန်းစဉ်များတွင် အကျိုး ဆက်စပ် ပတ်သက်သူများအားထုတ်ကြိုးပမ်းထားသည့် အကျိုးဆက်စပ်ပတ်သက် သူပါဝင်မှုအဆင့်နှင့် သြဇာလွှမ်းမိုးမှုမှာ မကြုံဖူးသေးပါ။ VPA လုပ်ငန်းစဉ်များသည် လုပ်ငန်းစဉ်ကိုယ်တိုင်အတွင်း နှင့် VPA စာသားနှင့် နောက်ဆက်တွဲများတွင် အဖွဲ့ဝင်များကပြုထားသည့် ကတိကဝတ်၏ရလဒ်အဖြစ် ၂ ခုစလုံးကြောင့် ပါဝင်ခြင်းကို အားပေးသည်။
VPAs များသည် အလွှာစုံပါ၀င်နိုင်သည့် လုပ်ငန်းစဉ်ဖြစ်သည့် ပထမဆုံးကုန်သွယ်ရေးသဘောတူညီချက်ဖြစ်ပြီး သစ်တောကဏ္ဍတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို အကျိုးသက်ရောက်စေသည်။
ပါဝင်ခြင်းသည် အကျိုးဆက်စပ်ပတ်သက်သူများကို ၎င်းတို့အပေါ်သက်ရောက်မှုရှိလာမည့် ဆုံးဖြတ်ချက်ချ သည့်လုပ်ငန်းစဉ်ကို သြဇာလွှမ်းမိုးရန်ထောက်ကူပါသည်။ ပါဝင်ခြင်းသည် ဆုံးဖြတ်ချက်ချ သည့် လုပ်ငန်းစဉ်များကိုလည်း အကျိုးပြုပါသည်။ ပြည်သူများပါဝင်စေ သည့်လုပ်ငန်းစဉ်များမှတဆင့် ချမှတ် သည့်ဆုံးဖြတ်ချက်များသည် လက်တွေ့ကျခြင်း၊ မျှတခြင်း၊ ယုံကြည်ရခြင်းနှင့်ထိရောက်ခြင်းစသည့် အလားအလာများရှိနေပြီး အကျိုးဆက်စပ်ပတ်သက်သူများအကြား ကျယ်ပြန့်သော အများဆန္ဒကို ထင်ဟပ် ပေါ်လွင်စေသည်။
အလွှာစုံမှ အကျိုးဆက်စပ်ပတ်သက်သူများအားလုံးပါဝင်သည့် လုပ်ငန်းစဉ်များမရှိလျှင် VPA သည် ယုံကြည် မှုကင်းမဲ့နေလေ့ရှိပါသည်။ ထိုအကြောင်းပြချက်ကြောင့် VPA လုပ်ငန်းစဉ်၏ ဆွေးနွေးခြင်းနှင့် အကောင်အထည် ဖော်ခြင်း အဆင့်များတွင်ကျယ်ပြန့်သော အကျိုးဆက်စပ်ပတ်သက်သူများပါဝင်ခြင်းကို EU မှ မျှော်လင့်သည်။
VPA လုပ်ငန်းစဉ်များက ပါဝင်ခြင်းကိုအားပေးသည့် နည်းလမ်းများအကြောင်းနှင့် ခြားနားသော နိုင်ငံ အသီးသီးတွင် ဖြစ်ပေါ်လာခဲ့သော အကျိုးကျေးဇူးများအကြောင်းပိုမိုဖတ်ရှုရန် VPA ဆိုင်ရာ ကိုးကားစရာ များ၏ VPA မှ ပါဝင်ခြင်းကိုမည်ကဲ့သို့ တိုးမြှင့်ပေးနိုင်သနည်းနှင့် ပတ်သက်သည့် ကဏ္ဍတွင်ကြည့်ပါ။
အမြင်။ ။ VPA အကြံပြုဆွေးနွေးခြင်း အတိမ်အနက်အပေါ် Saskia Ozinga ၏ အမြင်
Saskia Ozinga သည် နိုင်ငံတကာတိုးတက်မှုအတွက် UK Department ၏ သစ်တောဆိုင်ရာစီနီယာ အကြံပေးဖြစ်ခဲ့ပြီး NGO FERN ၏ campaign coordinator တစ်ဦးလည်းဖြစ်ပါသည်။ Jeffree, M. 2014. FLEGT forest power to the people. Timber Trades Journal Online အောက်တိုဘာ ၂ဝ၁၄ ၄၈-၄၉။
အခြားအချက်အလက်များ
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
VPA မှ ကောင်းမွန်သော သစ်တောအုပ်ချုပ်ရေးစနစ်ကို မည်ကဲ့သို့ မြှင့်တင်ပေးနိုင်သနည်း။