Print Friendly and PDF


ကုန်ပစ္စည်းအမျိုးအစား၏ VPA နောက်ဆက်တွဲ

ထုတ်ကုန်အမျိုးအစားနှင့်ပတ်သက်သည့် VPA နောက်ဆက်တွဲသည် ဆန္ဒအလျောက်မိတ်ဖက်အဖြစ် ဆောင်ရွက် ရန် သဘောတူညီချက် (VPA) တွင်အကျုံးဝင်သည့် သစ်နှင့်သစ်ထွက် ပစ္စည်းအမျိုးအစား များကို ခွဲခြားသတ်မှတ် ပေးပါသည်။ ထို့ကြောင့် နောက်ဆက်တွဲက VPA မှ အကျိုးသက်ရောက်နေမည့် ပုဂ္ဂလိကကဏ္ဍ၏ အစိတ်အပိုင်းများနှင့် VPA အရ ရှိလာမည့် ၎င်းတို့၏တာဝန်များကို အဆုံးအဖြတ် ပေးပါသည်။

VPAs များအားလုံးတွင် သစ်လုံး၊ သစ်ခွဲသား၊ သစ်ပါးလွှာ၊ အထပ်သားနှင့် ဇလီဖားတုံးများ ပါရမည်ဖြစ်သည်။ သို့သော် VPA တစ်ခုသည် ထပ်တိုးထုတ်ကုန်များကိုလည်း ထည့််သွင်းနိုင်သည်။ ယနေ့အချိန်အထိ EU သို့ ၎င်းတို့တင်ပို့မည့် သစ်ထွက်ပစ္စည်းအားလုံးပါဝင်စေရန် VPA မိတ်ဖက်နိုင်ငံ များသည် ဇယား ၂ တွင်ဖော်ပြထားသည့်အတိုင်း ထပ်တိုးထုတ်ကုန်များကို ပေါင်းထည့်ကြ သည်။

ထုတ်ကုန်အမျိုးအစားနှင့်ပတ်သက်သည့် VPA နောက်ဆက်တွဲသည် ထုတ်ကုန်တစ်ခုချင်းစီအား ကမ္ဘာ့ အကောက်ခွန်ယူနီယမ်၏ ထုတ်ကုန်များအားအမျိုးအစားခွဲသည့်စနစ်နှင့်အညီ HS သတ်မှတ်ချက်စံဖြင့် သတ်မှတ်ထားသည်။ HS သတ်မှတ်ချက်စံသည် EU အကောက်ခွန်အာဏာပိုင်များအား ထုန်ကုန် အမျိုးအစားတစ်ခုသည် မည်သည့်သွင်းကုန်တွင်ပါဝင်နေသည်ကို ခွဲခြားသိရှိရန်ထောက်ကူပါသည်။

ဇယား ၂။ ထုတ်ကုန်နယ်ပယ်နှင့် ပတ်သက်သည့် VPA နောက်ဆက်တွဲများတွင် ကွဲလွဲချက်များ

နိုင်ငံ

သစ်လုံး၊ သစ်ခွဲသား၊ သစ်ပါးလွှာ၊ အထပ်သားနှင့် ဇလီဖားတုံးများအပြင်ပါဝင်သောထုတ်ကုန်များ

ကင်မရွန်း

ပရိဘောဂ၊ ထင်းနှင့် သစ်သား ကိရိယာတန်ဆာပလာများ

ဗဟိုအာဖရိက

ပရိဘောဂ၊ ထင်း၊ သစ်သား ကိရိယာတန်ဆာပလာများနှင့် သစ်သားဖြင့်ပြုလုပ်ထားသော ထုတ်ပိုးပစ္စည်းများ

ဂါနာ

ပရိဘောဂ

အင်ဒိုနီးရှား

ပရိဘောဂ၊ ထင်း၊ သစ်သား ကိရိယာတန်ဆာပလာများ၊ သစ်သားဖြင့်ပြုလုပ်ထားသော ထုတ်ပိုးပစ္စည်းများ၊ သစ်သားပျော့ဖတ်၊ စာရွက်နှင့် စာရွက်ထုတ်ကုန်နှင့် မီးဖိုချောင်နှင့် စားပွဲတင်ပစ္စည်းများ

လိုင်ဘေးရီးယား

ပရိဘောဂ၊ ထင်း၊ သစ်သား နှင့်ပြုလုပ်သော ကိရိယာတန်ဆာပလာများ၊ ထုတ်ပိုးပစ္စည်းများနှင့် ရာဘာသစ်စများ။ မီးသွေးသည် နောက်အဆင့်တွင် ပါဝင်လိမ့်မည်။

ကွန်ဂိုသမ္မတနိုင်ငံ

ပရိဘောဂ၊ ထင်း၊ သစ်သား ကိရိယာတန်ဆာပလာများ၊ သစ်သားဖြင့်ပြုလုပ်ထားသော ထုတ်ပိုးပစ္စည်းများနှင့် မီးသွေး

အချို့ VPAs များတွင် ထုတ်ကုန်အမျိုးအစားနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ၂ ပိုင်းရှိသည်။ ဒုတိယအပိုင်းသည် သစ်မျိုးများနှင့်၊သို့မဟုတ် တင်ပို့ရန်တရားမဝင်သောထုတ်ကုန်များကို စာရင်းပြုစုထားသည်။ ဥပမာ အင်ဒိုနီးရှား VPA တွင် အပိုင်း က ဖြင့် အင်ဒိုနီးရှား FLEGT လိုင်စင်ပေးခြင်း စီမံချက်အရ အကျုံးဝင်သော ထုတ်ကုန်များကို စာရင်းပြုစုထားသည်။ အပိုင်း ခ သည် အင်ဒိုနီးရှား ဥပဒေအရ နိုင်ငံခြားသို့ တင်ပို့ရန်ကန့်သတ်ထားသဖြင့် FLEGT လိုင်စင်မပေးနိုင်သော ထုတ်ကုန် အမျိုးအစား ၄ မျိုးကို စာရင်း ပြုလုပ်ထားသည်။

ယနေ့အထိ VPA မိတ်ဖက်နိုင်ငံများသည် ဥရောပပို့ကုန်များသာမကVPAs ၏နယ်ပယ်တွင် သစ်ပို့ကုန်များ အားလုံးကိုထည့်သွင်းထားသည်။ ဗဟိုအာဖရိက သမ္မတနိုင်ငံ ၏ VPA မှလွဲ၍ VPAs အားလုံး၏ နယ်ပယ်တွင် ပြည်တွင်းဈေးကွက်သာမက ပို့ကုန်ဈေးကွက်ပါပါဝင်သည်။ ဗဟိုအာဖရိက သမ္မတနိုင်ငံသည် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများအတွက် သင့်လျော်သော ဥပဒေပြုရေး နှင့် VPA တွင် မထည့်သွင်းမီ ပြည်တွင်းဈေး ကွက်ထုတ်ကုန်များကို ဖြေရှင်းရန် လက်မှုပညာနှင့်ဆိုင်သော ခွင့်ပြုမိန့်များထုတ်ပေးရေးတို့ကိုကတိပြုထားသည်။

နောက်ထပ်သတင်းအချက်အလက်