တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) တစ်ခုစီ၏ အဓိကျသည့်နေရာ တွင်"တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်" ရှိနေပြီး၎င်းက သစ်ထွက်ပစ္စည်းများသည် အမျိုးသား အဆင့် ဥပဒေများနှင့်ကိုက်ညီမှုရှိမရှိကို စစ်ဆေးအတည်ပြုပါသည်။ တရားဝင်အဖြစ် စစ်ဆေးအတည်ပြု ပြီးသောအခါ မိတ်ဖက်နိုင်ငံများသည် EU ဈေးကွက်သို့တင်ပိုမည့်သစ်ထွက်ပစ္စည်းများကို FLEGT လိုင်စင်ပေးနိုင်ပြီဖြစ်သည်။ VPA မိတ်ဖက်နိုင်ငံမှ FLEGT လိုင်စင်ပေးခြင်းကို စတင် လျှင်စတင်ခြင်း အကယ်၍ နိုင်ငံတစ်နိုင်ငံသည် FLEGT လိုင်စင်ရှိလျှင်အဆိုပါနိုင်ငံမှ သစ်ထွက်ပစ္စည်းများကိုသာ EU သည် လက်ခံမည်ဖြစ်သည်။
အချို့သောနိုင်ငံများသည် ရှိရင်းစွဲစနစ်များကို ပြင်ဆင်ခြင်း အားဖြင့် VPA လိုအပ်ချက်များ ကိုဖြည့်ဆည်း ပေးပါသည်။ ဥပမာ အင်ဒိုနီးရှားတွင် SVLK ဟုခေါ်သော တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့် စနစ်သည် VPA ဆွေးနွေးခြင်းများမစမီအဆင်သင့် ရှိနေခဲ့ပြီး ဖြစ်ပါသည်။ ထိုအချိန်မှစပြီး အင်ဒိုနီးရှား သည် SVLK ကို VPA လုပ်ငန်းစဉ်တစ်လျှောက် ပိုမို ကောင်းမွန်အောင်ပြင်ဆင်လာခဲ့သည်။
အခြားနိုင်ငံများသည် ဥပဒေလိုက်နာရေးအတွက် ပုဂ္ဂလိကကဏ္ဍအပေါ် အပို၀န်မပိစေရန်အတွက် ရှိရင်းစွဲ ပုဂ္ဂလိကအတွက် အသိအမှတ်ပြုစီမံချက်များကို အသုံးပြုသည့် အမျိုးသားအဆင့်ကုမ္ပဏီများကို VPA တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်တွင် ပေါင်းထည့်ကြသည်။
အချို့နိုင်ငံများသည် VPA ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် လုံလောက်အောင် ခိုင်မာ သောစနစ် တစ်ရပ်ဖြစ်ပေါ်လာရေးသေချာစေရန် တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့် စနစ်၏ အခြေခံ ကျသော အစိတ်အပိုင်းအသစ်များ ဖြစ်ပေါ်လာရန်လိုအပ်ပါသည်။ VPA သစ်တရားဝင်ကြောင်း အာမခံ သည့်စနစ်များတွင် တွေ့နေကျအဓိက အစိတ်အပိုင်း (၅) ခုမှာ
- တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်
- ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက် ထိန်းချုပ်ခြင်း
- လေးစားလိုက်နာမှုအား စစ်ဆေးအတည်ပြုခြင်း
- FLEGT လိုင်စင်ထုတ်ပေးခြင်း
- လွတ်လပ်သောစာရင်းစစ်
အစိတ်အပိုင်းများအားအောက်တွင်ဖော်ပြထားပြီး အစိတ်အပိုင်းတစ်ခုစီကို VPA ဆိုင်ရာ ကိုးကားစရာ များ၏ကဏ္ဍတစ်ခုစီတွင် ဖော်ပြထားသည်။ ပါဝင်သည့်အစိတ်အပိုင်းတစ်ခုစီ၏အသေးစိတ်များသည် နိုင်ငံအလိုက်ကွဲပြားပြီး VPA နောက်ဆက်တွဲများတွင်ဖော်ပြထားသည်။
ပုံ ၇။တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်တွင် ပါဝင်သည့်အခြေခံကျသည့်အစိတ်အပိုင်းများ
အခြားအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်နှင့်ပတ်သက်သည့် VPA နောက်ဆက်တွဲ
တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်
ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက် ထိန်းချုပ်ခြင်း
ပြင်ပအဆက်အသွယ်များ
EU. 2007. FLEGT Briefing Note 03: A timber legality assurance system. European Union. [PDF ဒေါင်းလုဒ်ရန်]