Print Friendly and PDF


ပွင့်လင်းမြင်သာမှုဆိုင်ရာ ကတိကဝတ်ပြုလိုက်နာမှုများ

နိုင်ငံတစ်နိုင်ငံ၏ သစ်တောကဏ္ဍအတွင်း ပွင့်လင်းမြင်သာမှုမရှိခြင်းသည် အုပ်ချုပ်ရေးစနစ်စိန်ခေါ်မှုများ အနက်မှ တစ်ခုဖြစ်ပြီး တရားမဝင်သစ်ခုတ်ခြင်းကို ဆက်လက်ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဆန္ဒ အလျောက်မိတ်ဖက်အဖြစ် ဆောင်ရွက်ရန် သဘောတူညီချက် (VPA) သည် မိတ်ဖက်နိုင်ငံ၏ ကတိ ကဝတ်များကို ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှုတိုးတက်ကောင်းမွန်စေရေး လူသိရှင်ကြား စီစစ်နိုင် ရန်အတွက် သတင်းအချက်အလက်ရရှိနိုင်စေရန် ထည့်သွင်းထားပါသည်။

မိတ်ဖက်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုအပေါ် ကတိပြုမှုများသည် VPA အဓိကစာသားနှင့် နောက်ဆက်တွဲ များ၏ နေရာတော်တော်များတွင်ပါဝင်ပါသည်။ VPAs အများစုတွင် လူသိရှင်ကြား သတင်းအချက် အလက်ထုတ်ဖော် ချက်နှင့်ပတ်သက်၍ နောက်ဆက်တွဲတစ်ခုပါလေ့ရှိပြီး ၎င်းတွင်မိတ်ဖက်နိုင်ငံမှ အများ ပြည်သူသို့ချပြမည့် သတင်းအချက်အလက်ကို စာရင်းပြုစုထားပါသည်

သတင်းအချက်အလက်ထုတ်ပြန်ခြင်းသည် သစ်တောကဏ္ဍတွင် အုပ်ချုပ်ရေးစနစ်ကိုခိုင်မာစေပြီး VPA အကောင်အထည်ဖော်ခြင်းကို စောင့်ကြည့်စစ်ဆေးရန်ထောက်ကူပါသည်။ အချို့သော VPAs များသည် VPA အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေးခြင်း နှင့် အစီရင်ခံခြင်းတွင် လွပ်လပ်သည့် စောင့်ကြည့်လေ့လာသူများ၏အခန်းကဏ္ဍကိုအသိအမှတ်ပြုပါသည်။

သို့ရာတွင် VPA စာသားနှင့် နောက်ဆက်တွဲများပါ ကတိကဝတ်များသည် VPA မှ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးသည့် နည်းလမ်းများသက်သက်မဟုတ်ပါ။ VPA လုပ်ငန်းစဉ်၏ တကယ့်သဘာဝနှင့် ဆုံးဖြတ်ချက်ချရာတွင် အားလုံးပါဝင်သည့် ချဉ်းကပ်မှုသည် နိုင်ငံ၏သစ်တောကဏ္ဍကို စေ့စေ့စပ်စပ် စစ်ဆေးခြင်း တစ်ရပ်နှင့် ထိတွေ့စေပါသည်။

VPA ဆိုင်ရာ ကိုးကားစရာများ၏ VPA မှ ပွင့်လင်းမြင်သာမှုကို မည်ကဲ့သို့ မြှင့်တင်ပေးမည်နည်းနှင့် ပတ်သက်သည့် ကဏ္ဍတွင် ဆက်လက်ဖတ်ရှုပါ ။

အခြားသတင်းအချက်အလက်

ပြင်ပအဆက်အသွယ်များ

Bollen, A. and Ozinga, S. 2013. Improving Forest Governance. A Comparison of FLEGT VPAs and Their Impact. FERN. 50pp. [PDF ဒေါင်းလုဒ်ရန်]

Global Witness.2012. Making the Forest Sector Transparent. VPA Transparency Gap Assessment 2012. [PDF ဒေါင်းလုဒ်ရန်]