VPA နှင့်သက်ဆိုင်သော နိုင်ငံ့အကျိုးဆက်စပ် ပတ်သက်သူများ
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) လုပ်ငန်းစဉ်များတွင် အမျိုးသား အဆင့် အကျိုးဆက်စပ်ပတ်သက်သူများတွင် သစ်ကုန်သွယ်မှုတွင်ပါဝင်သည့် ကုမ္ပဏီများ၊ အစိုးရများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်ရပ်ရွာလူထုများပါဝင်သည်။ VPAs နှင့်ပတ်သက်သည့်အမြင်များ၊ VPA မှ ဘာတွေရသင့်သည် ဆိုသောသဘောထားများသည် ကျယ်ပြန့်သော အကျိုးဆက်စပ်ပတ်သက် သူများအတွင်းနှင့် အကြားကွဲပြားပါသည် ("ခြားနားသောရည်မှန်းချက်များသည် အကျိုးဆက်စပ် ပတ်သက်သူများက ဖြစ်လာနိုင်သောVPAကို မည်ကဲ့သို့ရှုမြင်သည်ဆိုသည့် အချက်အပေါ် အကျိုးသက် ရောက်စေနိုင်ပါသည်" ဇယားကွက် တွင်ကြည့်ပါ) ။
ရည်မှန်းချက်များ ကွဲပြားခြားနားခြင်းသည် ဖြစ်လာနိုင်သော VPA အပေါ် အကျိုးဆက်စပ်ပတ်သက်သူများ၏ အမြင်ကို ထိခိုက်စေနိုင်သည်
အကျိုးဆက်စပ်ပတ်သက်သူများ၏ ဦးစားပေးမှုများသည် အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများ အတွင်းတွင် ရောကြားတွင်ပါ ကွဲပြားနိုင်သည်။ ဥပမာ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အကြား VPA မှ မည်သည်များပေးနိုင်မည်နည်းဆိုသည့် အချက်အပေါ်သဘောကွဲလွဲနိုင် သည်။ အောက်ပါတို့သည်အဖွဲ့ဝင်တို့မှရည် ရွယ်ထားသည်များ ဖြစ်နိုင်သည်။ အောက်ပါတို့သည်အဖွဲ့ဝင်တို့မှရည် ရွယ်ထားသည်များ ဖြစ်နိုင်သည်။
အစိုးရ | ပုဂ္ဂလိက ကဏ္ဍ | လူမှုအဖွဲ့အစည်း |
|
|
|
ရွေ့ပြောင်းနေသော ဆက်စပ်မှုများနှင့်တွန်းအားများ
အကယ်၍ VPA သည် အမှန်တကယ်အကောင်အထည်ဖော်နိုင်သကဲ့သို့ ၎င်းသည် မတူညီသော အကျိုး ဆက်စပ်ပတ်သက်သူများ၏ လိုအပ်ချက်များကိုချိန်ညှိပေးနိုင်သည့် ယုံကြည်ရသည့်သဘောတူညီချက် တစ်ခုဖြစ်လာစေရန်ရည်ရွယ်လျှင် VPA လုပ်ငန်းစဉ်သည် အကျိုးဆက်စပ်ပတ်သက် သူများကိုပါဝင် ရန်နှင့် ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ဖော်ပြခွင့်ပြုရန်ထောက်ကူရမည်။ သို့ရာတွင်အကျိုးဆက်စပ် ပတ်သက်သူများ သည် အောက်ပါတို့နှင့်ပတ်သက်၍ကွဲပြားနိုင်သည်။ ။
- ၎င်းတို့အား မည်မျှကောင်းမွန်စွာ ဖွဲ့စည်းထားသနည်း
- VPA အား ၎င်းတို့ မည်မျှနားလည်သနည်း
- ၎င်းတို့အကြား သတင်းအချက်အလက် မည်မျှစီးဆင်းသနည်း
- အားလုံးပါဝင်သည့်အဖွဲ့အားဖြင့် ၎င်းတို့သည် မည်မျှပါ၀င်သနည်း သို့မဟုတ် ကိုယ်စားပြုသနည်း
- ၎င်းတို့ မည်မျှလွယ်လွယ်ရောက်ရှိနိုင်သနည်း
- ၎င်းတို့သည် ပူးပေါင်းလုပ်ဆောင်ရန် မည်မျှစိတ်အားထက်သန်သနည်း
အစိုးရများတွင်လည်း အခြားအကျိုးဆက်စပ်ပတ်သက်သူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စိတ်အားထက်သန်မှု အနည်းအများကွဲပြားသည်။
အချို့ VPA အကျိုးဆက်စပ်ပတ်သက်သူများသည် အခွင့်အရေးများကို ကိုင်ဆောင်ထားသူ များလည်း ဖြစ်သည်။ ထိုသူတို့သည် VPA ကသက်ရောက်နိုင်သည့် အခွင့်အရေးများကို ဥပဒေအရ ကာကွယ် ထားခြင်းခံရသူများလည်း ဖြစ်ကြပါသည်။ အခွင့်အရေးကိုင်ဆောင်ထားသူများတွင် သစ်တော နှင့် ဆက်စပ်သည့် ဒေသခံပြည်သူများနှင့်၊ သို့မဟုတ် ဒေသခံတိုင်းရင်းသားများပါဝင်သည်။ အမျိုးသား အဆင့်နှင့် နိုင်ငံတကာဥပဒေများအရ ၎င်းတို့ကိုင်ဆောင်ထားသော အခွင့်အရေးများတွင် အကြံပြု ဆွေးနွေးခွင့် သို့မဟုတ် လွတ်လပ်စွာကြိုတင်အသိပေး သဘောတူညီချက်ချမှတ်ပိုင်ခွင့် များပါဝင် သည်။
အစိုးရမှအကျိုးဆက်စပ်ပတ်သက်သူများသည် သစ်တောဆိုင်ရာမူဝါဒများချမှတ်ခြင်းနှင့် သစ်တောများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဥပဒေအကျိုးသက်ရောက်စေခြင်းတွင် ပါ၀င်ပတ်သက်နေသူများဖြစ်ကြပါသည်။ ၎င်းတို့မှာ
- သစ်တောထိန်းချုပ်ရေးနှင့် ဥပဒေစိုးမိုးရေးတွင် ပါ၀င်သည့် နိုင်ငံတော်၊ စီရင်စုနှင့် ဒေသအလိုက် အာဏာပိုင်များ
- အကောက်ခွန်အရာရှိများ
- ငွေကြေးနှင့် အခွန်ကိုယ်စားလှယ်များ
- ဥပဒေအသက်၀င်ရေးအတွက် ပတ်၀န်းကျင်၊ ကျန်းမာရေးနှင့် အလုပ်သမားအရာရှိများ
- တရားရေးဌာန ကိုယ်စားလှယ်များ
- ကုန်သွယ်ရေးနှင့် စက်မှုကိုယ်စားလှယ်များ
- နိုင်ငံခြားရေး ကိုယ်စားလှယ်များ
အစိုးရများသည် အဆင့်အမျိုးမျိုးတွင် လုပ်ငန်းမျိုးစုံလည်ပတ်နေပြီး အကျိုးအမျိုးစုံရှိနေနိုင်သည်။ အစိုးရ၏ VPA လုပ်ငန်းစဉ်အတွက် ရပ်တည်ကာကွယ်ပေးမှုသည်သစ်တောကဏ္ဍပြင်ပမှဖြစ်နေနိုင်သည်။ ဥပမာ ဘဏ္ဍာရေးဝန်ကြီးဌာနသည် သစ်တောကဏ္ဍအတွင်းဘဏ္ဍာငွေများ ဆုံးရှုံးမှုများနှင့်ပတ်သက် သည့်စိုးရိမ်မှုများကြောင့် VPA လုပ်ငန်းစဉ်အတွင်း ပူးပေါင်းပါဝင်လာနိုင်သည်။ VPA သည် ရာဇဝတ်မှု ကျူးလွန်နေသော အဖွဲ့များကို အားနည်းစေသောကြောင့် ဥပဒေအကျိုးသက်ရောက်စေရေးအဖွဲ့များသည် VPA ကို အထောက်အပံ့ပေးလာ နိုင်သည်။ သို့ရာတွင် အချို့အစိုးရကိုယ်စားလှယ်များသည် VPA ကိုကန့်ကွက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် VPA သည်၎င်းတို့၏ကဏ္ဍကိုတိုးတက် ကောင်းမွန် ရန်ကြိုးပမ်းမှုများကြောင့် အာဏာအခြေခံကို လျော့ကျစေလေ့ရှိပြီး တရားမဝင်သော ဝင်ငွေရလမ်း ပြတ်တောက် သွားနိုင်သောကြောင့် ဖြစ်သည်။
VPA ဆိုင်ရာ ကိုးကားစရာများမှ နိုင်ငံတော်အစိုးရအကျိုးဆက်စပ်ပတ်သက်သူများနှင့်ပတ်သက်သည့် ကဏ္ဍတွင် ပိုမိုဖတ်ရှုပါ။
ပုဂ္ဂလိကကဏ္ဍအကျိုးဆက်စပ်ပတ်သက်သူများတွင် သစ်တောကဏ္ဍမှ အကျိုးအမြတ်ရနေသော ကုမ္ပဏီ များနှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းပါဝင်သည်။ ၎င်းတို့မှာ
- ပိုင်ရှင်များ၊ သစ်ထုတ်ခွင့်များ(သို့)သစ်တောပိုင်ဆိုင်ခွင့်များ၊ ပုဂ္ဂလိက ပါမစ်ကိုင်ဆောင်သူများ၊ သစ်တောစိုက်ခင်းပိုင်ရှင်များ၊ ရပ်ရွာလူထုနှင့် အိမ်ထောင်စုများ
- အချောထည်ထုတ်လုပ်သည့် ကုမ္ပဏီများ
- သစ်သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများနှင့် ကုန်သည်များ
- သစ်နှင့် သစ်ထုတ်ကုန်များ ဝယ်သူ၊ရောင်းသူ၊တင်သွင်းသူ၊တင်ပို့သူများ
- အလွတ်သဘော အခန်းကဏ္ဍ
- ပရိဘောဂပြုလုပ်သူများကဲ့သို့ လက်မှုပညာသည်များ
ပုဂ္ဂလိကကဏ္ဍသည် အလွန်ကျယ်ပြန့်သော အကျိုးဆက်စပ်ပတ်သပ်သူများဖြစ်ပြီး မတူညီသော အစီအစဉ်များ၊ ရှုထောင့်များနှင့် VPA ထောက်ခံမှုမှာ သိသားထင်ရှားစွာ ကွဲပြားခြားနားကြသည်။
VPA ဆိုင်ရာ ကိုးကားစရာများမှ နိုင်ငံတော်အစိုးရအကျိုးဆက်စပ်ပတ်သက်သူများနှင့်ပတ်သက်သည့် ကဏ္ဍတွင် ပိုမိုဖတ်ရှုပါ။
အရပ်ဖက်လူမှုအဖွဲ့အစည်းမှအကျိုးဆက်စပ်ပတ်သက်သူများ တွင် နေထိုင်မှုနှင့် အသက်မွေးဝမ်းကြောင်း မှုသည် သစ်တောနှင့်ချိတ်ဆက်နေသူများနှင့် သစ်တောမူဝါဒအကျိုးသက်ရောက်ခြင်း ခံနေရသူများပါဝင် သလို ဆင်းရဲမွဲတေမှု၊ အခွင့်အရေးများ သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကဲ့သို့သော ကျယ်ပြန့်သည့် အကြောင်းအရာများအပေါ် စိတ်ဝင်စားမှုရှိသည့်အဖွဲ့အစည်းများလည်းပါဝင်ပါသည်။ အရပ်ဖက် လူမှုအဖွဲ့ အစည်းမှ အကျိုးဆက်စပ်ပတ်သက် သူများတွင် အောက်ပါတို့ပါဝင်သည်။
- သစ်တောဆက်စပ်သည့်ဒေသခံပြည်သူများ သို့မဟုတ် သစ်တောအား မှီခိုနေရသူများ
- မူလနေထိုင်ခဲ့သောလူမျိုးနွယ်စုများ
- ရိုးရာဓလေ့ဆိုင်ရာအာဏာပိုင်များ
- သစ်တောနှင့်ပတ်သက်သည့် ကိစ္စများနှင့် လူအခွင့်အရေးကိစ္စများကို အကြံပြုနေသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ
- ပတ်၀န်းကျင်ဆိုင်ရာ အဖွဲ့များ
- အလုပ်သမားသမဂ္ဂ
အချို့ VPA နိုင်ငံများတွင် မူလနေထိုင်ခဲ့သောလူမျိုးနွယ်စုများသည် ပိုမိုကျယ်ပြန့်သည့် အရပ်ဖက်လူ့အဖွဲ့အစည်း ပါဝင်မည့်လမ်းကြောင်းများထက် ကိုယ်ပိုင်အုပ်စုဖွဲ့ချင်ကြသည်။
VPA ဆိုင်ရာ ကိုးကားစရာများမှ နိုင်ငံတော်အစိုးရအကျိုးဆက်စပ်ပတ်သက်သူများနှင့်ပတ်သက်သည့် ကဏ္ဍတွင် ပိုမိုဖတ်ရှုပါ။
အချို့သောအကျိုးဆက်စပ်ပတ်သက်သူများသည် အစိုးရ၊ ပုဂ္ဂလိက သို့မဟုတ် အရပ်ဖက်လူမှုအဖွဲ့အစည်း တို့၏ကျယ်ပြန့်သောအမျိုးအစားများတွင်တစ်ခုထက်မကပို၍ပါဝင်နိုင်ပါသည်။ ၎င်းတို့မှာ
- ဒေသခံအဖွဲ့အစည်းနှင့် တစ်နိုင်တစ်ပိုင် အိမ်တွင်းထုတ်လုပ်သူများ
- သစ်၊ သစ်တင်ပို့ခြင်းနှင့် သစ်အချောထည်ထုတ်လုပ်သည့် ကုမ္ပဏီများတွင် လုပ်ကိုင်နေသည့်အလုပ်သမားများ
- အရွေးချယ်ခံ နိုင်ငံရေးကိုယ်စားလှယ်များ၊ ရိုးရာဓလေ့ဆိုင်ရာအာဏာပိုင်များ၊ ပါလီမန်များ၊ ပြည်တွင်းနှင့် ဒေသတွင်း ကိုယ်စားလှယ်များ
- သစ်တောနှင့် သစ်ကုန်သွယ်ရေးနှင့်ပတ်သက်သော တက္ကသိုလ်များမှ ကိုယ်စားလှယ်များ သို့မဟုတ် သုတေသနပညာရှင်များ
ဥပမာ အလုပ်သမားများသည်နစ်နာမှုများကို ၎င်းတို့၏ပုဂ္ဂလိကအလုပ်ရှင်များနှင့် အစည်းအဝေးတွင် တင်ပြခြင်းထက် အရပ်ဖက်လူမှုအဖွဲ့အစည်းကိုယ်စားပြုဖွဲ့စည်းတည်ဆောက်ပုံအောက်တွင် ပိုမိုပွင့်လင်းစွာ ဖော်ပြနိုင်သည်။ အလားတူ အိမ်တွင်းထုတ်လုပ်သူများသည် အကြီးစားပုဂ္ဂလိကလုပ်ကိုင်သူများထက် ရပ်ရွာလူထုအဖွဲ့ဝင်များ နှင့် ပိုမိုဆက်စပ်ပတ်သက်နေပါလိမ့်မည်။
နောက်ထပ်သတင်းအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
ဥရောပသမဂ္ဂ အကျိုးဆက်စပ်ပတ်သက်သူများအမျိုးသားအဆင့် ပုဂ္ဂလိက ကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများ
အမျိုးသားအဆင့် အရပ်ဖက်လူမှုအဖွဲ့အစည်း အကျိုးဆက်စပ်ပတ်သက်သူများ
ပြင်ပအဆက်အသွယ်များ
Duffield, L. and Ozinga, S. 2014. Making Forestry Fairer. A Practical Guide for Civil Society Organisations Taking Part in VPA Negotiations. FERN. 68pp. [PDF ဒေါင်းလုဒ်ရန်]