Print Friendly and PDF


VPA တွင် ပါဝင်သည့်အခြေခံကျသောအစိတ်အပိုင်းများ

ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက်များ (VPAs) အားလုံးသည်အများ နှင့်ဆိုင်သော အခြေခံကျသည့်အစိတ်အပိုင်းများကိုမျှဝေထားပါသည်။ သို့ရာတွင်သဘောတူညီချက် တစ်ခုချင်းစီ၏အသေးစိတ် များသည် အမျိုးသားအဆင့်ဥပဒေများ နှင့် အမျိုးသားအဆင့်အကျိုး ဆက်စပ်ပတ်သက်သူများ၏ ဦးစားပေးမှုများ အပေါ်တွင်လည်းအခြေခံသဖြင့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေးအခြေအနေများ အလိုက်ထူးခြားမှု ရှိနေပါသည်။

စာချုပ်တစ်ခုစီ၏ ရလဒ်များတွင်။ ။

VPA စာသားတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး ပင်မစာသားနှင့် နောက်ဆက်တွဲများဖြစ်ကာဤ ရလဒ်များ ကို ဖော်ပြထားသည်။ VPA ၏ ပင်မစာသားတွင် အခြေခံသဘောတရားများနှင့်ဖွဲ့စည်းတည်ဆောက်ပုံ များဖော်ပြထားပြီး VPAs တစ်ခုနှင့်တစ်ခုအကြား အနည်းငယ်ကွဲလွဲသည်။ VPAs များအကြား နောက်ဆက်တွဲများသည် ကွာခြားပါသည်အဘယ်ကြောင့်ဆိုသော်နိုင်ငံအလိုက် အရေးကြီးသည့် ကိစ္စရပ် များ နှင့်ပတ်သက်သည့်အသေးစိတ်များကွာခြားခြင်းကြောင့် ဖြစ်ပါသည်။

  • မိတ်ဖက်နိုင်ငံမှ VPA နှင့်အညီ လိုက်နာဆောင်ရွက်စေရန်နှင့် စောင့်ကြည့်ရန် ဥပဒေဆိုင်ရာလိုအပ်ချက်များ
  • တရားဝင်ဖြစ်မဖြစ် စစ်ဆေးအတည်ပြုခြင်း၊ သစ်နောက်ကြောင်းပြန်စစ်ဆေးခြင်းနှင့် FLEGT လိုင်စင်ထုတ်ပေးခြင်းများအတွက် လုပ်ထုံးလုပ်နည်းများ
  • လူထုအား အသိပေးသည့် စာရွက်စာတမ်းနှင့် သတင်းအချက်အလက်များ

သစ်တင်ပို့သည့်နိုင်ငံအတွင်းရှိ အကျိုးဆက်စပ်ပတ်သက်သူများအကြားစဉ်းစားဆင်ခြင်ခြင်းများသည် VPA ၏ ရည်မှန်းချက်နှင့် ပါဝင်သည့်အကြောင်းအရာများကို အဆုံးအဖြတ်ပေးသည်။ ဤစဉ်းစား ဆင်ခြင်ခြင်းများသည် VPA မိတ်ဖက်နိုင်ငံအစိုးရအနေနှင့် VPA သည်မည်သည့် ကုန်ပစ္စည်းအမျိုး အစားများအပေါ်သက်ရောက်မည်၊ ပြည်တွင်းဈေးကွက်များ ပါဝင်သင့်မသင့်နှင့်ဥပဒေ နှင့်အုပ်ချုပ်ရေး စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို မည်မျှ အထိလုပ်ဆောင်မည်ဆိုသည် တို့အားဆုံး ဖြတ်ရာတွင် အကူအညီပေးသည်။

ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်းဈေးကွက်အစီအမံများပါဝင်သော VPA ကတရားမဝင် သစ်ခုတ်ခြင်းကိုဖြစ်စေသည့် အခြေခံအုပ်ချုပ်ရေးစနစ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် မိတ်ဖက်နိုင်ငံ အစိုးရမှ ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်ထားပါသည်ဆိုသည့် ခိုင်မာသော အချက်ပေးခြင်းကိုပြုလုပ်ပါသည်။

အခြားအချက်အလက်များ

VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ

VPA ရလဒ်များ

VPA စာသားနှင့် နောက်ဆက်တွဲများ