VPA နှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်သူများ
မိတ်ဖက်နိုင်ငံအစိုးရအများစုသည် VPA လုပ်ငန်းစဉ်ကို ညှိနှိုင်းရန် နိုင်ငံအဆင့်အဓိကဆက်သွယ် ဆောင်ရွက်မှု တစ်ရပ်ကို တည်ထောင်ပါသည်။ အဓိကဆက်သွယ်ဆောင်ရွက်မှုတစ်ရပ်သည် တစ်သီး ပုဂ္ဂလ သို့မဟုတ် တည်ဆောက်ပုံ တစ်ခုလည်းဖြစ်နိုင်ပြီး အစိုးရအေဂျင်စီအတွင်း သို့မဟုတ် ပြင်ပမှလည်း ဖြစ်နိုင်သည်။ အစိုးရများ သည် VPA ဆွေးနွေးခြင်းများမစတင်မီ သို့မဟုတ် လုပ်ဆောင်နေစဉ်အတွင်း အဓိကဆက်သွယ် ဆောင်ရွက်သူ များကို ဖော်ထုတ်နိုင်သည်။ အဓိကဆက်သွယ်ဆောင်ရွက်သူများသည် အကောင်အထည်ဖော်သည့် အဆင့်တွင် VPA လုပ်ငန်းစဉ်ကို ဆက်လက်ညှိနှိုင်းနိုင်ပါသည်။
- ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် အစိုးရသည် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ အစိုးရ အမှုထမ်းအား VPA National Coordinating Committee ၏ အတွင်းရေးမှူး ရုံးအဖြစ်လုပ်ငန်းများလည်ပတ်ရန် အဓိကဆက်သွယ်ဆောင်ရွက်သူအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းအစိုးရ အမှုထမ်းသည် လုပ်ငန်းစဉ်၏ အုပ်ချုပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများကို ကိုင်တွယ်ခဲ့ပြီး ၎င်းတွင်လက်ထောက်တစ်ယောက် ရှိသည်။
- ဂါနာ တွင် အစိုးရသည် Forestry Commission မှအစိုးရအမှုထမ်းတစ်ဦးကို လက်ရှိတာဝန် များအပြင် အဓိကဆက်သွယ်ဆောင်ရွက်သူအဖြစ်ခန့်အပ်ခဲ့သည်။
- အင်ဒိုနီးရှားတွင် တရားဝင် VPA ဆွေးနွေးပွဲများမစတင်မီ သစ်တောဝန်ကြီးဌာနသည် အစိုးရ အမှုထမ်း ၁၂ ဦးပါသည့်အဖွဲ့ကို အဓိကဆက်သွယ်ဆောင်ရွက်သူအဖြစ်ထမ်းဆောင်ရန် တရားဝင် သတ်မှတ်ခဲ့သည်။ ၎င်းအဖွဲ့သည် ဝန်ကြီးဌာနများနှင့် အခြားသက်ဆိုင်သော အစိုးရအေဂျင်စီ များအကြား VPA နှင့်ပတ်သက်သည့် အသိတိုးမြှင့်ရန် နှင့် ဆွေးနွေးရန်အလုပ် များကို ဆောင်ရွက်ပါသည်။ ၎င်းအဖွဲ့သည် အင်ဒိုနီးရှား၏ရပ်တည်ချက် ကိုထောက်ခံရန် အရေးကြီး သောကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့ခြင်း၊ အစိုးရနှင့်အခြား အကျိုး ဆက်စပ်ပတ်သက် သူများအကြား အလုပ်များကို ညှိနှိုင်းပေးခဲ့ခြင်း နှင့်ဆွေးနွေးပွဲများစတင်ရန် ဆုံးဖြတ်ချက်ကို ဦးဆောင်မည့်အလွှာစုံမှအကျိုးဆက်စပ်ပတ်သက်သူများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ စနစ်တကျစီစဉ်ခဲ့ခြင်းများပြုလုပ်ခဲ့ပါသည်။
- လာအိုနိုင်ငံ တွင်ကြိုတင်ဆွေးနွေးညှိနှိုင်းသည့်အဆင့်အစပိုင်းတွင် အဓိကဆက်သွယ် ဆောင်ရွက် သူကို ခန့်အပ်ခဲ့သည်။ အလွှာစုံမှအကျိုးဆက်စပ်ပတ် သက်သူများပါသော ဖွဲ့စည်းတည်ဆောက်ပုံ တွင် ဝန်ကြီး ဌာန ၃ ခု၊ ပုဂ္ဂလိကကဏ္ဍ နှင့် အရပ်ဖက်လူမှုအဖွဲ့များ ပါဝင်ခဲ့ပါသည်။
- လိုင်ဘေးရီးယား သည် လွတ်လပ်ပြီး အဖွဲ့ဝင် ၄ ဦးပါဝင်သည့် နည်းပညာရပ်ဆိုင်ရာ အတွင်းရေးမှူး ရုံးအဖွဲ့ကို VPA လုပ်ငန်းစဉ်တွင်လွယ်ကူချောမောစေရန် တည်ထောင်ခဲ့ပါသည်။ ဆွေးနွေးခြင်းများ ပြီးဆုံးခဲ့သည့် အခါ အစိုးရသည် နည်းပညာဆိုင်ရာအတွင်းရေးမှူးအား ဆွေးနွေးပွဲများပြီးဆုံးခြင်း နှင့် အတည်ပြုပြဌာန်းခြင်းအကြား ကြားဖြတ်ကာလတစ်လျှောက်လုံး VPA ကြိုတင်အကောင်အထည်ဖော် ခြင်းအလုပ်များကိုညှိနှိုင်းရန်တာဝန်ပေးခဲ့သည်။ အတည်ပြု ပြဌာန်းခြင်းပြီးသည့်နောက် ပူးတွဲအကောင် အထည်ဖော်သည့် ကော်မတီသည် လုပ်ငန်းစတင် လည်ပတ်ခဲ့သည်။
အခြားအချက်အလက်များ
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍ များ
အမျိုးသားအဆင့် VPA အကောင်အထည်ဖော်ရေးဖွဲ့စည်းတည်ဆောက်ပုံများ
အမျိုးသားအဆင့် VPA ဆွေးနွေးညှိနှိုင်းခြင်း ဖွဲ့စည်းတည်ဆောက်ပုံများ