VPA တည်ဆောက်ပုံများ
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) လုပ်ငန်းစဉ်များသည် ဆွေးနွေးညှိနှိုင်းသူများနှင့် အခြားအကျိုးဆက်စပ်ပတ်သက်သူများကို အခြားကိစ္စများအပြင် အသစ် သို့မဟုတ် လက်ရှိဖွဲ့စည်း တည်ဆောက်ပုံများနှင့် ဆွေးနွေးပွဲများတွင် အောက်ပါတို့ကို ဖြစ်ပေါ်စေရန် ရင်ကြားစေ့ပေးပါသည်။
- သတင်းအချက်အလက်နှင့် အမြင်များမျှဝေရန်
- အကြောင်းအရာများကိုဆွေးနွေးရန်
- ဆွေးနွေးခြင်း အခြေအနေများနှင့် ရပ်တည်ချက် စာတမ်းများ ဖြစ်ပေါ်လာစေရန်
- VPA တွင် ပါဝင်သည့်အကြောင်းအရာများကိုဆွေးနွေးညှိနှိုင်းရန်
- VPA ကဏ္ဍများကို အကောင်အထည်ဖော်ရန်
အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ သို့မဟုတ် သစ်ကုန်သည်အသင်းများ၏ ကိုယ်စားပြုဖွဲ့စည်းတည် ဆောက်ပုံ များကဲ့သို့သော အချို့ VPA ဖွဲ့စည်းတည်ဆောက်ပုံများသည် သီးခြားအကျိုးဆက်စပ် ပတ်သက်သည့် အဖွဲ့များ၏အဖွဲ့ဝင်များကို စုစည်းပါသည်။ နည်းပညာဆိုင်ရာ ဦးဆောင် ကော်မတီများနှင့် အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းသည့်အဖွဲ့များကဲ့သို့သော အခြား VPA ဖွဲ့စည်းတည် ဆောက်ပုံများ သည် အလွှာစုံမှ အကျိုးဆက်စပ်ပတ်သက်သူများအဖွဲ့ဝင်အဖြစ် ပါဝင်ပါသည်။
VPA လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်သည့်သစ်တင်ပို့သည့်နိုင်ငံများ၏အစိုးရများသည် VPA ဖွဲ့စည်း တည်ဆောက်ပုံအား အမျိုးသားအဆင့်အကျိုးဆက်စပ်ပတ်သက်သူများ၏ မတူညီသည့် အကျိုး ကိစ္စများကို ဖြည့်ဆည်းပေးရန်မည်ကဲ့သို့စနစ်တကျစီစဉ်ရမည်ကိုဆုံးဖြတ်သည်။ ဆွေးနွေးညှိနှိုင်းရေး ကော်မတီကဲ့သို့ အချို့သော VPA ဖွဲ့စည်းတည်ဆောက်ပုံများသည် အမျိုးသားအဆင့်ဖြစ်ပြီး ပူးတွဲ အကောင်အထည်ဖော်ရေးကော်မတီကဲ့သို့ အချို့ VPA ဖွဲ့စည်းတည်ဆောက်ပုံများသည် နှစ်ဦးနှစ်ဖက် ပါဝင်သောတည်ဆောက်ပုံမျိုးဖြစ်သည်။
အခြားသတင်းအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
အမျိုးသားအဆင့် VPA ဆွေးနွေးခြင်း ဖွဲ့စည်းတည်ဆောက်ပုံများ
အမျိုးသားအဆင့် VPA အကောင်အထည်ဖော်ရေး ဖွဲ့စည်းတည်ဆောက်ပုံများ
အမျိုးသားအဆင့် VPA အကျိုးဆက်စပ်ပတ်သက်သူများ၏ ဖွဲ့စည်းတည်ဆောက်ပုံများ