VPA စာသားနှင့် နောက်ဆက်တွဲများ
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) သည် EU နှင့် မိတ်ဖက်နိုင်ငံ တို့၏ ကတိကဝတ်များကိုဖော်ပြသည်။ VPA တစ်ခုစီတွင် အပိုင်း ၂ ပိုင်းပါဝင်ပြီး ၎င်းတို့မှာ အဓိက စာသားနှင့် နောက်ဆက်တွဲများဖြစ်ကြသည်။ VPA ၏ ဆွေးနွေးညှိနှိုင်းခြင်းအဆင့်သည် အစိတ်အပိုင်း တစ်ခုစီတွင် ပါဝင်မည့် သတင်းအချက်အလက်ကို အဆုံးအဖြတ်ပေးသည်။
VPA အဓိကစာသား
VPA အဓိကစာသားသည် ပါဝင်သည့်အဖွဲ့တိုင်း၏ အဓိကတာဝန်ဝတ္တရားများနှင့်သဘောတူညီချက် အကောင်အထည်ဖော်ရာတွင် အချင်းချင်းမည်သို့အပြန်အလှန်ဆောင်ရွက်မည်ဆိုသည်ကို ရှင်းပြထား သည်။ စာသားသည်ပုံမှန် အားဖြင့် ၁၅ မျက်နှာခန့်ရှိပြီး VPAs များအကြား အနည်းငယ်ကွဲလွဲမှုရှိသည်။ စာသားတွင် အပိုဒ်ခွဲ ၃ဝ ခန့်ပါဝင်ပြီး အသေးစိတ်အနေဖြင့်
- သဘောတူညီချက်၏ ရည်ရွယ်ချက်များနှင့် အတိုင်းအတာ
- ဝေါဟာရများ၏ အဓိပ္ပါယ်များ
- ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီကဲ့သို့ တည်ဆောက်ပုံများ အကောင်အထည်ဖော်ခြင်း၏ လုပ်ငန်းတာ၀န်များ
- သဘောတူညီချက်၏ မတူညီသောရှုထောင့်များ နောက်ကွယ်မှ အခြေခံသဘောတရားများ
- သဘောတူညီချက်စတင်အာဏာသက်ရောက်ခြင်းနှင့် ပါ၀င်သည့်အဖွဲ့များမှ ပြင်ဆင်ခွင့်၊ ဆိုင်းငံ့ခွင့်၊ ထပ်တိုးခွင့်နှင့် အဆုံးသတ်ခွင့်များအတွက် စည်းကမ်းချက်များ
အချို့အပိုဒ်ခွဲများသည် အသေးစိတ်ဖော်ပြထားသည့် VPA နောက်ဆက်တွဲများအား စာချုပ်ပါအချက်များအတိုင်း သက်ဆိုင်ရာနိုင်ငံအလိုက် သတ်မှတ်ရေးဆွဲထားခြင်းဖြစ်သည်။
VPA နောက်ဆက်တွဲများ
နောက်ဆက်တွဲများသည် VPA တွင်ပါသည့် အဓိကကတိကဝတ်ပြုမှုများကို အကောင်အထည်ဖော်ခြင်း အတွက် လက်တွေ့ကျသောအဆင့်များကို အသေးစိတ်ဖော်ပြထားပါသည်။ နောက်ဆက်တွဲများတွင် နိုင်ငံအလိုက် သတင်းအချက်အလက်များကိုဖော်ပြထားပါသည်။ ဥပမာအားဖြင့်
- VPA အရ မိတ်ဖက်နိုင်ငံမှ လေ့လာစောင့်ကြည့်မည့် ဥပဒေများ
- စာချုပ်နှင့် အကျုံးဝင်သည့် ထုတ်ကုန်များ
- တရား၀င်ဖြစ်မှုကို ဆန်းစစ်ခြင်း၊ သစ်စစ်ဆေးခြင်းနှင့် FLEGT လိုင်စင်ထုတ်ပေးခြင်းအတွက် အသုံးပြုမည့် နည်းပညာဆိုင်ရာ စနစ်များ
- VPA အကောင်အထည်ဖော်ရာတွင် ပါ၀င်မည့် အစိုးရ ဌာနများ၊ အေဂျင်စီများနှင့် ၎င်းတို့၏ တာ၀န်များ
- သတင်းအချက်အလက်နှင့် စာရွက်စာတမ်းများကို လူထုအား အသိပေးခြင်းနှင့် မည်ကဲ့သို့ ပြုလုပ်မည်ဆိုသည့် ဆောင်ရွက်ချက်များ
နောက်ဆက်တွဲအရေအတွက်မှာ VPAs များအကြားကွဲပြားပါသည်။ VPAs အများစုတွင်အောက်ပါ နောက်ဆက် တွဲများပါလေ့ရှိသည်။
- ထုတ်ကုန်အမျိုးအစားနှင့်ပတ်သက်သည့် နောက်ဆက်တွဲ
- တရားဝင်ဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်းနှင့်ပတ်သက်သည့် နောက်ဆက်တွဲ
- တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်နှင့်ပတ်သက်သည့် နောက်ဆက်တွဲ
- FLEGT လိုင်စင်ရရှိထားသည့် သစ်ထုတ်ကုန်များတင်သွင်းခြင်းဆိုင်ရာ EU လုပ်ထုံး လုပ်နည်း များနှင့်ပတ်သက်သည့် နောက်ဆက်တွဲ
- FLEGT လိုင်စင်များနှင့်ပတ်သက်သည့်နောက်ဆက်တွဲ
- လွတ်လပ်သောစာရင်းစစ်ခြင်းနှင့်ပတ်သက်သည့် နောက်ဆက်တွဲ
- တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ် အကဲဖြတ်ခြင်း စံများနှင့် ပတ်သက်သည့် နောက်ဆက်တွဲ
- အကောင်အထည်ဖော်ခြင်း အစီအစဉ်နှင့် ပတ်သက်သည့်နောက်ဆက်တွဲ
- တွဲဖက်ပါဝင်သော အစီအမံများနှင့် ပတ်သက်သည့်နောက်ဆက်တွဲ
- အများပြည်သူသတင်းအချက်အလက်နှင့် ပတ်သက်သည့်နောက်ဆက်တွဲ
- ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီနှင့် ပတ်သက်သည့်နောက်ဆက်တွဲ
တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်နှင့် ဆက်စပ်နေသည့် နောက်ဆက်တွဲများ
VPAs အားလုံးတွင် တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်နှင့် ပတ်သက်သည့်နောက်ဆက်တွဲ တစ်ခုပါရှိသည်။ သို့ရာတွင် ၎င်းနောက်ဆက်တွဲသည် စနစ်၏သစ်ခြေရာခံခြင်း၊ ထိန်းချုပ်ခြင်းနှင့် အတည်ပြုခြင်း ရှုထောင့် များအပေါ်အာရုံစိုက်လေ့ရှိပါသည်။ ယနေ့အထိ VPAs အများစုတွင် တရားဝင် သစ်ဖြစ်ကြောင်းအာမခံသည့်စနစ် ၏ တရားဝင်ခြင်းအဓိပ္ပါယ်ဖွင့်ဆိုမှုကဲ့သို့သော အခြားအခြေခံ ကျသည့် အစိတ်အပိုင်းများ နှင့်ပတ်သက်သည့် သတင်းအချက်အလက်များသည် အခြား နောက်ဆက်တွဲ များ တွင်ပါလေ့ရှိသည်။ သို့ရာတွင် လိုင်ဘေးရီးယားတွင်မူ တရားဝင်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုမှု၊ သစ်ခြေရာခံခြင်း နှင့် ထိန်းချုပ်ခြင်းတို့သည် နောက်ဆက်တွဲတစ်ခုတည်းတွင် ထည့်သွင်း ထားသည်။
VPAs များအားကြည့်ရှုခြင်း
ဇယား ၁ တွင် မိတ်ဖက်နိုင်ငံတစ်ခုစီ၏ VPA များတွင်ပါ၀င်သည့် အဓိကအကြောင်းအရာများနှင့် ဆက်စပ်နေသည့် အပိုဒ်ခွဲများနှင့် နောက်ဆက်တွဲများကို ဖော်ပြထားသည်။
ဇယား ၁ အဓိကခေါင်းစဉ်များနှင့် ဆက်စပ်နေသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံစီ၏ VPA များတွင်ပါဝင်သည့် အပိုဒ်ခွဲများနှင့် နောက်ဆက်တွဲများကို ဖော်ပြထားသည်။
အကြောင်းအရာ | ||||||
ကုန်ပစ္စည်းအမျိုးအစား | နောက်ဆက်တွဲ ၁ | နောက်ဆက်တွဲ ၁ | နောက်ဆက်တွဲ ၁ | နောက်ဆက်တွဲ ၁ | နောက်ဆက်တွဲ ၁ | နောက်ဆက်တွဲ ၁ |
တရားဝင်ဖြစ် ကြောင်းအဓိပ္ပါယ် ဖွင့်ဆိုချက် | အပိုဒ်ခွဲ ၈ | အပိုဒ်ခွဲ ၇ | အပိုဒ်ခွဲ ၇ | အပိုဒ်ခွဲ ၂ | အပိုဒ်ခွဲ ၇ | အပိုဒ်ခွဲ ၇ |
နောက်ဆက်တွဲ ၂ | နောက်ဆက်တွဲ ၂ | နောက်ဆက်တွဲ ၂ | နောက်ဆက်တွဲ ၂ | နောက်ဆက်တွဲ ၂ | နောက်ဆက်တွဲ ၂ | |
တရားဝင်သစ် ဖြစ်ကြောင်း အာမခံသည့် စနစ်ခြေရာခံခြင်းနှင့် ထိန်းအုပ်ခြင်း | အပိုဒ်ခွဲ ၉ နောက်ဆက်တွဲ ၃ | အပိုဒ်ခွဲ ၈ နောက်ဆက်တွဲ ၅ | အပိုဒ်ခွဲ ၈ နောက်ဆက်တွဲ ၅ | အပိုဒ်ခွဲ ၇ အပိုဒ်ခွဲ ၁၀ နောက်ဆက်တွဲ ၅ | အပိုဒ်ခွဲ ၈ နောက်ဆက်တွဲ ၂ | အပိုဒ်ခွဲ ၈ အပိုဒ်ခွဲ ၉ နောက်ဆက်တွဲ ၃ |
FLEGT လိုင်စင်ရရှိထားသည့် သစ်ထုတ်ကုန်များတင်သွင်းခြင်းဆိုင်ရာ EU လုပ်ထုံး လုပ်နည်း များနှင့်ပတ်သက်သည့် နောက်ဆက်တွဲ | အပိုဒ်ခွဲ ၆ နောက်ဆက်တွဲ ၄ | အပိုဒ်ခွဲ ၅ နောက်ဆက်တွဲ ၃ | အပိုဒ်ခွဲ ၅ နောက်ဆက်တွဲ ၃ | အပိုဒ်ခွဲ ၅ အပိုဒ်ခွဲ ၈ နောက်ဆက်တွဲ ၃ | အပိုဒ်ခွဲ ၅ နောက်ဆက်တွဲ ၃ | အပိုဒ်ခွဲ ၅ နောက်ဆက်တွဲ ၄ |
FLEG လိုင်စင် | အပိုဒ်ခွဲ ၄ အပိုဒ်ခွဲ ၇ နောက်ဆက်တွဲ ၅ | အပိုဒ်ခွဲ ၃ အပိုဒ်ခွဲ ၄ အပိုဒ်ခွဲ ၆ နောက်ဆက်တွဲ ၄ | အပိုဒ်ခွဲ ၃ အပိုဒ်ခွဲ ၆ နောက်ဆက်တွဲ ၄ | အပိုဒ်ခွဲ ၄ အပိုဒ်ခွဲ ၆ နောက်ဆက်တွဲ ၄ | အပိုဒ်ခွဲ ၃ အပိုဒ်ခွဲ ၄ အပိုဒ်ခွဲ ၆ နောက်ဆက်တွဲ ၄ | အပိုဒ်ခွဲ ၃ အပိုဒ်ခွဲ ၄ အပိုဒ်ခွဲ ၆ နောက်ဆက်တွဲ ၅ |
လွတ်လပ်သောစာရင်းစစ်ခြင်း | အပိုဒ်ခွဲ ၁၁ နောက်ဆက်တွဲ ၆ | အပိုဒ်ခွဲ ၁၀ နောက်ဆက်တွဲ ၆ | အပိုဒ်ခွဲ ၁၀ နောက်ဆက်တွဲ ၆ | အပိုဒ်ခွဲ ၁၅ နောက်ဆက်တွဲ ၆ | အပိုဒ်ခွဲ ၁၁ နောက်ဆက်တွဲ ၅ | အပိုဒ်ခွဲ ၁၁ နောက်ဆက်တွဲ ၆ |
တရားဝင်ဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ် အကဲဖြတ်ခြင်းစံများ | နောက်ဆက်တွဲ ၈ | နောက်ဆက်တွဲ ၇ | နောက်ဆက်တွဲ ၇ | နောက်ဆက်တွဲ ၈ | နောက်ဆက်တွဲ ၆ | နောက်ဆက်တွဲ ၇ |
အကောင်အထည်ဖော်ခြင်းအစီအစဥ် | အပိုဒ်ခွဲ ၁၄ နောက်ဆက်တွဲ ၉ | အပိုဒ်ခွဲ ၁၄ နောက်ဆက်တွဲ ၈ | အပိုဒ်ခွဲ ၁၄ နောက်ဆက်တွဲ ၈ | အောက်ခြေမှတ်ချက်ကိုကြည့်ပါ* | အပိုဒ်ခွဲ ၁၄ နောက်ဆက်တွဲ ၇ | အပိုဒ်ခွဲ ၁၄ နောက်ဆက်တွဲ ၈ |
တွဲဖက်ပါဝင်သော အစီအမံများ | အပိုဒ်ခွဲ ၁၅ နောက်ဆက်တွဲ ၁၀ | အပိုဒ်ခွဲ ၁၅ နောက်ဆက်တွဲ ၉ | အပိုဒ်ခွဲ ၁၅ နောက်ဆက်တွဲ ၉ | အပိုဒ်ခွဲ ၁၆ | အပိုဒ်ခွဲ ၁၅ နောက်ဆက်တွဲ ၈ | အပိုဒ်ခွဲ ၁၅ နောက်ဆက်တွဲ ၉ |
အကောင်အထည်ဖော်ရာတွင် အကျိုးဆက်စပ်ပတ်သက်သူများ ပါဝင်မှု | အပိုဒ်ခွဲ ၁၆ | အပိုဒ်ခွဲ ၁၆ | အပိုဒ်ခွဲ ၁၆ | အပိုဒ်ခွဲ ၁၁ နောက်ဆက်တွဲ ၅ | အပိုဒ်ခွဲ ၁၆ | အပိုဒ်ခွဲ ၁၆ |
လူမှုရေးဆိုင်ရာ အကာအကွယ်ပေးမှုများ | အပိုဒ်ခွဲ ၁၇ | အပိုဒ်ခွဲ ၁၇ | အပိုဒ်ခွဲ ၁၇ | အပိုဒ်ခွဲ ၁၂ | အပိုဒ်ခွဲ ၁၇ | အပိုဒ်ခွဲ ၁၇ |
လူထုသတင်းအချက်အလက် | အပိုဒ်ခွဲ ၂၁ နောက်ဆက်တွဲ ၇ | အပိုဒ်ခွဲ ၂၁ နောက်ဆက်တွဲ ၁၁ | အပိုဒ်ခွဲ ၂၀ | အပိုဒ်ခွဲ ၁၇ နောက်ဆက်တွဲ ၉ | အပိုဒ်ခွဲ ၂၁ နောက်ဆက်တွဲ ၉ | အပိုဒ်ခွဲ ၂၁ နောက်ဆက်တွဲ ၁၀ |
ပူးတွဲအကောင်အထည်ဖော်ရေး ကော်မတီ | အပိုဒ်ခွဲ ၁၉ နောက်ဆက်တွဲ ၁၁ | အပိုဒ်ခွဲ ၁၉ နောက်ဆက်တွဲ ၁၀ | အပိုဒ်ခွဲ ၁၉ | အပိုဒ်ခွဲ ၁၄ | အပိုဒ်ခွဲ ၁၉ နောက်ဆက်တွဲ ၁၀ | အပိုဒ်ခွဲ ၁၉ နောက်ဆက်တွဲ ၁၁ |
လွတ်လပ်သော စျေးကွက်စောင့်ကြည့်ခြင်း |
|
|
| အပိုဒ်ခွဲ ၁၅ နောက်ဆက်တွဲ ၇ |
|
|
* နောက်ဆက်တွဲအနေနှင့် မသတ်မှတ်သော်လည်း ပူးတွဲလုပ်ဆောင်ရန်အစီအစဉ်အနေဖြင့် အကောင်အထည်ဖော်ရာတွင် လုပ်ဆောင်သည်
နောက်ထပ်သတင်းအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသောကဏ္ဍများ
ပြင်ပအဆက်အသွယ်များ
Cameroon-EU VPA စာသားနှင့် နောက်ဆက်တွဲများ [ PDF ဒေါင်းလုဒ်ရန်]
Central African Republic-EU VPA စာသားနှင့် နောက်ဆက်တွဲများ [ PDF ဒေါင်းလုဒ်ရန်]
Ghana-EU VPA စာသားနှင့် နောက်ဆက်တွဲများ [ PDF ဒေါင်းလုဒ်ရန်]
Indonesia-EU VPA စာသားနှင့် နောက်ဆက်တွဲများ [ PDF ဒေါင်းလုဒ်ရန်]
Liberia-EU VPA စာသားနှင့် နောက်ဆက်တွဲများ
[ PDF ဒေါင်းလုဒ်ရန်]Republic of the Congo-EU VPA စာသားနှင့် နောက်ဆက်တွဲများ
[PDF ဒေါင်းလုဒ်ရန်] Bollen, A. and Ozinga, S. 2013. Improving Forest Governance. A Comparison of FLEGT VPAs and Their Impact. FERN. 50pp. [Download ဒေါင်းလုပ်ရန်]