Print Friendly and PDF


ကင်မရွန်း အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများ

 

ဦးဆောင်ကော်မတီ

ဦးဆောင်ကော်မတီ၏ အခန်းကဏ္ဍမှာ အကျိုးဆက်စပ်ပတ်သက်သူများနှင့်ညှိနှိုင်း၍ ဆွေးနွေး မှုဦး တည်ချက် များထွက်ပေါ်ရန်နှင့် VPA နောက်ဆက်တွဲများကို မူကြမ်းပြုစုရန်ဖြစ်သည်။ ကော်မတီ အဖွဲ့ဝင် များတွင် အောက်ပါတို့ပါဝင်ကြပါသည်။ ။

အစိုးရ။ ။ သစ်တောရေးရာဝန်ကြီးဌာန၊ သမ္မတရုံး၊ ဝန်ကြီးချုပ်ရုံး၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြင်ပဆက်ဆံရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲခြင်းနှင့် နယ်မြေစီမံခန့်ခွဲခြင်း စီးပွားရေးဝန်ကြီးဌာန နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (အကောက်ခွန်နှင့် အခွန်ဦးစီးဌာန)

ပုဂ္ဂလိကကဏ္ဍ။ ။ Cameroon Wood Supply Group၊ National Asso ciation of Young Timber Loogers နှင့် Wood Processors၊ Professional Sydicate of Insdustrial Processors နှင့် E×porters of Special Forest Products၊ General Surveillance Society မှ ကိုယ်စားလှယ်များ

အရပ်ဖက်လူမှုအဖွဲ့အစည်း။ ။ EC Forest Platform Cameroon အတွက် နေရာတစ်နေရာနှင့် ဆွေးနွေးသည့် အကြောင်းအရာအလိုက် အတွေ့အကြုံရှိသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းအတွက် နေရာတစ်နေရာ

လွှတ်တော်။ ။ ဆွေးနွေးပွဲများစတင်ပြီး တစ်နှစ်အကြာ ၂ဝဝ၈ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပါဝင်ခဲ့သည်။

ဆွေးနွေးညှိနှိုင်းရေးကော်မတီ

ဆွေးနွေးညှိနှိုင်းရေးကော်မတီ၏အခန်းကဏ္ဍမှာ VPA ကို EU နှင့် ဆွေးနွေးရန်ဖြစ်သည်။ ၎င်းတွင် ဉီးဆောင်ကော်မတီမှ ပါဝင်သည့်သူများအတိုင်းပင်ဖြစ်သော်လည်း သစ်တောရေးရာဝန်ကြီး ထပ်မံပါရှိ လာသည်။

အကျိုးဆက်စပ်ပတ်သက်သူများ၏

အကျိုးဆက်စပ်ပတ်သက်သူများ၏ ဖွဲ့စည်းတည်ဆောက်ပုံများတွင် ပုဂ္ဂလိကကဏ္ဍမှအဖွဲ့ ၄ ဖွဲ့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားပြု ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုပါဝင်သည်။