VPA လုပ်ငန်းစဉ်အတွင်း ဆက်သွယ်မှုများ
ဆက်သွယ်ခြင်းသည် ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) လုပ်ငန်း စဉ်၏ အဆင့်တိုင်းတွင်အရေးကြီးသည်။ ဆက်သွယ်ရေးလက်နက်ကိရိယာများသည် အစိုးရများအား နယ်ကျော်၍ ကမ်းလင့်ထောက်ကူခြင်းလုပ်ငန်းများကို ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ရလဒ်ကိုမျှဝေရန် ကူညီသည်။ ဆက်သွယ်ခြင်းသည် ပွင့်လင်းမြင်သာမှုရှိသောပါဝင်သည့်လုပ်ငန်းစဉ်ကို အစားမထိုးနိုင် သော်လည်း ပိုမို အားကောင်းစေပါသည်။ VPA လုပ်ငန်းစဉ်များတွင် ဆက်သွယ်ခြင်း၏ ရည်ရွယ်ချက်မှာ
- VPA လုပ်ငန်းစဉ်တွင် ပါ၀င်ရန်နှင့် အသိပညာပေးမှုကို မြှင့်တင်ပေးရန်
- ဆွေးနွေးညှိနှိုင်းခြင်းတွင် ဘုံသဘောတူညီချက် တည်ဆောက်ခြင်းကို ပံ့ပိုးဆောင်ရွက်ပေးရန်
- VPA တွင်ဖော်ပြထားသည့်အတိုင်း ပွင့်လင်းမြင့်သာမှုအတွက် ကတိပြုလုပ်ဆောင်ရန်များကို လုပ်ဆောင်ရန်
- VPA အကောင်အထည်ဖော်ခြင်းကို ပံ့ပိုးဆောင်ရွက်ရန်
- VPA ပုံရိပ်နှင့် FLEGT လိုင်စင်ရရှိထားသည့်သစ်များ (လက်မှတ်ထိုးပြီးသမျှ VPA တစ်ခုစီတွင် ဖော်ပြထားသည့် အပိုဒ်ခွဲအရ)ကို မြှင့်တင်ပေးရန်
အကြိုဆွေးနွေးညှိနှိုင်းသည့်အဆင့်
အကြိုဆွေးနွေးညှိနှိုင်းသည့်အဆင့်တွင် အစိုးရများနှင့် အခြားအကျိုးဆက်စပ်ပတ်သက်သူများသည် VPA ဆွေးနွေးပွဲပြုလုပ်သည့်အတွက်ရရှိလာမည့် အဆိုးအကောင်းနှင့်ပတ်သက်၍ အမျိုးသားအဆင့် စကားဝိုင်း များတွင် စိတ်ဝင်စားမှုနှင့်ပါဝင်ပတ်သက်မှုများကို အားပေးသည့်လုပ်ငန်းများ လက်ခံ ဆောင်ရွက်ကြပါသည်။ အလုပ်များတွင် ပြည်သူလူထုဆွေးနွေးပွဲများ၊ လွှတ်တော်တွင်ကြားနာခြင်း များ၊ လေ့လာရေး ခရီးစဉ်များ၊ မီဒီယာ ဖြန့်ထုတ်ခြင်းများ၊ ရည်မှန်းထားသော အကျိုးဆက်စပ်ပတ်သက် သူများပါဝင်သော အစည်းအဝေးများ၊ VPA လုပ်ငန်းစဉ်တွင် အကျိုးဆက်စပ်ပတ်သက်သူများ ထိတွေ့နိုင်မည့် နည်းလမ်း များပါဝင်ပါသည်။
ဆွေးနွေးညှိနှိုင်းသည့်အဆင့်
VPA ဆွေးနွေးညှိနှိုင်းခြင်းစတင်သည်နှင့် ဆက်သွယ်ရေးအလုပ်များ ပြောင်းလဲသွားသည်။ အကျိုး ဆက်စပ် ပတ်သက်သူများသည် ၎င်းတို့အဖွဲ့အကြား ထိရောက်သောဆက်သွယ်ရေးလိုအပ်သည်။ အထူး သဖြင့် ဆွေးနွေးညှိနှိုင်းခြင်း ဖွဲ့စည်းတည်ဆောက်ပုံများတွင်နေရာရရှိထားသည့် အကျိုးဆက်စပ်ပတ် သက်သူ ကိုယ်စားလှယ်များသည် သတင်းအချက်အလက်များကို ၎င်းတို့၏မဲဆန္ဒနယ်များတွင် မျှဝေနိုင်ရန် အရေးကြီးပါသည်။ အကျိုးဆက်စပ်ပတ်သက်သူကိုယ်စားလှယ်များသည် ၎င်းတို့၏မဲဆန္ဒနယ် မှ သတင်းအချက်အလက်များကို အမျိုးသားအဆင့်နှင့် နှစ်ဖက်သဘောတူဆွေးနွေးပွဲများသို့ ဖြည့်သွင်းရန် လိုအပ်သည်။ ထို့အပြင် အတွေ့အကြုံက အကြံပြုဆွေးနွေးခြင်းသည် ခြားနားသောအကျိုးဆက်စပ် ပတ်သက်သူများအကြား အပြန်အလှန်နှစ်ဦး နှစ်ဖက်ပါဝင်သောဆွေးနွေးခြင်းမျိုးဖြစ်ပါက အများဆန္ဒ ကိုမြန်မြန် နှင့် ချောချောမွေ့မွေ့ရောက်ရှိနိုင်သည်ကိုပြနေပါသည်။
ဆွေးနွေးညှိနှိုင်းသည့်အဆင့်တွင် ဆက်လက်ဖြစ်ပေါ်နေသောအမျိုးသားအဆင့်အပြန်အလှန် ဆွေးနွေးခြင်း အပြင် အစိုးရများသည် ပြည်သူများအား သတင်းအချက်အလက်များမျှဝေရန် လက်နက်ကိရိယာ အမျိုးမျိုး ကိုအသုံးပြုပါသည်။ ၎င်းတို့မှာ
- အစိုးရမှ မည်သည်ကို ဆွေးနွေးညှိနှိုင်းနည်းနေသနည်းကို ရှင်းပြထားသည့် အတိုချုပ် မူဝါဒများ ထုတ်ဝေခြင်း
- ၀က်ဘ်ဆိုက်များ ဖန်တီးခြင်း
- ‘aides-mémoires' သို့မဟုတ် ဆွေးနွေးခြင်း ကဏ္ဍ၏ အခြား အကျဉ်းချုပ်များ ထုတ်ဝေခြင်း
- မီဒီယာအား သတင်းပေးရန် အကျိုးဆက်စပ်ပတ်သက်သူများ အတိုချုပ်ရှင်းလင်းခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း
- ရေဒီယိုနှင့် TV အစီအစဉ်များ ဖွဲ့စည်းပြီး အသိပညာပေးခြင်းမြှင့်တင်ရန်နှင့် အကြောင်းအရာများ ဆွေးနွေးရန်
အကောင်အထည်ဖော်သည့်အဆင့်
အကောင်အထည်ဖော်သည့်အဆင့်တွင် VPA တစ်ခု၏စာသား သို့မဟုတ် နောက်ဆက်တွဲများတွင် အကြမ်းဖျဉ်းဖော်ပြထားသည့် အောက်ပါတို့ကဲ့သို့သောဆက်သွယ်ရေးအလုပ်များပါဝင်သည်။
- ပူးပေါင်းအကောင်အထည်ဖော်ရေး ကော်မတီ၏ ဆွေးနွေးချက်များနှင့် နှစ်ပတ်လည် အစီရင်ခံစာများ၏ မှတ်တမ်း မှတ်ရာများကို ထုတ်ပြန်ခြင်း
- လွတ်လပ်သောကြားနေစာရင်းစစ်ထံမှ အစီရင်ခံစာကို အများပြည်သူသိရှိအောင်ပြုလုပ်ခြင်း
- အကျိုးဆက်စပ်ပတ်သက်သူများအား VPA အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်ကို တောက်လျောက် သတင်းပေးရန် ယန္တရား
- တရားဝင်သစ်ဖြစ်ကြောင်းအာမခံသည့်စနစ်ကို လိုက်နာစေရန် အကျိုးဆက်စပ်ပတ်သက်သူများအား ကူညီနိုင်မည့် ထိန်းကြောင်းမှုများ ဆောင်ရွက်ခြင်း
- အများပြည်သူသတင်းအချက်အလက်နှင့် ပတ်သက်သည့်VPA နောက်ဆက်တွဲတွင် ဖော်ပြထား သော အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်မည့် ဝက်ဘ်ဆိုက်များ ဖန်တီးခြင်း
- ကုန်စည်ပြပွဲ၊ မီဒီယာ လုပ်ငန်းများနှင့် အခြားသော ဈေးကွက်နည်းစနစ်များ အသုံးပြုပြီး FLEGT လိုင်စင်ရရှိထားသည့်သစ်များကို EU တွင် ကုန်သွယ်ရေးတိုးမြှင့်ပေးခြင်း
- တယ်လီဗေးရှင်းနှင့် ရေဒီယိုထုတ်လွင့်ချက်များဖြင့် အသိပညာပေးမှု တိုးမြှင့်ခြင်း
- သစ်တောအုပ်ချုပ်မှု တိုးတက်စေရန် နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို နိုင်ငံတကာနှင့်ဆက်သွယ်ခြင်း
ဆက်သွယ်ရေး မဟာဗျူဟာများ
အချို့သောနိုင်ငံများသည် ဆက်သွယ်ရေး မဟာဗျူဟာများ သို့မဟုတ် အစီအစဉ်များကို လုပ်ဆောင်ကြသည်။
ကွန်ဂိုသမ္မတနိုင်ငံတွင် တွဲဖက်ပါ၀င်သောဆောင်ရွက်မှု အစီအမံများနှင့် ပတ်သက်သည့် VPA နောက် ဆက်တွဲတွင် ယင်းကဲ့သို့ စီမံချက် တစ်ခုထည့်သွင်းခဲ့သည်။ ၎င်းစီမံချက်သည် ပစ်မှတ်ထားသည့် ပရိတ် သတ်များ၊ ဆက်သွယ်ရေး နည်းလမ်းများနှင့် အမှာစကားများကို ဖော်ထုတ်ထားပါသည်။ ဆက်သွယ်ရေး များသည် VPA ဆိုင်ရာ အသိနှင့်၎င်း၏အကျိုးကျေးဇူးများကို တိုးမြှင့်ပေးပြီး သဘောတူညီချက် ကိုအကောင်အထည်ဖော်ရာတွင် အကျိုးဆက်စပ်ပတ်သက်သူများညှိနှိုင်းဆောင်ရွက်ရေးကို အားကောင်း စေရန်ကြိုးစားထားပါသည်။
EU-အင်ဒိုနီးရှား VPA တွင် နှစ်ဖက်တို့သည် ပူးတွဲ အကောင်အထည်ဖော်ရေးကော်မတီအတွက် ပူးတွဲ ဆက်သွယ်ရေး မဟာဗျူဟာကို သဘောတူညီခဲ့ပြီး အထူးသဖြင့် အင်ဒိုနီးရှား၏ FLEGT လိုင်စင် ချဉ်းကပ်ခြင်းတွင် အလွန်အရေးပါခဲ့သည်။