Print Friendly and PDF


ဂါနာ အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများ

ဦးဆောင်ကော်မတီ

ဦးဆောင်ကော်မတီသည် VPA လုပ်ငန်းစဉ်ကိုကြီးကြပ်ခဲ့ပြီး အကျိုးဆက်စပ်ပတ် သက်သူကိုယ် စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် ဆွေးနွေးမှုဦးတည်ချက်များကို ဖြစ်ပေါ် စေခဲ့ပါသည်။ ၎င်း၏ အဖွဲ့ဝင်များမှာ။

အစိုးရ။ ။ အစိုးရ အေဂျင်စီများနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် ၈ ဦး

ပုဂ္ဂလိကကဏ္ဍ။ ။ Ghana Timber Millers Organization မှ ကိုယ်စားလှယ် ၂ ဦး

အရပ်ဖက်လူမှုအဖွဲ့အစည်း။ ။ ကိုယ်စားလှယ် ၂ ဦး (Forest Watch Ghana မှ တစ်ဦးနှင့် ပိုမိုကျယ်ပြန့်သော အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားပြုသူ တစ်ဦး)

လုပ်ငန်းအဖွဲ့များ

နည်းပညာလုပ်ငန်းအဖွဲ့ ၄ ဖွဲ့သည် အောက်ပါ VPA ဆွေးနွေးပွဲ၏ အဓိကကျသောအစိတ်အပိုင်းများ နှင့် ပတ်သက်၍ ထောက်ခံအကြံပြုခဲ့ပါသည်။

  • တရား၀င်ဖြစ်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်
  • တရားဝင်ဖြစ်ကြောင်းအဓိပ္ပါယ်ဖွင့်ဆိုချက်
  • တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ်
  • ပြည်တွင်းဈေးကွက်

၅ ခုမြောက်အလုပ်အဖွဲ့သည် အခြားအဖွဲ့များမှ အကြံပြုချက်များကို ကျိုးကြောင်းဆီ လျော်သောဘောင် အဖြစ် စုစည်းခဲ့ပါသည်။

အလုပ်အဖွဲ့တစ်ခုစီတွင် အဓိကကျသည့်အကျိုးဆက်စပ်ပတ်သက်သူများ (အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဖက်လူမှုအဖွဲ့ အစည်း) အဖွဲ့ ၃ ဖွဲ့ မှ အနည်းဆုံး ကိုယ်စားလှယ်တစ်ဦးစီပါဝင်သည်။

VPA အတွင်းရေးမှူးရုံးအဖွဲ့

VPA အတွင်းရေးမှူးရုံးအဖွဲ့သည် VPA လုပ်ငန်းစဉ်အား ညှိနှိုင်းဆောင်ရွက်ခြင်းနှင့်နည်းပညာဆိုင်ရာ အထောက်အပံ့တို့ပေးခဲ့ပါသည်။ ဤအဖွဲ့တွင် အတွင်းရေးမှူးရုံးအဖွဲ့ကို ရုံးဖွဲ့ခွင့်ပေးထားသည့် Forestry Commission မှ ဝန်ထမ်း ၃ ဦးအဖွဲ့ဝင်အဖြစ်ပါဝင်ပါသည်။

အခြားသတင်းအချက်အလက်