ကွန်ဂို အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများ
ဆွေးနွေးညှိနှိုင်းရေးကော်မတီ
ဆွေးနွေးညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များမှာ သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီး၊ အစိုးရကိုယ်စားလှယ် ၉ ဦး၊ ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ် ၂ ဦးနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုယ်စားလှယ် ၃ ဦးတို့ဖြစ်ကြသည်။
ဦးဆောင်ကော်မတီ
ဉီးဆောင်ကော်မတီ၏ အခန်းကဏ္ဍမှာ အကျိုးဆက်စပ်ပတ်သက် သူများနှင့် ညှိနှိုင်းပြီး ဆွေးနွေးမှုရပ်တည်ချက် များထွက်ပေါ်ရန် နှင့် VPA နောက်ဆက်တွဲများကို မူကြမ်းရေးဆွဲရန်ဖြစ်သည်။ နောက်ဆက်တွဲအများစုကို ကော်မတီအဖွဲ့ဝင်အနည်းငယ်ပါသောအဖွဲနှင့့် ပြင်ပကျွမ်းကျင်ပညာရှင်များ မူကြမ်းရေးဆွဲခဲ့ပါသည်။ ကော်မတီသည် အပတ်စဉ်တွေ့ဆုံခဲ့ပြီး ၎င်း၏အစီရင်ခံစာများကို လုပ်ငန်း စဉ်တွင်ပါဝင်သည့် အကျိုးဆက်စပ်ပတ်သက်သူများနှင့် မျှဝေသည်။ ကော်မတီအဖွဲ့ဝင်ခြင်းသည် ဆွေးနွေး ညှိနှိုင်းရေးကော်မတီ၏ အဖွဲ့ဝင်ခြင်းနှင့်တူညီပြီး ခြွင်းချက်အနေဖြင့် သစ်တောရေးရာဝန်ကြီးဌာန ဝန်ကြီးမပါဝင်ပါ။
အထွေထွေ ညီလာခံ
အထွေထွေညီလာခံ၏အခန်းကဏ္ဍမှာ ဦးဆောင်ကော်မတီမှဆွေးနွေးမှုကော်မတီအတွက် နှစ်ဦးနှစ်ဖက်ပါ ဝင် သောဆွေးနွေးပွဲများတွင်အသုံးပြုရန်ပြုစုထားသည့် စာရွက်စာတမ်းများကို အကဲဖြတ် ရန်နှင့် တရားဝင်အောင် ပြုလုပ်ရန်တို့ဖြစ်သည်။ အဆိုပါအထွေထွေညီလာခံတွင် ခန့်မှန်းခြေအားဖြင့် ပုဂ္ဂလိက၊ အရပ်ဖက်နှင့် အုပ်ချုပ်ရေး မှ အဖွဲ့ဝင်စုစုပေါင်းခန့်မှန်းခြေအားဖြင့် ၁ဝဝ ခန့်ရှိပါသည်။