လုပ်နိုင်စွမ်းအား မြှင့်တင်ခြင်း
တရား၀င်သစ်နှင့် သစ်ထွက်ပစ္စည်းကုန်သွယ်ရေးကို တိုးမြှင့်ပေးရန် အစိုးရနှင့် အကျိုးဆက်စပ်ပတ်သက်သူများတွင် အောက်ပါ စွမ်းရည်များ ရှိရမည်။ ။
- တရားဥပဒေစိုးမိုးရေး
- ပြည်သူလူထုအား တာ၀န်ခံခြင်း
- သစ် ခြေရာခံခြင်းနှင့် ကုန်စည်ဖြန့်ဖြူးရေးကွင်းဆက် ထိန်းချုပ်ခြင်း
- ဥပဒေရေးရာလိုအပ်ချက်များကို နားလည်ခြင်းနှင့် လိုက်နာခြင်း
- တရား၀င်သစ်ဖြစ်ကြောင်းကို စစ်ဆေးခြင်း
သို့သော် ၎င်းစွမ်းရည်များသည် သစ်တင်ပို့သည့်နိုင်ငံများတွင် ပျောက်ဆုံးနေလေ့ရှိပြီး တရားမ၀င် သစ်ခုတ်ခြင်းကို ဆက်လက်တည်ရှိနေစေသည်။
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) လုပ်ငန်းစဉ်များသည် စွမ်းဆောင်ရည် ကွာဟချက်များကို ဖော်ထုတ်ပေးရုံမက ၎င်းကွာဟချက်များကိုလည်းပဲ ဖြည့်ဆည်းရာတွင် ကူညီပေးပါသည်။ စွမ်းဆောင်ရည်ကို VPA လုပ်ငန်းစဉ်ကာလတစ်လျောက် တည်ဆောက်ခြင်း သို့မဟုတ် VPA ပါ စာသားနှင့် နောက်ဆက်တွဲများတွင် အဖွဲ့အဝင်များကပြုလုပ်သော ကတိကဝတ်များ မှတဆင့် လည်းဖြစ်လာနိုင်သည်။ ယနေ့အထိ VPAs အများစုသည်မိတ်ဖက်နိုင်ငံများက ဖြည့်ဆည်းရန် လိုအပ် သည့် စွမ်းဆောင်ရည်ကွာဟချက်များရှိနေသည့် နယ်ပယ်များကို ဖော်ပြထားပြီးဖြစ်ပါသည်။ VPA ဆိုင်ရာ ကိုးကားစရာများ၏ VPA မှ စွမ်းရည်မည်ကဲ့သို့ အားဖြည့်ပေးနိုင်သနည်းနှင့် ပတ်သက် သည့် အခန်းကဏ္ဍတွင် ဆက်လက်ဖတ်ရှုပါ။
အခြားအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသောကဏ္ဍများ
စွမ်းဆောင်ရည်ကို VPA မှ မည်ကဲ့သို့ အားဖြည့်ပေးနိုင်သနည်း။
VPA အကျိုးဆက်စပ်ပတ်သက်သူများအား ထောက်ပံ့ခြင်း