Print Friendly and PDF


VPA လုပ်ငန်းစဉ်များ

သစ်တင်ပို့သည့်နိုင်ငံနှင့် EU တို့သည် ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) ကိုလုပ်ငန်းစဉ်များ၏ချိတ်ဆက်ထားသောအစုများမှတဆင့် အဆင့်ဆင့်ဖြစ်ပေါ်စေပါသည်။ ၎င်းအဆင့်များတွင် EU နှင့် သစ်တင်ပို့သည့်နိုင်ငံအကြားနှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ၊ သစ်တင်ပို့ သည့်နိုင်ငံ၏ အကျိုးဆက်စပ်ပါဝင်ပတ်သက်သူအဖွဲ့များအတွင်း နှင့် အကြားအမျိုးသားအဆင့် ညှိနှိုင်းဆွေးနွေးပွဲများ ပါဝင် ပါသည်။

နှစ်ဦးနှစ်ဖက်ပါဝင်သောညှိနှိုင်းဆွေးနွေးမှုများသည် VPA ကိုတရားဝင်ဖြစ်စေသော်လည်း အမျိုးသား အဆင့် ဆွေးနွေးပွဲများသည် သဘောတူညီချက်ပါအချက်များကိုပုံဖော်ပေးပါသည်။ ကုန်သွယ် ရေးသဘော တူညီချက် အများစုနှင့်မတူသည့် အချက်မှာ VPA ကိုဆွေးနွေးညှိနှိုင်းသည့် ကာလတစ်လျှောက်လုံး EU နှင့် သစ်တင်ပို့ သည့်နိုင်ငံတို့သည်ပြိုင်ဖက်များမဟုတ်ကြပါ။ ၎င်းအစား နှစ်ဖက်တို့သည် ဘုံရည်ရွယ်ချက် ဖြစ်သည့် တရားမဝင် သစ်ခုတ်ခြင်းကို တိုက်ဖျက်ရန်အတွက် အတူတကွ အလုပ်လုပ်နေကြခြင်းဖြစ်သည်။

VPA ဈေးကွက်အတွင်း ယုံကြည်မှုရရှိစေရန်အတွက် EU ဘက်မှ တင်သွင်းသူများအား FLEGT လိုင်စင်ကို တရားဝင်သစ်များအတွက်သာထုတ်ပေးသည်ဟူသောအာမခံချက်ပေးရမည်။ EU မှ VPA လုပ်ငန်းစဉ်များကို ကျယ်ပြန့်သော အကျိုးဆက်စပ်ပတ်သက်သူများပူးပေါင်းဆောင်ရွက်ခြင်းနှင့် အမျိုးသားအဆင့် အကျိုးဆက်စပ် ပတ်သက်သူများမှ ဖော်ထုတ်သည့်ပြဿနာများကို ဖြေရှင်းခြင်းတို့ဖြင့် တစ်မျိုးသားလုံးပိုင်ဆိုင်ပြီး၊ ယုံကြည်ရသည့် VPA တစ်ခု တည်ထောင်ရန်နှင့် ရေရှည်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ပါသည်။

သစ်တင်ပို့သည့်နိုင်ငံ၏မျှော်မှန်းချက်များမှာ တိုင်းပြည်အခြေအနေနှင့် အကျိုးဆက်စပ်ပတ်သက်သူများကို စိုးရိမ်စေသည့်အရေးတကြီးကိစ္စရပ်များ အပေါ်တွင်မူတည်သည်။ VPA လုပ်ငန်းစဉ်အတွက် အသေးစိတ် အစီအစဉ်မရှိပါ။ VPA လုပ်ငန်းစဉ်အတွက် အသေးစိတ် အစီအစဉ်မရှိပါ။ VPA ၏ ပြောင်းလွယ်ပြင်လွယ်သောပုံစံသည် အကျိုးဆက်စပ်ပတ်သက် သည့်သူများအား ၎င်းတို့၏သီးခြားလိုအပ်ချက်များအပေါ်မူတည်၍ သဘောတူညီချက်ရေးဆွဲစေပြီး ၎င်း သဘောတူစာချုပ်ကို အကောင်အထည်ဖော်ရန် သင့်လျော်သော လမ်းပြမြေပုံရေးဆွဲရန် ခွင့်ပြုခြင်းဖြစ် သည်။

VPA လုပ်ငန်းစဉ်သည် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းသောကြောင့် မကြုံစဖူးသော လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။ VPA လုပ်ငန်းစဉ်သည် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များအား စီးပွားရေး၊ လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များကို ပံ့ပိုးသည့် တရားဝင်သစ်တောနှင့်ပတ်သက်သည့်လုပ်ငန်းများကိုမည်ကဲ့သို့မြှင့်တင်မည်နည်းနှင့်ပတ်သက်သည့်အများ ဆန္ဒကို ရရှိရန် အထောက်အကူပြုပါသည်။

ယနေ့အချိန်အထိ တွေ့ကြုံခဲ့ရသော အတွေ့အကြုံများက အချို့သောအုပ်ချုပ်ရေးစနစ်စိန်ခေါ်မှုများသည် ဖြေရှင်းရန် အချိန်ယူရတတ်သည်ကိုပြနေပါသည်။ ဆွေးနွေးညှိနှိုင်းသည့်အဆင့်သည်ယုံကြည်မှုရှိပြီး ရလဒ် များ ဖော်ဆောင်နိုင်ဖွယ်ရှိရေးသေချာစေရန်အချိန်ယူရတတ်သည်။ အမှန်တကယ်လုပ်ဆောင်သည့် အချိန် တွင်လည်း အကောင်အထည် ဖော်သည့်အဆင့် များမှာ ကျယ်ပြန့်ပြီး ပေါ်ပေါက်လာသော စိန်ခေါ်မှုအသစ် များကိုလည်း တုန့်ပြန်ဖြေရှင်းရသည်။

VPA အကောင်အထည်ဖော်ခြင်းသည် နိုင်ငံတော်အဆင့်ဦးဆောင်ခြင်းဖြစ်ပြီး ပြင်ပမှရန်ပုံငွေဖြင့် လည်ပတ်ခြင်း မဟုတ်သောကြောင့် ၎င်းသည် ခိုင်မာသောအမျိုးသားရေး ကတိကဝတ်ရှိရန် လိုအပ်သည်။ VPA လုပ်ငန်းစဉ်တွင် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန် စိန်ခေါ်မှုများကြုံတွေ့လာနိုင်သည်။ ထို့ကြောင့် VPAs အား ယခုမှစတင်မည့် နိုင်ငံသစ် များအတွက် ခိုင်မာပြီးယခင်ကထက်ပိုမိုမြန်ဆန်သည့် လုပ်ငန်းစဉ်မျိုးဖြစ်စေရန် EU မှ နည်းလမ်းများရှာဖွေလျက် ရှိသည်။

FLEGT လိုင်စင်ထုတ်ပေးခြင်းသည် VPA လုပ်ငန်းစဉ်၏အရေးပါသောရည်မှန်းချက်ပန်းတိုင်တစ်ရပ်ဖြစ် သော်လည်းနောက်ဆုံးအဆင့်မဟုတ်ပါ။ အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲခြင်း၊အကျိုးသက်ရောက်မှုစောင့် ကြည့်စစ်ဆေးခြင်း၊တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်အတွက် တိုးတက်ကောင်းမွန်စေခြင်း များနှင့်အခြားလုပ် ဆောင်မှုများဆက်လက်ရှိနေပါမည်။

နောက်ထပ်သတင်းအချက်အလက်