VPA အကျိုးဆက်စပ်ပတ်သက်သူများ
မည်သည့်လုပ်ငန်းစဉ် သို့မဟုတ် အလုပ်တွင်ပါဝင်နေသည့် အကျိုးဆက်စပ်ပတ်သက်သူများမှာအဆိုပါ လုပ်ငန်းစဉ်သို့မဟုတ် အလုပ်၏အကျိုးသက်ရောက်မှုခံရသော လူများ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်း များဖြစ်သည်။ သစ်တောများတွင် ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်အလိုက် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုတန်ဖိုးများရှိသည်။
VPA လုပ်ငန်းစဉ်များ၏ အတွေ့အကြုံများအရ သစ်တင်ပို့သည့်နိုင်ငံများနှင့် EU တွင် အကျိုးဆက်စပ်ပတ်သက်သူများမှာ အစိုးရများ၊ ပုဂ္ဂလိက ကုမ္ပဏီများ၊ အရပ်ဖက်လူမူအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တိုင်းရင်းသားများပါ၀င်သည်။
သစ်ထွက်ကုန်ပစ္စည်းများ၏ တရားဝင်ဖြစ်မှုနှင့်ပတ်သက်၍ အကျိုးဆက်စပ်ပတ်သက်သည့် အဖွဲ့များ အတွင်း နှင့် အကြားတွင်ဦးစားပေးမှုများ၊ စွမ်းဆောင်ရည်များနှင့်အမြင်များ အမြောက်အမြား ရှိသည်။ VPA လုပ်ငန်းစဉ်များ ၏ အဓိကစိန်ခေါ်မှုမှာမတူညီမှုများကို တံတားခင်းပေးပြီးကျယ်ပြန့်သော ထောက်ခံမှုကို မြှင့်တင်ပေးရန် ဖြစ်သည်။
ထို့ကြောင့် EU နှင့် မိတ်ဖက်နိုင်ငံ အကျိုးဆက်စပ်ပတ်သက်သူများသည် VPA အနေနှင့် ခိုင်မာပြီး ယုံကြည်ရမှုကို သေချာစေရန် အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပေါ်စေရေး EU မှ အကြံပြုခြင်းဖြစ်သည်။
VPA ဆိုင်ရာကိုးကားစရာများ၏ VPA နှင့်သက်ဆိုင်သော နိုင်ငံ့အကျိုးဆက်စပ်ပတ်သက်သူများ နှင့် ဥရောပသမဂ္ဂမှ အကျိုးဆက်စပ်ပတ်သက်သူများတွင် ဆက်လက်ဖတ်ရှုပါ။
နောက်ထပ်သတင်းအချက်အလက်
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
ဥရောပသမဂ္ဂ အကျိုးဆက်စပ်ပတ်သက်သူများ
VPA အကောင်အထည်ဖော်နေသော နိုင်ငံရှိအကျိုးဆက်စပ် ပတ်သက်သူများ
နိုင်ငံတော်အစိုးရ အကျိုးဆက်စပ်ပတ်သက်သူများ
အမျိုးသားအဆင့် ပုဂ္ဂလိက ကဏ္ဍမှ အကျိုးဆက်စပ်ပတ်သက်သူများ
အမျိုးသားအဆင့် အရပ်ဘက်လူ့အဖွဲ့အစည်း အကျိုးဆက်စပ်ပတ်သက်သူများ
VPA အကျိုးဆက်စပ်ပတ်သက်သူများအား ထောက်ပံ့ပေးခြင်း
;