ဥရောပသမဂ္ဂ အကျိုးဆက်စပ်ပတ်သက်သူများ
VPA ဆိုင်ရာ ကိုးကားစရာများ၏ ဤကဏ္ဍတွင် ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPA) လုပ်ငန်းစဉ်တွင် ဥရောပသမဂ္ဂ (EU) မှ အကျိုးဆက်စပ်ပတ်သက်သူများ၊ ၎င်းတို့၏ အခန်းကဏ္ဍနှင့် မျှော်လင့်သော ရလဒ်တို့ကို ဖော်ပြထားသည်။
EU အဖွဲ့အစည်းများနှင့် အခြားအဖွဲ့များ
အောက်ပါ EU အဖွဲ့အစည်းများနှင့် အခြားအဖွဲ့များတွင် VPA လုပ်ငန်းစဉ်အတွင်း ၎င်းတို့၏ အခန်းကဏ္ဍများရှိသည်။
ဥရောပသမဂ္ဂကောင်စီ။ ကောင်စီသည် ဥရောပသမဂ္ဂ၏ အဓိကဆုံးဖြတ်ချက်ချသည့်အဖွဲ့ဖြစ်သည်။ ၎င်းတွင် EU အဖွဲ့ဝင်နိုင်ငံများမှ အစိုးရဝန်ကြီးများပါဝင်သည်။ ၂ဝဝ၃ ခုနှစ်တွင် ကောင်စီမှ သစ်တော ဥပဒေ အကျိုးသက်ရောက်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် ကုန်သွယ်ရေး (FLEGT) လုပ်ငန်းစီမံချက်ကိုအတည်ပြုခဲ့သည်။
၂ဝဝ၅ ခုနှစ်တွင်ကောင်စီမှ FLEG စည်းမျဉ်းများကိုချမှတ်ခဲ့ပြီး ဥရောပကော်မရှင်ကို သစ်တင်ပို့သည့်နိုင်ငံ များနှင့် VPAs ဆွေးနွေးညှိနှိုင်းခွင့်ပြုခဲ့သည်။ ကောင်စီသည် ဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ ဥရောပကော်မရှင် ကိုလမ်းညွန်းမှုပေးခဲ့သည်။ EU ၏အနှစ်ချုပ်မှတ်တမ်းတစ်စုံတွင် ဤလမ်းညွန်းမှုကို အကျဉ်းချုပ်ရေးသားထားသည်။ VPA ဆွေးနွေးညှိနှိုင်းခြင်းပြီးဆုံးသောအခါ အတည်ပြုလက်မှတ် ရေးထိုးခြင်းလုပ်ငန်းစဉ် စတင်ပါသည်။ ကောင်စီသည် EU ၏ကိုယ်စားနှင့် ဥရောပပါလီမန်မှ သဘောတူညီချက်ရပြီးနောက် VPA စီစစ်အတည်ပြုခြင်း ကိုအဆုံးသတ်ရန် ဆုံးဖြတ်ချက်ချသည်။ မိတ်ဖက်နိုင်ငံမှ အတည်ပြုခြင်းနှင့်အတူ ဤဆုံးဖြတ်ချက်သည် VPA ကိုဥပဒေအရ ချည်နှောင်မှု ပြုလုပ်ပါသည်။
ဥရောပ ပါလီမန်။ VPA လုပ်ငန်းစဉ်များအား နည်းမျိုးစုံဖြင့် လွှမ်းမိုးနေသော ဥရောပပါလီမန်၏ အဖွဲ့ဝင်များကို EU နိုင်ငံသားများမှ ရွေးချယ်တင်မြှောက်သည်။ တင်ပြလာသော VPAs များကို ဥရောပပါလီမန်မှ သုံးသပ်ပြီး သဘောတူညီမှုများအဆုံးသတ်ရန် ဥရောပသမဂ္ဂကောင်စီကို သဘောတူညီမှု ပေးသည်။ ဥရောပပါလီမန်သည် VPAs အကောင်အထည်ဖော်ရာတွင်ဖြစ်ပေါ်လာသော တိုးတက်မှုများကို လည်း ပြန်လည်သုံးသပ်ပြီး အဆိုပြုလာ သော ပြင်ဆင်မှုများကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးပါသည်။
VPA လုပ်ငန်းစဉ်အတွင်း အကျိုးဆက်စပ်ပတ်သက်သူများပါဝင်ရေးနှင့်လုပ်ငန်းစဉ်သည် အကျိုး ဆက်စပ် ပတ်သက်သူများ၏စိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်ရေးတို့ကို သေချာစေရန်ဥရောမ အဖွဲ့ဝင်များ သည် မေးခွန်းများမေးနိုင်ပါသည်။ ဥရောပပါလီမန်၏ အဖွဲ့ဝင်များသည် VPA နှင့် ပတ်သက်သည့် အကျိုးဆက်စပ်ပတ်သက် သူများနှင့်အစည်းအဝေးများတွင် အပြန်အလှန်ဆက်သွယ်ကြ ပါသည်။
ထိုကဲ့သို့အစည်းအဝေးတစ်ခုမှာဖွံ့ဖြိုးရေးလုပ်ဆောင်နေသည့် ဥရောပပါလီမန်ကော်မတီမှ စီစဉ်သည့် ၂ဝဝ၆ ခုနှစ်တွင် တရားမဝင်သစ်ခုတ်ခြင်းအပေါ် ကြားနာခြင်းဖြစ်ပါသည်။ ဟောပြောသူများတွင် Silas Siakor (လိုင်ဘေးရီးယားရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူ၏ ဒါရိုက်တာ) နှင့် Kyeretwie Opoku (ဂါနာနိုင်ငံမှ သစ်တော စောင့်ကြည့်ရေး အမှုဆောင် ဒါရိုက်တာ) တို့ပါဝင်ကြပါသည်။ အချိန်မှစ၍ လိုင်ဘေးရီးယားနှင့် ဂါနာနှစ်နိုင်ငံလုံးသည် VPA ဆွေးနွေးညှိနှိုင်းခြင်းများ ပြီးဆုံးခဲ့ပြီး ယခုအခါ VPAs များကို အကောင်အထည် ဖော်နေကြပြီဖြစ်ပါသည်။
ဥရောပကော်မရှင်။ ဥရောပကော်မရှင်သည် ဥရောပသမဂ္ဂ၏စီမံခန့်ခွဲရေးလက်ရုံးဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်နေသော ကိစ္စရပ်များစွာရှိပြီး ကော်မရှင်အနေနှင့် FLEGT စည်းမျဉ်းများနှင့် ဥရောပ သမဂ္ဂသစ်နှင့် သက်ဆိုင်သည့် စည်းမျဉ်းများကဲ့သို့သော ဥပဒေပြုရေးအဆိုပြုချက်များကို ဥရောပသမဂ္ဂနှင့် ဥရောပပါလီမန်တို့မှ ပြဌာန်းနိုင်ရန် တင်ပြပေးရသည်။ ဥရောပကော်မရှင်သည် EU ကိုယ်စား VPA ဆွေးနွေးညှိနှိုင်းခြင်းများကို ဦးဆောင်သည်။ ဥရောပကော်မရှင်သည် အကျိုးဆက်စပ်ပတ်သက်သူမှ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံသော၊ အမှန်တကယ် လုပ်ကိုင်နိုင်သည့် အားကောင်းသော VPAs များကို ရယူပါသည်။ သို့မှသာ EU အဖွဲ့ဝင်နိုင်ငံများမှ လက်ခံသလို၊ ဥရောပသမဂ္ဂ၏ ကောင်စီမှအတည်ပြု ပြဌာန်းနိုင်မည်ဖြစ်ပါသည်။ VPA လုပ်ငန်းစဉ်များအတွင်း ကော်မရှင်သည် ဥရောပသမဂ္ဂ ကောင်စီနှင့် ဥရောပပါလီမန်အား နောက်ဆုံးအခြေအနေများကို ရှင်းပြရသည်။
EU ကိုယ်စားလှယ်အဖွဲ့များ။ EU ကိုယ်စားလှယ်အဖွဲ့များသည် EU မိတ်ဖက်နိုင်ငံများတွင် EU ၏ တရားဝင်ကိုယ်စားလှယ်များဖြစ်ကြသည်။ ဥရောပကော်မရှင်မှ VPA ဆွေးနွေးညှိနှိုင်းခြင်းများကို EU အတွက် ဦးဆောင်နေစဉ် EU ကိုယ်စားလှယ်အဖွဲ့များသည် VPA ၏ အကောင်အထည်ဖော်သည့်အဆင့်ကာလတစ်လျှောက်တွင်ဦးဆောင်ပါသည်။ သို့ရာတွင် EU ကိုယ်စားလှယ်အဖွဲ့များမှ ကိုယ်စားလှယ်များ သည် ဆွေးနွေးညှိနှိုင်းခြင်းအဆင့်ကာလတစ်လျှောက် အစည်းအဝေးများ သို့မဟုတ် နည်းပညာဆိုင်ရာ ပူးတွဲအစည်းအဝေးများတွင်လည်း ပါဝင်ကြသည်။
EU အဖွဲ့၀င်နိုင်ငံများ
EU အဖွဲ့ဝင်နိုင်ငံများသည် ဥရောပသမဂ္ဂကောင်စီ၏ အလုပ်သဘောဆန် သောဆွေးနွေးပွဲများမှတဆင့် ဆွေးနွေးညှိနှိုင်းခြင်းများနှင့် အကောင်အထည်ဖော်ရေး လုပ်ငန်းတိုးတက်မှု များကို ပုံမှန်ပြန်လည်သုံးသပ်လေ့ရှိသည်။ ဥရောပကော်မရှင်သည် VPA လုပ်ငန်းစဉ်တွင် ဖြစ်ပေါ် တိုးတက်နေမှုများကို EU အဖွဲ့ဝင်နိုင်ငံများအား ပုံမှန်အကြောင်းကြားလေ့ရှိပြီး VPA နှင့် ပတ်သက်သည့် အဆင့်မြင့် ပူးတွဲအစည်းအဝေးများသို့ တက်ရောက်ရန် အဖွဲ့ဝင်နိုင်ငံများကို မကြာခဏ ဖိတ်ကြားသည်။
ယနေ့အထိချုပ်ဆိုပြီးခဲ့သော VPA လုပ်ငန်းစဉ်များတွင် EU အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့များနှင့် ပူးတွဲအကောင်အထည်ဖော်ရေးကော်မတီများတွင်လည်းပါဝင်ခဲ့ကြသည်။ EU အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီသည် VPAs တွင်မတူကွဲပြားစွာပူးပေါင်းပါဝင်ကြသည်။ ပူးပေါင်း ပါဝင်မှုကို အကျိုးသက်ရောက်နေသည့်အကြောင်းအရာများမှာ
- အဖွဲ့၀င်နိုင်ငံ သို့မဟုတ် VPA မိတ်ဖက်နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲ
- အဖွဲ့၀င်နိုင်ငံနှင့် သစ်တင်ပို့သည့်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေး
- အဖွဲ့၀င်နိုင်ငံတွင် သစ်တန်ပေါင်းများစွာ လက်ခံနိုင်သည့် ဆိပ်ကမ်းရှိမရှိ
- အဖွဲ့၀င်နိုင်ငံရှိ အကျိုးဆက်စပ်ပတ်သက်သူများ၏ စိုးရိမ်မှုများ
- အဖွဲ့၀င်နိုင်ငံအတွင်း ဖွံ့ဖြိုးရေးအထောက်အကူပြုအစီအစဉ်များပေါ် အာရုံထားမှု
EU အဖွဲ့ဝင်နိုင်ငံများသည် VPA မိတ်ဖက်နိုင်ငံများမှမိတ်ဆက်သော ထိန်းချုပ်မှုများကိုအားဖြည့်ပေးမည့် ထိန်းချုပ်ရေးအစီအမံများပေါ်ပေါက်စေရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါရှိပါသည်။ ထိန်းချုပ် မှုများ တွင် FLEGT လိုင်စင်များစစ်ဆေးခြင်း၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့် FLEGT လိုင်စင်များ လက်ခံမှုကို အာဏာသက်ရောက်စေမည့် ထိန်းချုပ်မှုအစီအမံများပါဝင်ပါသည်။
EU ပုဂ္ဂလိက ကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများ
EU ၏ပုဂ္ဂလိကကဏ္ဍ အကျိုးဆက်စပ်ပတ်သက်သူများတွင် သစ်တင်သွင်းသူများနှင့်ကုန်သည်များ ပါဝင်ပါသည်။ ဥရောပသမဂ္ဂသစ်နှင့်သက်ဆိုင်သည့် စည်းမျဉ်းသည် တရားမဝင်ခုတ်လှဲ၊ တင်ပို့၊ အချော ကိုင်ထားသည့်သစ်များကို ကုန်သွယ်ခြင်းမပြုလုပ်သည့် ကုမ္ပဏီများကိုအလိုရှိပါသည်။ သစ်လုပ်ငန်းကဏ္ဍ အတွင်း EU ကုမ္ပဏီများ၏ စိုးရိမ်မှုများ မှာ
- ၎င်းတို့၏ ဂုဏ်သတင်းအပေါ် စွန့်စားရမှု
- ပစ္စည်းထောက်ပံ့ပေးသူများ၊ ဖောက်သည်များနှင့် ဆက်ဆံရေး
- မျှတသော ယှဉ်ပြိုင်မှု
- ကုန်ကျစရိတ်
- သစ်၏ယေဘူယျပုံစံ
တိုးတက်နေသောကုမ္ပဏီများတွင် ရေရှည်တည်တံ့ခြင်းနှင့်၊ သို့မဟုတ် တရားဝင်ခြင်းကိုသေချာစေရန် စနစ်များ အသင့်အသုံးပြုရန်ရှိနေပြီးဖြစ်သည်။ တိုးတက်နေသောကုမ္ပဏီများသည် အမျိုးသား ဖက်ဒရေး ရှင်းများ၏ အဖွဲ့ဝင်များဖြစ်ပြီး အဖွဲ့ဝင်များအတွက် လိုက်နာရမည့်ကျင့်ဝတ်ချမှတ်ထားသည်။ အခြား ကုမ္ပဏီများမှလည်း အလားတူစနစ်များကို အကောင်အထည်ဖော်လျက်ရှိသည်။
EU ပုဂ္ဂလိကကဏ္ဍအတွက် VPAs ၏တန်ဖိုးမှာ FLEGT လိုင်စင်သည်သစ်ကိုတရားဝင်ထုတ်လုပ်ထား ကြောင်းအသေအချာအာမခံခြင်းကိုပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် FLEGT လိုင်စင်များသည် EU တင်သွင်းသူများကို ဥရောပသမဂ္ဂ၏သစ်စည်းမျဉ်း နှင့်သက်ဆိုင်သည့် ထိုက်တန်သော လုံ့လဝီရိယ ပြုလုပ်မှုလိုအပ်ချက်များကိုရိုးရိုးရှင်းရှင်းနှင့် ဖြည့်ဆည်းနိုင်သည့်နည်းလမ်းကိုပေးပါသည်။
EU ပုဂ္ဂလိကကဏ္ဍအကျိုးဆက်စပ်ပတ်သက်သူများသည် VPA တွင်ယုံကြည်စိတ်ချရမှုရှိရန်နှင့် ၎င်းက ဖော်ပြထားသည်များကိုရရှိရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် တရားမဝင် သစ်များတင်သွင်း မိခြင်းသည် ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေခြင်းကြောင့်ဖြစ်သည်။ FLEGT လိုင်စင်ပေးခြင်းကို အဓိကနယ်ပယ် ၂ ခုတွင် လုပ်ဆောင်နိုင်ရမည်။ ပထမဦးစွာ FLEGT လိုင်စင်ပေးခြင်းသည် တရားဝင်သစ် ပုံမှန်ထောက်ပံ့ပေးခြင်းကို အပြောင်းအလဲမရှိ တစ်သမတ်တည်းပေးအပ်ရမည်။ ဒုတိယအချက် အနေနှင့် FLEGT လိုင်စင်ပေးခြင်းဖြင့် တရားမဝင်သစ်ဖြစ်ပေါ်နေသည့် သစ်တင်ပို့သည့်နိုင်ငံများတွင် အုပ်ချုပ်ရေး စနစ်စိန်ခေါ်နေမှုများကို ကူညီကိုင်တွယ်ဖြေရှင်းရမည်။
ဥရောပသစ်ကုန်သည်များအသင်းကဲ့သို့ ကုန်သွယ်မှုဆိုင်ရာ အသင်းအဖွဲ့များနှင့် ၎င်း၏အဖွဲ့၀င်များဖြစ်သည့် အမျိုးသားသစ်ကုန်သည်အသင်းများကဲ့သို့ ကုန်သည်အသင်းများသည် ဥရောပတင်သွင်းသူများအား တရား၀င်ပစ္စည်းများကိုသာ တင်သွင်းစေရန် ကူညီပေးသည်။
EU မှ သစ်တင်သွင်းသူများနှင့်ကုန်သည်များအပြင် သစ်နှင့်သစ်ထွက်ပစ္စည်းများထုတ်လုပ်နေသော အချို့သော EU အခြေစိုက်ကုမ္ပဏီများသည် သစ်တင်ပို့သည့်နိုင်ငံများတွင်လည်း လုပ်ငန်းလည် ပတ်နေကြ ပါသည်။ ဤကုမ္ပဏီများတွင် VPAs မှ ရနိုင်သည့် အလားအလာများနှင့်ပတ်သက်၍ ယှဉ်ပြိုင်သူများနှင့် ဥပဒေအရ တပြေးညီဖြစ်စေရန် စိတ်ဝင်စားမှုရှိပါသည်။
EU အရပ်ဖက်လူမှုအဖွဲ့အစည်းများ
VPAs များသည် အခွင့်အရေးများနှင့်သာတူညီမျှရေး၊ ပတ်ဝန်းကျင်နှင့်ရာသီဥတုပြောင်းလဲမှု၊ ပွင့်လင်း မြင်သာမှုနှင့် လာဘ်စားမှုအပေါ်အာရုံထားသည့် EU အရပ်ဖက်လူမှုအဖွဲ့များအတွက် စိတ်ဝင်စား မှုလည်းဖြစ်ပါသည်။ အုပ်ချုပ်ရေးစနစ်စိန်ခေါ်နေမှုများအား စုံစမ်းသည့် အစိုးရမဟုတ်သည့် အဖွဲ့ဝင် များနှင့် ဥရောပသစ်တောမူဝါဒ နှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်နေသည့်အဖွဲ့များသည်လည်း VPAs တွင်စိတ်ဝင်စားမှုရှိကြပါသည်။ အဆိုပါ အရပ်ဖက်လူမှုအဖွဲ့အစည်းများသည် အရေးကြီးသည့် ကိစ္စရပ်များ ကိုတင်ပြခြင်းနှင့် အဖြေများအဆိုပြုတင်ပြခြင်း အားဖြင့်EU နှင့် သစ်တင်ပို့သည့်နိုင်ငံ နှစ်ဖက်စလုံးရှိ VPA လုပ်ငန်းစဉ်များအား လွှမ်းမိုးထားပါသည်။ ထိုသို့ပါဝင်မှုများသည် VPA လုပ်ငန်းစဉ်များ၏ ယုံကြည်ရမှုကိုအထောက်အကူပြုပါသည်။ VPAs တွင်စိတ်ဝင်စားမှုရှိသည့် EU အရပ်ဖက်လူမှုအဖွဲ့ အစည်းများမှာ
- ClientEarth (www.clientearth.org)
- Environmental Investigation Agency (www.eia-international.org)
- FERN (www.clientearth.org)
- Forests Monitor (www.forestsmonitor.org)
- Forest Peoples Programme (www.forestpeoples.org)
- Global Witness (www.globalwitness.org)
- Greenpeace (www.greenpeace.org)
- WWF (www.wwf.org.uk)
EU ၏ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများသည် VPA မိတ်ဖက်နိုင်ငံအတွင်းမှ အကျိုးဆက်စပ် ပတ်သက် သူများကိုလည်း ထောက်ပံ့ပေးပါသည်။ အချို့အဖွဲ့များသည် VPA လုပ်ငန်းစဉ်များတွင် ပါဝင်ရန် အဆိုပါနိုင်ငံများမှ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအကျိုးဆက်စပ်ပတ်သက် သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးကြသည်။ အချို့က ၎င်းနိုင်ငံများမှ VPA အကျိုးဆက်စပ် ပတ်သက်သူများ EU တွင် ၎င်းတို့၏စိုးရိမ်မှုများကို ဖော်ပြနိုင်ရန် ထောက်ပံ့ကူညီပါသည်။ VPA ဆိုင်ရာကိုးကားစရာများ၏ VPA နှင့် အကျိုးဆက်စပ်ပတ်သက်သူများအား ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်သည့်ကဏ္ဍတွင် ကြည့်ပါ။
EU ဉာဏ်ကြီးရှင်အဖွဲ့
EU အခြေစိုက်ဉာဏ်ကြီးရှင်အဖွဲ့များ၏ VPAs နှင့် ပိုမိုကျယ်ပြန့်သည့် သစ်တောကိစ္စရပ်များအပေါ် သုတေသန ပြုလုပ်ချက်များသည် EU နှင့် သစ်တင်ပို့သည့် နိုင်ငံများတွင်ရှိ VPA လုပ်ငန်းစဉ်များနှင့် ဆုံးဖြတ်ချက်များ အတွက်လိုအပ်သောသတင်းအချက်အလက် (သို့) သုတများကိုပေးပါသည်။ ဉာဏ်ကြီး ရှင်အဖွဲ့တွင် ပါဝင်သည့် အဖွဲ့အစည်းများမှာ
- Chatham House (www.chathamhouse.org)
- Centre de coopération internationale en recherche agronomique pour le développement (CIRAD) (www.cirad.fr)
- International Institute for Environment and Development (www.iied.org)
- Overseas Development Institute (www.odi.org)
- Wageningen University and Research Centre (www.wageningenur.nl)
EU အခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့များအပြင် အမေရိကန်မှ Forest Trend (www.forest-trends.org)နှင့် World Resources Institute (www.wri.org) စသည့်အဖွဲ့များမှလည်း VPAs အပေါ်သုတေသန များပြုလုပ်လျက်ရှိသည်။
နောက်ထပ်သတင်းအချက်အလက်များ
VPA ဆိုင်ရာ ကိုးကားစရာများနှင့် ပတ်သက်ဆက်နွယ်နေသော ကဏ္ဍများ
VPA အကောင်အထည်ဖော်နေသော နိုင်ငံရှိအကျိုးဆက်စပ် ပတ်သက်သူများ