တွဲဖက်ပါ၀င်သော တိုင်းတာမှုများ၏ VPA နောက်ဆက်တွဲ
ဆန္ဒအလျောက်မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် သဘောတူညီချက် (VPAs) အများစုတွင် တွဲဖက်ပါ၀င်သော တိုင်းတာမှုများ၏ နောက်ဆက်တွဲများပါလေ့ရှိပြီး VPA အပြည့်အ၀ အကောင်အထည်ဖော်ရန်အတွက် အကျိုးဆက်စပ်ပတ်သက်သူများမှ ဖော်ထုတ်ထားသော လိုအပ်သည့် ထောက်ပံ့ပေါ်ရမည့် အတိုင်းအတာများကို ဖော်ပြထားသည်။
တွဲဖက်ပါဝင်သော ဆောင်ရွက်မှုအစီအမံများနှင့်ပတ်သက်သည့် နောက်ဆက်တွဲများသည် ရံပုံငွေ ရမရဆိုသည့် အချက်ကို ထည့်သွင်းမစဉ်းစားဘဲ နောက်ထပ်ရင်းမြစ်များလိုအပ် သည့်ဆောင်ရွက်မှုအစီ အမံများ ကို ထည့်သွင်း ထားပါသည်။ ထို့ကြောင့် တွဲဖက်ပါဝင်သောဆောင်ရွက်မှု အစီအမံများနှင့် ပတ်သက်သည့်နောက်ဆက်တွဲများသည် VPA မိတ်ဖက်နိုင်ငံအစိုးရများ ၎င်းတို့၏လိုအပ်ချက်များကို ဘောင်ခတ်ရန်နှင့် အလှူရှင်များထောက်ပံ့ပေးမှုများ ကို ပစ်မှတ်ထားလာစေရန် အကူအညီပေးသည်။
သို့ရာတွင် VPAs များသည် စနစ်များနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် မိတ်ဖက်နိုင်ငံ များ၏ငွေကြေး အထောက်အပံ့လိုအပ်ချက်ကိုအသိအမှတ်ပြုသော်လည်း VPAs သည် EU မှငွေကြေး ထောက်ပံ့ပေးမည်ဟု ကတိပေးထားခြင်းမရှိပါ။ စနစ်များနှင့်စွမ်းဆောင်ရည်မြှင့်တင်ပေးရန် အကူအညီ အထောက်အပံ့များသည် ပုံမှန် ဖွံ့ဖြိုးရေးလမ်းကြောင်းများမှသာလာနိုင်ပါသည်။ EU နှင့် EU အဖွဲ့ဝင် နိုင်ငံများတွင် ဖွံ့ဖြိုးရေးအထောက်အပံ့ များကို အသုံးပြုခြင်းနှင့် ခွဲဝေခြင်းကိုလမ်းညွန်ပေးသည့် ရှိရင်းစွဲ ဥပဒေလုပ်ထုံး လုပ်နည်းများရှိပါသည်။ VPAs များသည် အဖွဲ့ဝင်များအဆိုပါရှိရင်းစွဲ လုပ်ထုံးလုပ်နည်း များကိုအသုံးပြုပြီး လုပ်ငန်းများဆောင်ရွက်ရန်ကိုလည်း ညွှန်ကြားထားပါသည်။
တွဲဖက်ပါ၀င်သော တိုင်းတာမှုများတွင်။ ။
- VPA အကောင်အထည်ဖော်ရန် လိုအပ်သည့် ဖွဲ့စည်းပုံအသစ်နှင့် လုပ်နိုင်စွမ်း
- VPA အကောင်အထည်ဖော်ခြင်းနှင့် မဟာဗျူဟာအတွက် ရန်ပုံငွေမြှင့်တင်ခြင်း လုပ်ငန်းစဉ် ယန္တရား
- တရားဝင်ဖြစ်ကြောင်းအာမခံသည့်စနစ် နှင့် ၎င်း၏အစိတ်အပိုင်းများဖြစ်ပေါ်လာစေရန် သို့မဟုတ် ရှိရင်းစွဲစနစ်များကို တိုးတက်ကောင်းမွန်စေရန် လိုအပ်သောဆောင်ရွက်မှုအစီအမံများ
- ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ နှင့် ဥပဒေအသစ်များ အတည်ပြုပြဌာန်းခြင်း
- EU ဈေးကွက်တွင် FLEGT လိုင်စင် ထုတ်ကုန်များ အရောင်းမြှင့်တင်ခြင်း
- ပြည်တွင်းဈေးကွက်များ နှင့်သက်ဆိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် ထိန်းချုပ်မှု
- ပြည်တွင်းဈေးကွက်များနှင့်ပတ်သက်သည့် အကျိုးသက်ရောက်မှုများအပါအဝင် VPA အကောင် အထည်ဖော်ခြင်း နှင့် အကျိုးသက်ရောက်မှုများအား စောင့်ကြည့်စစ်ဆေးရန်နည်း လမ်းများ
- VPA နှင့် ၎င်းကို အကောင်အထည်ဖော်ခြင်းနှင့် အကျိုးသက်ရောက်မှုများအကြောင်းကို အကျိုး ဆက်စပ် ပတ်သက်သူများအားအသိပေးအကြောင်းကြားရန်အတွက် မဟာဗျူဟာများ